ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၄) ကျင်းပ နေပြည်တော်၊ ဇန်နဝါရီ - ၃၁

Wednesday, January 31, 2024 - 16:00

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး(၁/၂၀၂၄)ကို ဇန်နဝါရီ ၃၁ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

          အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့ တက်ရောက်ကြသည်။

          ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော်တာဝန်များကို သက်တမ်းတိုးတာဝန်ယူခဲ့သည့် ၆ လတာကာလ အတွင်းဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည်များနှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြရာတွင် နိုင်ငံတော်၏လုံခြုံရေးအခြေအနေနှင့်ပတ်သက်၍ EAO အဖွဲ့အချို့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ယခု ၆ လတာကာလ အတွင်း နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် ပြည်သူလူထု၏လူမှုစီးပွားဘဝ ပျက်ပြား စေရန်နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပထမဦးစွာ ရှမ်းပြည်နယ် (မြောက်ပိုင်း)ဖြစ်စဉ်များနှင့်ပတ်သက်ပြီး တင်ပြလိုပါကြောင်း၊ MNDAA သောင်းကျန်းသူ အဖွဲ့သည် ကိုးကန့်ဒေသအတွင်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်မှစပြီး              “ဝ”ဒေသမှတစ်ဆင့် နမ့်တစ်ချောင်းကိုဖြတ်ကူးပြီး ချင်းရွှေဟော်မြို့ကို Drone များ အသုံးပြုကာ အပြင်းအထန် စတင်တိုက်ခိုက်ခဲ့ပါကြောင်း၊ ယခုကဲ့သို့တိုက်ခိုက်မှုများ လုပ်ဆောင်နိုင်ရန် အတွက်လည်း ၂၀၂၂ ခုနှစ်ကတည်းကစပြီး ၎င်းတို့နှင့် မဟာမိတ်ပြု လုပ်ထားသည့်အဖွဲ့များနှင့် အကြိမ်ကြိမ်ဆွေးနွေးကာ ကြိုတင်ပြင်ဆင်မှုများ လုပ် ဆောင်ခဲ့သည်ဟု သိရှိရပါကြောင်း၊ မဟာမိတ်ပြုသူများကလည်း လိုအပ်သည့် လက်နက် ခဲယမ်းများရရှိရေး၊ အီလက်ထရွန်နစ်နည်းပညာသာလွန်မှုနှင့် ငွေကြေးသုံးစွဲ နိုင်မှုကို အခွင့်အရေးရအောင်ဖန်တီးပေးကြသည်ကို တွေ့ရပါကြောင်း၊ MNDAA သောင်းကျန်းသူအဖွဲ့အနေဖြင့် ၎င်းတို့၏ကြေညာချက်များတွင် အကြောင်းပြချက် များစွာဖော်ပြ သော်လည်း အဓိကရည်မှန်းချက်ကို သုံးသပ်ကြည့်ရပါက ကိုးကန့်ဒေသ အတွင်း အထူးဒေသ(၁)အနေဖြင့် ဩဇာအာဏာ ပြန်လည်တည်ဆောက်လိုခြင်း ကြောင့် ယခုကဲ့သို့ တိုက်ခိုက်လာခြင်းလည်း ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် MNDAA သောင်း ကျန်းသူအဖွဲ့အနေဖြင့် ၎င်းတို့သိမ်းပိုက်ထားသောမြို့များတွင်ရှိသည့် ပြည်သူလူထုပိုင် ပစ္စည်းဥစ္စာများကို လုယက်ယူဆောင်ခြင်းများ၊ ဖျက်ဆီးခြင်းများ အပြင် ဒေသခံတိုင်းရင်းသားများအပေါ် မိသားစုအလိုက် မဝင်မနေရစနစ်ဖြင့် အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းများ ဆောင်ရွက်ခဲ့သည်ကိုလည်း တွေ့ရှိရပါ ကြောင်း။

          MNDAA အဖွဲ့အနေဖြင့် ယခုကဲ့သို့လုပ်ဆောင်ခဲ့ခြင်းသည် ဒီမိုကရေစီကျင့်သုံး နေသည့် မြန်မာနိုင်ငံတွင် အာဏာကိုဥပဒေနှင့်အညီရရှိနိုင်ရန် ဆောင်ရွက်ခြင်းမပြုဘဲ လက်နက်ကိုင်တိုက်ခိုက်သည့်နည်းဖြင့် ရယူရန် ကြိုးပမ်းခဲ့ခြင်းပင်ဖြစ်ပါကြောင်း၊  မိမိ တို့၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းရင်းသားများ၏အခွင့်အရေးများကို တန်းတူပေးအပ် ထားပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး ကိုလည်း တူညီသည့်အခွင့်အရေးများ ပေးအပ်ထားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ များတွင်လည်း ကိုယ်ပိုင်လုပ်ပိုင်ခွင့်များ ပေးထားပြီးဖြစ်ပါကြောင်း၊ သံလွင်အရှေ့ခြမ်း တွင်ရှိသည့် ကိုးကန့်နယ်မြေကို ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်မဝင်ခင်တွင် အထူးဒေသအဖြစ် ရှိခဲ့ပါကြောင်း၊ ဦးဖုန်ကြားရှင်ဦးစီး ဗမာ ပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့သည့် ကိုးကန့်လက်နက်ကိုင်အဖွဲ့သည် အဆိုပါဒေသ တွင် တပ်မတော်နှင့်လက်တွဲပြီး ၂၀၀၉ ခုနှစ်အထိရှိခဲ့ပါကြောင်း၊ တပ်မတော် တပ် စခန်းဌာနချုပ်များ အဆိုပါကာလကတည်းက တည်ထောင်ဖွင့်လှစ်ခဲ့ပြီး အတူပူးတွဲ အုပ်ချုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊၂၀၀၉ ခုနှစ်တွင်မူးယစ်ဆေးဝါး ထုတ်လုပ်မှုများမလုပ်ရန် အကြိမ်ကြိမ်သတိပေးတားမြစ်သော်လည်း လိုက်နာမှုမရှိသဖြင့် စစ်ရေးအရ အရေးယူ တိုက်ခိုက်ခဲ့ရခြင်းဖြစ်ပါကြောင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ၂၀၁၁ ခုနှစ်မှ စပြီး ရွေးချယ်ခံပုဂ္ဂိုလ်များနှင့် အုပ်ချုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့နောက် လောက်ကိုင် မြို့ရှိရန်လုံကျိုင်းတွင် မြန်မာ-တရုတ်နယ်စပ်ဒေသကုန်သွယ်ရေး၊ ချင်းရွှေဟော်မြို့တွင် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများကို နှစ်နိုင်ငံအစိုးရများသဘောတူ ချက်ဖြင့် ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်မှာ ယခုတိုက်ပွဲမတိုင်မီကာလအထိ ဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လိုလားချက်များမှ အခြေခံဥပဒေအရ ဆောင်ရွက်နိုင်သည့်ကိစ္စရပ်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အချို့သောကိစ္စရပ်များကို လွှတ်တော်တွင် မဲခွဲဆုံးဖြတ်အတည်ပြုဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်လိုသည့်ကိစ္စရပ်များအနက် ဖြစ်နိုင်သည့် ကိစ္စရပ်များကို ပြင်ဆင်နိုင်ရန် တပ်မတော်မှသဘောတူညီသည်ကို တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံချိန်များတွင် လည်း ဆွေးနွေးပြောကြားပြီးဖြစ်ပါကြောင်း၊ သမိုင်းကြောင်းနှင့် နိုင်ငံချင်း တရားဝင် ဆက်ဆံဆက်သွယ် ဆောင်ရွက်ရသည့်လုပ်ငန်းစဉ်များအရ ကိုးကန့်အထူးဒေသတွင် တရားဥပဒေနှင့်အညီသာ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့ ကိုယ်စားလှယ်များနှင့် ဆွေးနွေးနေပါကြောင်း၊ အဆိုပါအချက်များကို လျစ်လျူရှုမည် ဆိုပါက နောက်ခံအကြောင်းတစ်မျိုးမျိုးကြောင့် စစ်ဘုရင်ဝါဒကို အသက်သွင်းခြင်းသာ ဖြစ်မည်ဟုယူဆရပါကြောင်း။

