မုံရွာမြို့နယ်၊ နဂါးတွင်းကျေးရွာကို ဖေဖော်ဝါရီ ၃ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင် များမှ မီးရှို့ဖျက်ဆီးနေသည့်အတွက် ၎င်းကျေးရွာအနီးရှိ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ များလည်း ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်းနှင့် မတူပီမြို့နယ်၊ ချန်းပြန်းကျေးရွာ ကိုလည်း ဖေဖော်ဝါရီ ၁ ရက်နေ့က ၎င်းကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲ တိုက်ခိုက်ခံရသောကြောင့် ချန်းပြန်းကျေးရွာကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက် ပေါ်တွင် လုပ်ကြံရေးသားဝါဒဖြန့်နေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းများနှင့် ပတ်သက်၍ နယ်မြေခံပြည်သူများ၏ ပြောကြားချက်များ နှင့် သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူများ၏ ပြောကြားချက်များအရ မုံရွာ မြို့နယ်၊ နဂါးတွင်းကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးနေသည့် ဆိုသည် မှာ သတင်းအမှားသာဖြစ်ပါကြောင်း၊ ၎င်းရက်နေ့တွင် နဂါးကျေးရွာနှင့်အနီးပတ်ဝန်းကျင် များတွင် နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်းမရှိကြောင်း သိရှိရပါသည်။ အလားတူ မတူပီမြို့နယ်၊ ချန်းပြန်းကျေးရွာအနီးတွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖေဖော်ဝါရီ ၁ ရက်နေ့က သွားရောက်ခဲ့ခြင်းမရှိကြောင်းနှင့် ၎င်းကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့သည်ဟု ရေးသားမှုမှာ လည်း လုပ်ကြံရေးသားခြင်းသာဖြစ်ကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများ၏ နိုင်ငံအား အလုံးစုံပျက်သုဉ်းရေးအတွက် သတင်းတု၊ သတင်းအမှားများကို ကြိမ်ဖန်များစွာ လုပ်ကြံရေးသားပြီး ပြည်သူများအား သတင်းအဆိပ်ခတ် ဖြန့်ဝေလျက်ရှိရာ ၎င်းတို့၏ လုပ်ကြံသတင်းအမှားများအပေါ် ပြည်သူ များ အထင်အမြင် လွှဲမှားမှုမရှိစေရန်အတွက် နိုင်ငံပိုင် သတင်းဌာနများနှင့် သတင်းစာ များတွင် သတင်းအမှန်များကို အချိန်နှင့်တစ်ပြေးညီ ပြန်လည်ထုတ်လွှင့် ပေးလျက်ရှိ ကြောင်း သတင်းရရှိပါသည်။