ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များမှ မိသားစုဝင်အရေအတွက်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံကောက်ယူနေကြောင်း၊ အဆိုပါကောက်ယူမှု များသည် ပြည်သူများအား အတင်းအဓမ္မ စစ်သင်တန်းတက်ခိုင်းရန်နှင့် လုံခြုံ ရေးတပ်ဖွဲ့များတွင် အင်အားဖြည့်တင်းရန်အတွက် အိမ်ရှိလူစာရင်းများကို လိုက်လံ ကောက်ယူနေခြင်းဖြစ်ကြောင်း သတင်းတု၊ သတင်းမှားများကို ပြည်သူများအား ကြောက်ရွံ့ထိတ်လန့်စေရန် လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည် ကိုတွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန် ရှိသူတစ်ဦး၏ပြောကြားချက်အရ ၎င်းမြို့နယ်တွင် နောက်ဆုံးအခြေအနေနှင့် လူဦးရေစာရင်းတိကျမှန်ကန်မှုရှိစေရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများလိုက်ပါ၍ အိမ်တည်နေရာ မှတ်တမ်းတင်ခြင်း၊ အိမ်ရှိ လူစာရင်းမှတ်တမ်းတင်ခြင်း၊ လုပ်ငန်းစဉ်များအား ပုံမှန်အတိုင်းဆောင်ရွက် နေခြင်းသာဖြစ်ပြီး တရားမဝင်ပြည်ဖျက်မီဒီယာများက နိုင်ငံတွင်း တည်ငြိမ်အေးချမ်း လျက်ရှိသည့် မြို့၊ ရွာ၊ ဒေသများမှ ပြည်သူများအား ကြောက်ရွံ့ထိတ်လန့်စေရန် သတင်းတု၊ သတင်းမှားများဖြင့် လှုံ့ဆော်ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သတင်း ရရှိပါသည်။