          MNDAA သောင်းကျန်းသူအဖွဲ့အနေဖြင့် ချင်းရွှေဟော်မြို့ကိုတိုက်ခိုက်ပြီး တစ်ပြိုင်တည်းတွင် ကွမ်းလုံမြို့ကိုတိုက်ခိုက်ခဲ့ပြီး ၎င်းတို့နှင့် မဟာမိတ်ပြုထားသည့် TNLA သောင်းကျန်းသူအဖွဲ့က လားရှိုး-မူဆယ်လမ်းကြောင်းပေါ်တွင်ရှိသော သိန္နီမြို့ ကို တိုက်ခိုက်ခဲ့သကဲ့သို့ ကွတ်ခိုင်မြို့ကိုလည်း နှောင့်ယှက်တိုက်ခိုက်များ လုပ်ခဲ့ပါ ကြောင်း၊ TNLA သောင်းကျန်းသူအဖွဲ့အနေဖြင့် ၂၀၁၆ ခုနှစ်တွင် မူဆယ်ကုန်သွယ်ရေး ဇုန်ကို တိုက်ခိုက်ခဲ့သကဲ့သို့ ၂၀၁၈ ခုနှစ်တွင်လည်း မူဆယ်မြို့ပေါ်ရှိ ပြည်သူ့စစ်စခန်း များနှင့် လုံခြုံရေးစခန်းများကို တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်နှင့် တိုက်ပွဲဖြစ် ပွားခဲ့ပါကြောင်း၊ TNLA သောင်းကျန်းသူအဖွဲ့အနေဖြင့် နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့ ဒေသများကိုလည်း ဆက်လက်တိုက်ခိုက်ခဲ့ပါကြောင်း၊ ၎င်းအဖွဲ့၏ ရည်ရွယ် ချက်မှာ ပလောင်ဒေသရရှိရေး ဖြစ်ပါကြောင်း၊ ပလောင်ဒေသအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ပေးပြီးဖြစ်ပါကြောင်း၊ သို့သော်ထိုထက်ပိုမိုသည့် အာဏာလိုချင်သဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရပါ ကြောင်း၊ TNLA သောင်းကျန်းသူအဖွဲ့အနေဖြင့် ဒေသခံများ၏ပိုင်ဆိုင်မှုများကို ဖျက်ဆီးမှု၊ လုယက်မှု၊ တပ်သား သစ်စုဆောင်းမှုများ အလွန်အကျွံပြုလုပ်မှုကြောင့် ဒေသခံများ အတိဒုက္ခရောက်ကြ သကဲ့သို့ ပလောင်ဒေသ၏အဓိကထွက်ကုန်ဖြစ်သည့် လက်ဖက်ထုတ်လုပ်မှုလည်း များစွာကျဆင်းသွားခဲ့ပါကြောင်း၊ အခြေခံပညာကျောင်း အားလုံးပိတ်ထားရပါကြောင်း၊ နဂိုကတည်းက စီးပွားရေး၊ ပညာရေးအားနည်းသည့် ပလောင်ဒေသသည် ပိုမိုပြီး အခက်အခဲများစွာကြုံတွေ့ရပါကြောင်း၊ ပါတီစုံဒီမိုကရေစီ စနစ်ကို လက်ခံသည်ဆိုပါက နိုင်ငံရေးလမ်းကြောင်းများမှ ညှိနှိုင်းဆွေးနွေးနိုင်သည့် အခွင့်အရေးများစွာရှိပါကြောင်း၊ အဆိုပါအချက်ကို မျက်ကွယ်ပြုပြီး လက်နက်အား ကိုးဖြင့် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ ၎င်းတို့အဖွဲ့များ အဓိကအသုံးပြုခဲ့သည့် လက်နက်မှာ အိမ်နီးချင်းနိုင်ငံက ဝယ်ယူရရှိ သည့် Drone များကိုသုံးပြီး Drop Bomb များနှင့် တိုက်ခိုက်ခဲ့ခြင်းပင်ဖြစ်ပါကြောင်း၊ အချို့သော Drone များသည် စစ်သုံးအဆင့်ပြုပြင်သုံးနိုင်ပြီး ဗုံးအကြီးစားများ ချိတ်ဆက်အသုံးပြုနိုင်သည်ကို တွေ့ရှိ ရပါကြောင်း၊ သောင်းကျန်းသူအဖွဲ့များအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသတွင် နိုင်ငံတော်၏နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်ပြီး တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝများတိုးတက်မှု မရရှိစေရန်အတွက် အဓိကပြည်ထောင်စု လမ်းမကြီးများကို ဖြတ်တောက်ပိတ်ဆို့ခဲ့သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ နယ်စပ် ကုန်သွယ်ရေးဆိုသည်မှာနှစ်နိုင်ငံအစိုးရများ၏ သဘောတူညီချက်ဖြင့် တရားဝင် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မူဆယ်ဒေသနယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရေး တရုတ်နိုင်ငံနှင့် ဆွေးနွေးဆဲဖြစ်သည်ကို တင်ပြလို ပါကြောင်း။

