(၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်းလေးကန်တွင် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲကျင်းပ ညောင်ရွှေ ၊ ဖေဖော်ဝါရီ (၅)

Tuesday, February 6, 2024 - 17:00

၂၀၂၄ ခုနှစ်၊ ဖော်ဖော်ဝါရီလ (၇) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ရွှေမြို့နယ်၊ အေးလေးကန် ရေလယ်၌ အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာ ဘရွှေ၊ ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမင်းသိန်းဇံ၊ ဒေါက်တာ စိုးဝင်း၊ Jeng Phang နော်တောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံမှူးကြီး ဒေါက်တာ ကျန်းကျိဟုန်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဒေါက်တာအေးထွန်း၊ ဦးဇော်အေးမောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  ဖိတ်ကြားထားသူများနှင့် ဒေသခံ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ကြည့်ရှုအားပေးကြပါသည်။

အင်းသားရိုးရာလှေလှော်ပြိုင်ပွဲတွင် ဗိုလ်လုပွဲစဉ်များအဖြစ် (၂၆)တက်လှောင်ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီးအသင်းများ၊ (၄၆)တက်လှောင်ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး အသင်းများ၊ ရာကျော်လှေလှော် အမျိုးသားအမျိုးသမီးပွဲစဉ်များ ယှဉ်ပြိုင်လှော်ခတ်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော် များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ကြည့်ရှု အားပေးကြပါသည်။ ၎င်းနောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ နှစ်သိမ့်ဆု၊ ဒုတိယဆုနှင့် ပထမဆုများ ရရှိကြသည့် လှေလှော်အသင်းများအား ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံမှူးကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီး များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြပါသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် သမိုင်းဝင် အင်းလေးဖောင်တော်ဦးဘုရားသို့သွားရောက်ဖူးမျှော်ကြည်ညိုကြကာ ရွှေသင်္ကန်းနှင့် ဝတ္ထုငွေများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။