မတ္တရာတွင် တပ်မတော်က တစ်ရက်တည်း ရွာ ၄ ရွာကို မီးရှို့ပြီး လက်နက်ကြီးနဲ့ပစ်လို့ ထိခိုက်သူတွေရှိဟု မဟုတ်မမှန်သတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ဖေဖော်ဝါရီလ ၂ ရက်

Friday, February 2, 2024 - 15:00

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အရှေ့ခြမ်းက ကျေးရွာ ၄ ရွာကို တပ်မတော်က  မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

          ဖြစ်စဉ်နှင့်ပတ်သက်၍ နယ်မြေလုံခြုံရေးတာဝန်ရှိသူများနှင့် ဒေသခံရွာသားများ ထံက ကြားသိရသောသတင်းများအရ  အဆိုပါကျေးရွာများတွင် PDF အကြမ်းဖက်အဖွဲ့ များက ကျေးရွာတွင်းဝင်ရောက်စုဖွဲ့မှုများပြုလုပ်ကာ တပ်မတော်စစ်ကြောင်းများ နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသည်ကို ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခြင်း၊ အခွင့်မသာပါက ကျေးရွာအား မီးရှို့ထွက်ပြေးခြင်းများ လုပ်ဆောင် လျက်ရှိပြီး ၎င်းလုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့သည်ဟု သတင်းမှားများကို တစ်ဖက်သတ်လုပ်ကြံရေးသားကာ လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။