          တပ်မတော်အနေဖြင့် ယခုဖြစ်ပွားသည့်တိုက်ခိုက်မှုများသည် နယ်စပ်ဒေသနှင့် လွန်စွာနီးကပ်ခြင်းကြောင့် တစ်ဖက်နိုင်ငံမှ အထင်အမြင်လွဲမှားမှုမဖြစ်စေရန်အတွက် မိမိတို့၏စစ်ဆင်ရေးများကို ကာကွယ်ခုခံပိုင်ခွင့်အတွက် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement for Self-Defence)နှင့် အကြမ်းဖက်သောင်းကျန်းမှုနှိမ်နင်း ရေး ဆိုင်ရာတည်ငြိမ်မှုစစ်ဆင်ရေးအတွက် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများ (Rules of Engagement for Counter-Terrorism and Counter-Insurgency Operations to restore normalcy)နှင့်အညီဆောင်ရွက်စေပြီး နယ်စပ်ဒေသကျည်ကျော်ကျရောက် မှုမရှိစေရေးနှင့် ယာဉ်ယန္တရားများကျော်လွန်မှုမရှိစေရေး အကန့်အသတ်ဖြင့် ဒေသခံ ပြည်သူများ ထိခိုက်မှုမရှိအောင် ဆောင်ရွက်ခဲ့ရပါကြောင်း၊ သောင်းကျန်းသူ အဖွဲ့များ အနေဖြင့်  တစ်ဖက်နိုင်ငံက အထင်အမြင်လွဲမှားစေရန် လက်နက်ကြီးများဖြင့် တရုတ် နိုင်ငံထဲသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းကြောင့် နှစ်ဖက်တာဝန်ရှိသူများက ဖြေရှင်း ခဲ့ရပါကြောင်း၊ သောင်းကျန်းသူအဖွဲ့များအနေဖြင့် တစ်ဖက်က နည်းပညာအသာစီးရ ယူကာ သာလွန်အင်အားဖြင့် တိုက်ခိုက်လာပြီး တပ်မိသားစုဝင်များကို အဓိက အန္တရာယ် ပြုလာခြင်းကြောင့် တပ်မတော်အနေဖြင့် အချို့နေရာများကို စွန့်ခွာပေး ခဲ့ရခြင်းရှိပါကြောင်း။

          ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ယခုကဲ့သို့ ရှုပ်ထွေးမှုများဖြစ်လာခဲ့ခြင်းသည် ကျားဖြန့်ဟုခေါ်သည့် Online လိမ်လည်မှုများမှတစ်ဆင့် ဖြစ်ပေါ်လာခြင်းပင် ဖြစ်ပါ ကြောင်း၊ အဆိုပါကိုးကန့်ဒေသတွင် ယခင်ကတည်းက မူးယစ်ဆေးဝါးရောင်းဝယ်မှု များနှင့် လောင်းကစားဝိုင်း လုပ်ဆောင်မှုများရှိခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားချိန်တွင် သွားလာမှုကန့်သတ်ချက်များဖြစ်ပေါ်ခဲ့ပြီး အွန်လိုင်းမှသာ လောင်းကစားမှုများ လုပ်ဆောင်ခဲ့ရာမှ လုပ်ငန်းအတွက်လိုအပ်သည့် ကျွမ်းကျင်သူများနှင့် အထောက်အကူ ပြု ဝန်ထမ်းများကို ခေါ်ဆောင်လာခဲ့ပါကြောင်း၊ ထိုမှတစ်ဆင့် နိုင်ငံခြားသားများပါ လောက်ကိုင်ဒေသထဲသို့ တရားမဝင် ဝင်ရောက်လာသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ လက်ရှိအချိန်တွင်လည်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကြီးစိုးနေသည့် မြန်မာ၊ တရုတ်၊ ထိုင်းနယ်စပ်ဒေသများတွင်တရားမဝင်စီးပွားရေးလုပ်ငန်းအများစုရှိနေကြပြီး ကျားဖြန့်ဟုခေါ်သည့် Online လိမ်လည်မှုများ ၊ Online လောင်းကစားမှုများကို ကျယ်ပြန့်စွာ ပြုလုပ်နေကြသည့်အတွက် မြန်မာ-တရုတ်-ထိုင်း ၃ နိုင်ငံပူးပေါင်းပြီး နှိမ်နင်းရှင်းလင်းမှုများကို ထိရောက်စွာဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆောင်ရွက်နေပါ ကြောင်း၊  အဆိုပါလုပ်ငန်း လုပ်နေသူအများစုသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များက အကာအကွယ်ပေးထားသည့် နိုင်ငံခြားသားများသာဖြစ်ပါကြောင်း၊ လက်နက် အားကိုးဖြင့်သာ တရားမဝင်လုပ်ငန်းများ လုပ်ရဲခြင်းဖြစ်သဖြင့် လက်နက်ကိုင်လမ်းစဉ် ချုပ်ငြိမ်းအောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပါဝင်ပတ်သက်သူများကိုလည်း ဖော်ထုတ်ပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူလျက်ရှိပါကြောင်း။

          ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်အထိ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် နိုင်ငံခြားသားများ လွှဲပြောင်း ပေးမှုအနေဖြင့် တရုတ်နိုင်ငံသား ၄၈,၂၁၀ ဦးနှင့် အခြားနိုင်ငံခြားသား ၁,၈၁၀ ဦး၊ စုစုပေါင်း ၅၀,၀၂၀ ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများကို ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်တွင်လည်း ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်မြို့ပတ်ဝန်းကျင်ရှိ နေရာ ၃ နေရာတွင် ပန်ဆန်း၊ လောက်ကိုင်၊ မိုင်းပေါက်၊ မိုင်းလားဒေသမှ ထွက်ပြေးတိမ်းရှောင်လာသည့် တရုတ်နိုင်ငံသား ကျား ၁,၀၀၂ ဦး၊ မ ၃၆ ဦး၊ စုစုပေါင်း ၁,၀၃၈ ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းကြောင့် လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံကို ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ပြန်လည် လွှဲပြောင်း ပေးနိုင်ရေး ဆောင်ရွက်နေပါကြောင်း။

          ဆက်လက်၍ AA သောင်းကျန်းသူအဖွဲ့နှင့်ပတ်သက်ပြီး တင်ပြလိုပါကြောင်း၊ AA သောင်းကျန်းသူအဖွဲ့အနေဖြင့် ၂၀၂၀ ပြည့်နှစ်က တပ်မတော်နှင့်သဘောတူထားသည့် ယာယီတိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ကို စတင်ချိုးဖောက်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ ရှမ်းပြည်နယ်(မြောက်ပိုင်း) ဖြစ်စဉ်များတွင် ပါဝင်ကူညီတိုက်ခိုက် ခဲ့ပါကြောင်း၊ အဓိကမှာ ၎င်းတို့ကိုမဟာမိတ်အဖွဲ့များကလက်နက်ထောက်ပံ့မှုလိုချင် သဖြင့်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဖွံ့ဖြိုးတိုး တက်မှု နောက်ကျနေခြင်းကြောင့် တပ်မတော်အစိုးရလက်ထက်မှစပြီး ယနေ့အချိန် အထိ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာဆောင်ရွက်ပေးခဲ့သဖြင့် ယခင်က ထက် အဆပေါင်းများစွာ ပြောင်းလဲတိုးတက်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် မိုခါမုန် တိုင်းတိုက်ခတ်မှုဒဏ် ခံခဲ့ရသည့်အချိန်တွင်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကို တပ်မတော်နှင့်နိုင်ငံတော်မှ ပြင်းပြင်းထန်ထန် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ပါ ကြောင်း၊ မိမိကိုယ်တိုင်လည်း မိုခါမုန်တိုင်းတိုက်ခတ်ပြီး နောက်တစ်ရက်အကြာတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကိုသွားရောက်ပြီး သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံး ခဲ့သည်များကိုကြည့်ရှုပြီး လိုအပ်သည်များစီမံပေးခဲ့ပါကြောင်း၊ အခြားမြို့နယ်အသီးသီး ကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌနှင့် အခြားသောတပ်မတော် အဆင့်မြင့်အရာရှိကြီးများကို စေလွှတ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများကို ကြည့်ရှုစစ်ဆေး စေခဲ့ကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရန်လိုအပ်သည် များကို စီမံခန့်ခွဲဆောင်ရွက်စေခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရသည်မှာလည်း မိုခါမုန် တိုင်းဒဏ်ခံရသည့် မိုးတွင်းကာလ ၆ လအတွင်းတွင် ဒေသခံများ ပြန်လည်အလုပ် လုပ်နိုင်ရန်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများပြီးစီးအောင် တွန်းအားပေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ပေးမှုကြောင့် ယခုပွင့်လင်းရာသီ တွင် အလုပ်လုပ်နိုင်ခဲ့ပြီး ၎င်းနယ်မြေများ အမြန်ပြန်လည်နာလန်ထူလာနိုင်ခဲ့ပါ ကြောင်း၊ မိုခါမုန်တိုင်းဒဏ်သင့် ဒေသအားလုံး ပုံမှန်အခြေအနေထက် သာလွန်သည့် အနေအထားမှာ လုပ်ကိုင်နိုင်ပြီ ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တစ်ခုလုံး တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများအားလုံး မိုခါမုန်တိုင်းအပြီး ပုံမှန်ကျောင်းဖွင့်သည့်ရက်၏ နောက် ၁၇ ရက်အကြာတွင် အားလုံး ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်သည် ကျောင်းအပ်ရာခိုင်နှုန်း အမြင့်ဆုံးထဲတွင် ပါပါကြောင်း။

