မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ကျောင်းထိုင်ဘုန်းတော်ကြီး သင်တန်းကျောင်းနှင့် စာသင်တိုက်တို့မှ သံဃာ တော်များ၊ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်နှင့်တောင်ငူခရိုင်တို့မှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်

Sunday, February 4, 2024 - 14:15

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ကျောင်းထိုင်ဘုန်းတော်ကြီး သင်တန်းကျောင်းနှင့် စာသင်တိုက်တို့မှ သံဃာ တော်များ၊ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်နှင့်တောင်ငူခရိုင်တို့မှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညို

နေပြည်တော် ဖေဖော်ဝါရီ ၄

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ကျောင်း ထိုင်ဘုန်းတော်ကြီး သင်တန်းကျောင်းနှင့် စာသင်တိုက်တို့မှ သံဃာတော်များ၊ ပဲခူးတိုင်း ဒေသကြီး၊ ညောင်လေးပင်ခရိုင်နှင့်တောင်ငူခရိုင်တို့မှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များသည် ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္တုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက် ဆစ်ဗုဒ္ဓ ရုပ်ပွားတော် များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ် ကြီးအား လာရောက် ဖူးမြော် ကြည် ညိုကြ သည်။

ဉီးစွာ  ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး ဂေါပကအဖွဲ့ နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် ကျွမ်းကျင် ပညာရှင်များက မာရဝိဇယဘုရား ကြီးတည်ထား ကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ် ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့် ဖြင့် အောင်မြင်စွာ တည်ထား ပူဇော်နိုင်ခဲ့မှု၊ လက်ရှိ ထိန်းသိမ်း ဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများအသုံးပြု၍ ကျောက်စာတော်များ တည်ထား ဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာအခမ်းအနားကြီးများ စည်ကားသိုက် မြိုက်စွာ ကျင်းပနိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး အောင် မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက် ခဲ့မှု ဗီဒီယိုမှတ်တမ်းကို  ပြသသည်။

ထို့နောက် ဘုရားဖူးလာအဖွဲ့ တို့က ရုပ်ပွား တော်မြတ်ကြီး အောင် မြင်စွာ တည်ထား ပူဇော်နိုင်ခဲ့မှု အခြေအနေများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များ ကို မေးမြန်း ကြပြီး ရုပ်ပွားတော် မြတ်ကြီးအား အဆင်ပြေ ချောမွေ့စွာ လာရောက်ဖူး မြော်နိုင် ရေးအတွက် စီစဉ်ဆောင် ရွက်ပေးခဲ့မှုနှင့် ရုပ်ပွား တော်မြတ်ကြီး တည် ဆောက် ပူဇော်ခဲ့မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေးစိတ် ရှင်းလင်းပြောကြားပေးမှုအပေါ် ကျေးဇူးတင် စကားများ ပြောကြားကြသည်။

ယင်းနောက် ဘုရားကြီးဘက်စုံ ပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ် လှူဒါန်းကြရာ ဘုရားဂေါပကအဖွဲ့တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေး အပ်ကြသည်။

ထို့နောက် ဘုရားဖူးလာ အဖွဲ့တို့သည် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များနှင့် အခြားသာသနိက အဆောက်အဉီများကို ဆက်လက် ဖူးမြော် လေ့လာကြည်ညိုကြသည်။

အလားတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူဘုရားဖူးပြည်သူများလည်း လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိကြကြောင်း သိရှိရသည်။