ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၌ နိုင်ငံတော်ပိုင်အဆောက်အဦ၊ ခြံစည်းရိုးအုတ်တံတိုင်းများတွင် နိုင်ငံတော်ဆန့်ကျင်ရေးရုပ်ပုံနှင့် စာသားများ လိုက်လံရေးဆွဲနေသူ အမျိုးသား ၁ ဦးအား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီး

Sunday, May 16, 2021 - 15:30

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၌ နိုင်ငံတော်ပိုင်အဆောက်အဦ၊ ခြံစည်းရိုးအုတ်တံတိုင်းများတွင် နိုင်ငံတော်ဆန့်ကျင်ရေးရုပ်ပုံနှင့် စာသားများ လိုက်လံရေးဆွဲနေသူ အမျိုးသား ၁ ဦးအား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီး

နေပြည်တော်၊ မေ ၁၆

            နိုင်ငံတော်အတွင်း ဆူပူအုံကြွမှုများဖြစ်ပေါ်စေရေးအတွက် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော် နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ အဖျက်အမှောင့် ဆောင်ရွက်လိုသူအချို့မှလည်း နိုင်ငံတော် ဆန့်ကျင်ရေးစာသားများအား အများပြည်သူသုံးလမ်းမကြီးများ၊ နိုင်ငံတော်ပိုင်နှင့်  အများပြည်သူပိုင် အဆောက်အအုံများပေါ်တွင် ရေးသားခြင်း၊ ဆန့်ကျင်ရေးစာသားပါ ဗီနိုင်းစများ၊ ပိုစတာများ၊ စာရွက် များအား ချိတ်ဆွဲခြင်း၊ လမ်းများပေါ်တွင် ဖြန့်ကြဲခြင်းတို့ဖြင့် နိုင်ငံတော်အတွင်း မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။

            ထိုသို့ဆောင်ရွက်လျက်ရှိရာ မေ ၁၅ ရက်နေ့ ည ၉ နာရီ ၅၀ မိနစ်ခန့်တွင် ဧရာဝတီတိုင်း ဒေသကြီး၊ လပွတ္တာမြို့၊ အမှတ်()ရပ်ကွက်နေ စိုးဝဏ္ဏထွဋ် (၂၁)နှစ် () ဦးမြတ်တိုး သည်  စည်ပင်သာယာလမ်း၊ လမ်းဘေးခြံစည်းရိုး၌ နိုင်ငံတော်ဆန့်ကျင်ရေး ရုပ်ပုံနှင့်စာသားများအား မှုတ်ဆေးအနက်ရောင်ဖြင့် လိုက်လံရေးဆွဲနေသည်ကို တွေ့ရှိရသဖြင့် ထိန်းသိမ်း စစ်ဆေးခဲ့ရာ ၎င်းထံမှ နိုင်ငံတော်ဆန့်ကျင်ရေးရုပ်ပုံနှင့် စာသားများပါ ဓာတ်ပုံစတေကာများနှင့် အနက်ရောင်မှုတ်ဆေးဘူး ၁ ဘူးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်တွင် ဖမ်းဆီးရမိသူ စိုးဝဏ္ဏထွဋ်အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။