          သို့သော်လည်း AA သောင်းကျန်းသူအဖွဲ့အနေဖြင့် မိုခါမုန်တိုင်းအပြီး (၇)လခန့် အကြာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်၊ နံနက် ၅ နာရီတွင် ရခိုင်ပြည်နယ် နယ်ခြားစောင့် ရဲကင်းစခန်းငယ်တစ်ခုဖြစ်သည့် ဒုံးပိုက်ရဲကင်းစခန်းကို ဝင်ရောက် စီးနင်း တိုက်ခိုက်ခြင်းမှစတင်ခဲ့ပါကြောင်း၊ ထို့နောက် Drone များအသုံးပြုပြီး ပလက်ဝ ဒေသတွင်ရှိသည့် လုံခြုံရေးစခန်း ၂ ခုနှင့် ပေါက်တောမြို့ကို ဆက်လက်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်တွင်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်မြေဒေသအချို့တွင် တိုက်ပွဲ များဖော်ဆောင်လျက်ရှိပါကြောင်း၊ AA သောင်းကျန်းသူအဖွဲ့အနေဖြင့် ဒေသ မတည် မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသည့်အတွက် အဆိုပါဒဏ်ကို ဒေသခံရခိုင်တိုင်းရင်း သား အများစုသာ အဓိကခံစားနေကြရပါကြောင်း၊ ယခုအချိန်သည် ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်၏ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များ ပညာသင်ကြားနေသည့် အချိန်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စတင်ချိန်တွင် အခြေခံပညာကျောင်းသားဦးရေ ၅၇၃,၀၀၀ ဦး (ငါးသိန်းခုနှစ်သောင်း သုံးထောင်) တက်ရောက်ခဲ့ပြီးယခုအချိန်တွင် AA သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက် ခြိမ်းခြောက် မှုများကြောင့် အခြေခံကျောင်းများတွင်၂၇၉,၃၉၂ ဦး (နှစ်သိန်းခုနှစ်သောင်း ကိုးထောင် ကျော်)သာ ကျောင်းတက်လျက်ရှိ ပါ ကြောင်း၊ ၄၈ ဒသမ ၇၆ ရာခိုင်နှုန်းကျော် ပျက်ကွက်မှုဖြစ်ခြင်းကြောင့် AA သောင်းကျန်းသူအဖွဲ့၏ဆိုးကျိုးကို ဒေသခံတိုင်းရင်း သား ကျောင်းသားကျောင်းသူများ၏ အနာဂတ်ထိခိုက်သည်အထိ ခံစားနေကြရပါ ကြောင်း၊ AA သောင်းကျန်းသူအဖွဲ့သည် ၎င်းတို့၏ရခိုင်တိုင်းရင်းသားများကိုပါ သူတို့ အာဏာရရှိရေး တစ်ခုတည်းအတွက်ဖြင့် အရွယ်မရောက်သေးသည့် ကျောင်းသား အရွယ်များကို လက်နက်နှင့် အကြောက်တရား ဖန်တီးပြီး လူသစ်စုဆောင်းခြင်းများနှင့် အခြားတိုင်းရင်းသားများအပေါ် လူမျိုးရေးမုန်းတီးမှုကို ရှေ့တန်းတင်လှုံ့ဆော်နေ သည်ကိုလည်း တွေ့ရပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ထာဝရငြိမ်းချမ်းရေး ဆောင်ရွက် နိုင်မှသာ ဒေသခံနောင်လာနောင်သားများကို ကောင်းမွန်သည့် အနာဂတ်ဘဝများ လက်ဆင့်ကမ်းနိုင်မည်ဖြစ်ပြီး ဒေသသည်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည့် အတွက် တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ် အေးချမ်းအောင် ဆောင်ရွက်လျက် ရှိ ပါကြောင်း၊ ရခိုင်ဒေသရှိ ပြည်သူများအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

          NCA လက်မှတ်ရေးထိုးခဲ့သည့် EAOအဖွဲ့တစ်ခုဖြစ်သည့် CNF  သောင်းကျန်းသူ အဖွဲ့သည် CDF အမည်ခံအကြမ်းဖက်အဖွဲ့များနှင့်ပေါင်းပြီး ချင်းပြည်နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့သည်ကိုတွေ့ရပါကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်တွင် CNF/CDF အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်နေရာယူထားသည့် ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်တိုက်ခိုက်နိုင်ခဲ့ပါ ကြောင်း၊ CNF/CDF အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ လအတွင်းတွင်လည်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင်ရှိသည့် ရိဒ်ခေါဒါရ်မြို့၊ မတူပီ မြို့နယ်တွင်ရှိသည့် လိုင်လင်းပီမြို့နှင့်ရေဇွာမြို့တို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်များ ရှိပါကြောင်း၊ လက်ရှိအချိန်တွင်လည်း CNF သောင်းကျန်းသူများအနေဖြင့် ချင်းပြည် နယ်အတွင်းရှိ တီးတိန်မြို့၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့နှင့် ဒေသအတွင်း နယ်မြေတည်ငြိမ်မှုမရှိအောင် လုပ်ဆောင်နေသည်ကို တွေ့ရပါကြောင်း။

          KNPP/KNDF အဖွဲ့နှင့်ပတ်သက်၍လည်း KNPP/KNDF သောင်းကျန်းသူအဖွဲ့ သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်မှစပြီး ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့မှုများရှိပါကြောင်း၊ ထိုသို့အကြမ်းဖက် မှုကို မလိုလားသည့်ဒေသခံပြည်သူလူထု၏ သတင်းပေးမှုများကြောင့်လည်း KNPP/ KNDF သောင်းကျန်းသူအဖွဲ့ဝင်အများအပြားကို တပ်မတော်အနေဖြင့် ချေမှုန်းနိုင်ခဲ့ပါ ကြောင်း၊ KNPP/KNDF သောင်းကျန်းသူအဖွဲ့အနေဖြင့် ထိုသို့တိုက်ခိုက်နိုင်ရန်အတွက် လက်နက်/ ခဲယမ်းများကို ကြိုတင်စုဆောင်းရန်ကြိုးစားခဲ့သည်ကိုလည်း တွေ့ရှိရပါ ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်တွင် ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စု၊ ဆော်တာကျေးရွာတွင် ၎င်းတို့လက်နက်များ ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်တွင် ပင်လုံမြို့၊ ပန်မုန့်ကျေးရွာတွင် တစ်ကြိမ်၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်တွင် ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာတွင်တစ်ကြိမ်၊ စုစုပေါင်း ၃ ကြိမ်အတွင်း လက်နက်ငယ်မျိုးစုံ ၁,၁၃၃ လက်၊ RPG ၁၀ လက်၊ ကျည်မျိုးစုံ ၁ သိန်းကျော်၊ လက်ပစ်ဗုံး ၇,၆၀၀ ကျော်၊ ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနှင့် အခြားသော လက်နက်/ ခဲယမ်းဆက်စပ်ပစ္စည်းများစွာကို သိမ်းဆည်းရမိခဲ့ပါကြောင်း၊ အဆိုပါလက်နက် ခဲယမ်း များသည် ၎င်းတို့၏မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံမှ ရရှိခြင်း ဖြစ်ပါကြောင်း။

          ထိုသို့ကယားပြည်နယ်အတွင်းသို့ လက်နက်/ခဲယမ်းများ နည်းလမ်းမျိုးစုံ အသုံး ပြုပြီး ပို့ဆောင်လျက်ရှိသည်ကို ဖော်ထုတ်ဖမ်းဆီးရမိမှုများ ရှိခဲ့ခြင်းကြောင့် ကယား ပြည်နယ်အတွင်းတွင် အကြမ်းဖက်မှုများ လုပ်ဆောင်နေသည့် KNPP/KNDF သောင်း ကျန်းသူအဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုများကို အတိုင်းအတာတစ်ခုအထိ ဟန့်တားနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ကြီးကို ဒီမို ကရေစီနှင့် ဖက်ဒရယ်စနစ်အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နေချိန်တွင် ပဋိပက္ခများ ပိုမိုကြီးမားအောင်၊ နိုင်ငံတော်ကို ပျက်စီးရာပျက်စီးကြောင်း လုပ်နေကြ သည့် သစ္စာမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိနေခြင်းသည် တိုင်းပြည်အတွက် အန္တရာယ် ကြီးမားပါကြောင်း။

          KNU သောင်းကျန်းသူအဖွဲ့နှင့် ပတ်သက်၍လည်း KNU သောင်းကျန်းသူ အဖွဲ့သည် ၂၀၂၁ ခုနှစ် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများကို အကြောင်းပြုပြီး PDF များကို လေ့ကျင့်ထောက်ပံ့ပေးမှုများပြုလုပ်သည့်အပြင်  တပ်မတော် တပ်စခန်းငယ် များ၊ မြဝတီမြို့နှင့်ကော့ကရိတ်မြို့များကို နှောင့်ယှက်တိုက်ခိုက်လာခဲ့ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်တွင် တပ်မတော်စခန်းတစ်ခုကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့မှုများရှိပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်တွင် ကျိုက်မရော မြို့နယ်တွင်ရှိသည့် ချောင်းနှစ်ခွတံတားကို တိုက်ခိုက်ဖောက်ခွဲဖျက်ဆီးခဲ့သည် ကိုလည်း တွေ့ခဲ့ရပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက် နံနက် ၃ နာရီတွင်လည်း KNU သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် ကော့ကရိတ်မြို့ ၏ ၈ နေရာကို ထပ်မံလာရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော် အနေဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ပါကြောင်း၊ KNU သောင်းကျန်းသူအဖွဲ့အနေဖြင့် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကို အကြောင်းပြပြီး ဒေသအတွင်းအကြမ်းဖက် လုပ်ရပ်များကို နည်းလမ်းပေါင်းစုံနှင့် လုပ်ဆောင်နေသည့်အပြင် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးတွင် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများအပြင် လူမှောင်ခိုမှုများအထိ လုပ်ဆောင်နေသည်ကို အထောက်အထားများနှင့် တွေ့ရှိရခြင်း ကြောင့် အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်း၍ ဖမ်းဆီးနှိမ်နင်းခြင်းလုပ်ငန်းများကို လုပ်ဆောင်ပြီး တရား ဥပဒေစိုးမိုးမှုရှိအောင် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ KNU သောင်းကျန်းသူအဖွဲ့အနေဖြင့် ကရင်ပြည်နယ်အတွင်း ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝတိုးတက်နေမှု အခြေအနေကောင်းများ ရပ်တန့်စေရန်အတွက် တိုက်ပွဲများ ဖော်ဆောင် လျက်ရှိခြင်းကြောင့် တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းမှု ရရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်း။

          PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်အထိ ၆ လတာကာလအတွင်း နိုင်ငံတစ်ဝန်း အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ရဟန်း/သံဃာ ပျံလွန် ၃ ပါး၊ အပြစ်မဲ့ပြည်သူ သေဆုံး ၄၃၈ ဦး၊ နိုင်ငံဝန်ထမ်း သေဆုံး ၇၉ ဦး၊ စုစုပေါင်းသေဆုံး ၅၂၀ ဦး ဖြစ်ပွား ခဲ့ပါကြောင်း၊ အကြမ်းဖက် ဖျက်ဆီးမှုများအနေဖြင့် လျှပ်စစ်/ဆက်သွယ်ရေး တာဝါတိုင် ၁၁ ခု၊ လမ်းတံတား/ တိုးဂိတ်အဆောက်အဦ ၉၇ ခု၊ ကျန်းမာရေးအဆောက်အဦ ၆ လုံး၊  စာသင်ကျောင်း/ ပညာရေး အဆောက်အဦ ၁၃ လုံးအပါအဝင် လူနေအိမ်များ၊ အခြား အဆောက်အဦများ ဖျက်ဆီးခြင်းခံခဲ့ရပါကြောင်း၊ PDF အမည်ခံ အကြမ်းဖက် သမားများအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်အထိ နိုင်ငံတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရဟန်း/သံဃာ ပျံလွန် ၇၇ ပါး၊  သီလရှင် ၂ ပါးရှိခဲ့ပြီး အပြစ်မဲ့ပြည်သူ သေဆုံး ၅,၆၇၇ ဦး၊ နိုင်ငံ့ဝန်ထမ်း သေဆုံး ၁၁၂၄ ဦး စုစုပေါင်းသေဆုံး ၆,၈၈၀ ဦး ဖြစ်ပွားခဲ့ပါကြောင်း၊ အကြမ်းဖက်ဖျက်ဆီးမှုများအနေဖြင့် ဆက်သွယ်ရေး/လျှပ်စစ် တာဝါတိုင် ၅၅၉ ခု အပါအဝင် ကျန်းမာရေးအဆောက်အဦ ၅၃ လုံး၊ ဘာသာရေးအဆောက်အဦ ၆၆ လုံး၊ လမ်းတံတား/ တိုးဂိတ်အဆောက်အဦ ၁၄၈၇ ခု၊ စာသင်ကျောင်း/ ပညာရေးအဆောက် အဦ ၆၇၀ လုံးအပါအဝင် လူနေအိမ်များ၊ အခြားအဆောက်အဦများ များစွာဖျက်ဆီး ခြင်းခံခဲ့ရပါကြောင်း၊ ထို့အပြင် ပညာရေးနှင့်ပတ်သက်၍ ပညာရေးဝန်ထမ်းများအပေါ် ၄၁၃ ကြိမ် ရိုင်းစိုင်းစွာ ခြိမ်းခြောက်မှုများလုပ်ဆောင်ခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက် ညနေ ၅ နာရီ ၅၀ မိနစ်အချိန်တွင်လည်း KNPP သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လွိုင်ကော်တက္ကသိုလ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ပြီး တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဆိုင်ရာ ဝန်ထမ်းများနှင့် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသားကျောင်းသူများကို အတင်း အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါကြောင်း။

          သောင်းကျန်းသူအဖွဲ့များနှင့် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံအတွင်း တည်ငြိမ်မှု မရှိအောင်လုပ်ဆောင်ပြီး ၎င်းကိုအခွင့်ကောင်းယူကာ ၎င်းတို့၏ဝင်ငွေရ လမ်းဖြစ်သည့် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းချခြင်းများ လုပ်ဆောင်နေကြသည်ကို တွေ့ရှိရပါကြောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချခြင်း သည် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှုတို့ကို အထောက်အပံ့ ဖြစ်စေခြင်းကြောင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုကိုခြိမ်းခြောက်နေသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါကြောင်း၊ မြန်မာနိုင်ငံအတွင်းတွင်တရားမဝင်မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့်ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ထုတ်လုပ်နိုင် ခြင်းမရှိခြင်းကြောင့် သောင်းကျန်းသူအဖွဲ့များအနေဖြင့် အခြားနိုင်ငံများမှ နည်းမျိုးစုံဖြင့် မြန်မာနိုင်ငံအတွင်းသို့ ချိတ်ဆက်သယ်ဆောင်လျက်ရှိပါကြောင်း။

          မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှုနှင့်ပတ်သက်ပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်အထိ ၆ လတာကာလအတွင်း ဘိန်းဖြူ ၁ ဒသမ ၁ တန်ကျော်၊  စိတ်ကြွရူးသွပ်ဆေးပြား ၁၁၇ သန်းကျော်၊ အိုက်စ် ၁၄ ဒသမ ၆၆၅ တန်ကျော် အပါအဝင် ဖမ်းဆီးရမိမှု အမှုပေါင်း ၃,၂၇၂ မှု၊ တန်ဖိုးငွေ ကျပ် ၇၈၁ ဒသမ ၀၂ ဘီလီယံနှင့် ဖမ်းဆီးရမိသူ ကျား/မ စုစုပေါင်း ၄,၃၇၃ ဦး ရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်အထိ ဘိန်းဖြူ ၆ ဒသမ ၀၅ တန်ကျော်၊  စိတ်ကြွရူးသွပ်ဆေးပြား ၆၂၉ သန်းကျော်၊ အိုက်စ် ၅၃ တန်ကျော်၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှု အမှုပေါင်း ၂၁,၀၉၈ မှု၊ တန်ဖိုးငွေကျပ် ၃,၃၅၄ ဘီလီယံကျော် ဖမ်းဆီးရမိသူ ကျား/မ စုစုပေါင်း ၂၉,၄၈၆ ဦး ရှိခဲ့ပါကြောင်း၊  AA သောင်းကျန်းသူအဖွဲ့မှ အဖွဲ့ဝင်များ၏ မူးယစ်ဆေး ဝါးသယ်ဆောင်မှုကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ သတင်းဆက်စပ်၍ ဖော်ထုတ်ဖမ်းဆီးမှုများအရ ငွေကျပ် ၅၁ ဒသမ ၈၇ ဘီလီယံ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၂ တန်ကျော်၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၈၀၀ ကီလိုနှင့်အတူ AA သောင်းကျန်းသူများ ပါဝင်သည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါကြောင်း။

          မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်က မူးယစ်ဆေးဝါးထုတ်လုပ်မှုကိုကြည့်ပါက လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်နေရာများ၊ အုပ်ချုပ်မှုအလှမ်းဝေးသည့် နေရာများ၊ ဖွံ့ဖြိုးမှုနောက်ကျနေသည့်နေရာများ၊ လုံခြုံရေးတည်ငြိမ်မှုမရှိသည့်နေရာများနှင့် လူသူ အရောက်အပေါက်နည်းပြီး တောတောင်ထူထပ်သည့် နေရာများတွင် စိုက်ပျိုးထုတ် လုပ်ခဲ့သည်ကိုတွေ့ရပါကြောင်း၊ လွတ်လပ်ရေးရပြီးနောက် တရုတ်ဖြူတို့ မြန်မာနိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်ချိန်မှစပြီး ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားလာခဲ့ပါကြောင်း၊ ၎င်းနောက် ဗမာပြည်ကွန်မြူနစ်ပါတီ ကစပြီး နောက်ပိုင်းပေါ်ပေါက်လာသည့် သောင်းကျန်းသူ လက်နက်ကိုင်အဖွဲ့အစည်း များက ၎င်းတို့ရေရှည်ရပ်တည်နိုင်ရေးအတွက် ဘိန်းစိုက်ပျိုး ထုတ်လုပ်ရောင်းချမှုကို တိုးချဲ့လုပ်ဆောင်ခဲ့ခြင်းကြောင့် ရှမ်းပြည်နယ်သည် ကမ္ဘာပေါ်တွင် ဘိန်းထုတ်လုပ်မှု အများဆုံးဟူသည့် နာမည်ဆိုးနှင့် ကျော်ကြားသည့်နေရာတစ်ခု ဖြစ်ခဲ့ပါကြောင်း။

          ဘိန်းကိုရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးပြီး   ရှမ်းပြည်နယ်သည် ဒေသတွင်း၌ မူးယစ်ဆေးဝါးများထွက်ရှိမှု၏ ဗဟိုချက်ဖြစ်ကြောင်းနှင့် အဆိုပဒေသမှ တရားမဝင် မူးယစ်ဆေးဝါးများကို ကုန်းလမ်းကြောင်းမှ မှောင်ခိုသယ်ဆောင်ခြင်းကို စစ်ဆေးမှုများ ပိုမိုတင်းကျပ်သည့်အတွက် ရေလမ်းကြောင်းမှ လှေများဖြင့် အခြားနိုင်ငံများကို မှောင်ခို တင်သွင်းလျက်ရှိသည်ကို မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာကုလသမဂ္ဂ ရုံး(UNODC)၏ ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြခဲ့သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ UNODC နှင့်မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့တို့ ပူးပေါင်းပြီး ဘိန်း စိုက်ပျိုး/ ထုတ်လုပ်မှုကိုတိုင်းတာခဲ့ရာ ၂၀၁၂ ဘိန်းစိုက်ရာသီမှစ၍ တစ်နှစ်ထက် တစ်နှစ် နှစ်စဉ် လျော့ကျလာခဲ့သည်ကို တွေ့ရှိရသော်လည်း UNODC ၏ ၂၀၂၃ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာတွင် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုး/ ထုတ်လုပ်မှု အနေဖြင့် ၄၀,၁၀၀ ဟက်တာ စိုက်ပျိုးခဲ့သည်ကို ဖော်ပြခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ်က ဘိန်းစိုက်ပျိုးမှု ၃၀,၂၀၀ ဟက်တာ စိုက်ပျိုးခဲ့ခြင်းကြောင့် ၂၀၂၂ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှုသည် ၃၃ ရာခိုင်နှုန်း တိုးတက်လာသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် ဘိန်းစိုက်ပျိုးမှုကို တရုတ်၊ မြန်မာ၊ ထိုင်း  ၃ နိုင်ငံအပြင် အခြားနိုင်ငံတကာအဖွဲ့ အစည်းများနှင့်ပူးပေါင်းပြီး စုံစမ်းစစ်ဆေးခြင်း၊ တိုင်းတာခြင်းနှင့် ဖျက်ဆီးခြင်းများကို ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။

          မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသား ရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါးတိုက်ဖျက် ရေးလုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ များ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ် ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မူးယစ်ဆေးဝါးပပျောက်ရေးကို နိုင်ငံတိုင်းကလည်း အမျိုးသားရေးတာဝန် အဖြစ် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဘက်ပေါင်းစုံမှကြိုးပမ်းဆောင်ရွက်မှသာ ပိုမိုအောင် မြင်မည် ဖြစ်ပါကြောင်း။

            အကြမ်းဖက်သောင်းကျန်းသူများသည် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းပြီး မတည်မငြိမ်ဖြစ်စေရေး ဘက်ပေါင်းစုံမှ တိုက်ခိုက်လျက်ရှိသောကြောင့် ဒေသခံပြည်သူ့စစ်များအပါအဝင် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးစနစ်ကို တိုးမြှင့် ဆောင်ရွက်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှသာ ဒီမိုကရေစီစနစ်ကိုခိုင်မာစွာ လျှောက်လှမ်းနိုင်မည်ဖြစ်သည့်အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့်ချမှတ်ထားသည့် ရည်မှန်းချက်များ၊ ဦးတည်ချက်များ အတိုင်း ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံတော်တည် ငြိမ်အေးချမ်းရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များသာမက ပြည်သူလူထုတစ်ရပ်လုံးက လည်း အကြမ်းဖက်တိုက်ခိုက်မှုများကို ဝိုင်းဝန်းကာကွယ်တားဆီးပေးရန် လိုအပ်ပါ ကြောင်း၊ ပြည်သူ့လုံခြုံရေးစနစ်နှင့်ပတ်သက်၍လည်း လက်ရှိအချိန်တွင် သက်ဆိုင်ရာ နယ်မြေအလိုက်ဆောင်ရွက်ရန် စီမံလျက်ရှိပြီး ပြည်သူလူထုနှင့်ပူးပေါင်းကာ ဒေသ အလိုက် လုံခြုံရေးအပြည့်အဝ ဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထိုမှတစ်ဆင့် ပြည်သူ့ကာကွယ်ရေးစနစ်ကို သွားရမည်ဖြစ်ပါကြောင်း၊ အရေး ကြီးသည်မှာ ဒေသအလိုက်ရှိနေသည့် ဆန့်ကျင်ဖက်အဖွဲ့များ၏သတင်းကို ပေးရန်ဖြစ် ပါကြောင်း၊ သတင်းပေးသူကိုလည်း အထူးလျှို့ဝှက်ပေးရန်လိုပါကြောင်း၊ ယင်းသို့ ဆောင်ရွက်သည့်အခါတွင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် နိုင်ငံတော်ကြီးကို ဖွံ့ဖြိုး တိုးတက်လိုစိတ်ရှိသူ တိုင်းရင်းသားပြည်သူအားလုံးက ဝိုင်းဝန်း ပူးပေါင်းပါဝင်ကြရန် လိုအပ်ပါကြောင်း၊ ထိုသို့နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက် ဖျက်ဆီး ရုံသာမက အမျိုး၊ ဘာသာ၊ သာသနာအပေါ် စော်ကားလာကြသောကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရနိုင်သမျှသောနည်းလမ်းမျိုးစုံအသုံးပြုပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုအပြည့်အဝ ပြန်လည်ရရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း။

            ပညာရေးကဏ္ဍနှင့်ပတ်သက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း နိုင်ငံ တစ်ဝန်းလုံးရှိ အခြေခံကျောင်းများ အနေဖြင့် ကျောင်းအပ်နှံသူ ၈,၁၀၈,၂၂၇ ဦးရှိခဲ့ပြီး ယနေ့အချိန်တွင် ၆,၇၆၇,၇၆၃ ဦးသာ ကျောင်းတက်ရောက်လျက်ရှိသောကြောင့် အကြောင်းအမျိုးမျိုးဖြင့် ကျောင်းတက်ရန် ပျက်ကွက်သူ ၁,၃၄၀,၄၆၄ ဦး ရှိကြောင်းကို တွေ့ရှိရပါကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ၁၆ ဒသမ ၅၃ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ပျက်ကွက်သည့်ဒေသများကိုပြန်ကြည့်ပါက ကရင်ပြည်နယ်ဒေသအချို့၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်  ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတို့တွင် ဖြစ်နေ သည်ကို တွေ့ရှိရပါကြောင်း၊ တိုက်ပွဲများ ဖြစ်ပွားပြီး တည်ငြိမ်အေးချမ်းမှု မရှိခြင်း၏ ရလဒ်များဖြစ်သည်ကို ထင်ရှားစွာသိနိုင်ပါကြောင်း၊ တက္ကသိုလ်များအနေဖြင့်လည်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ကျောင်းဖွင့်ချိန်တွင် စတင်တက်ရောက်သူ ၁၁၂,၉၆၈ ဦးရှိခဲ့ပြီး ယနေ့အချိန်တွင် အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသူ ၈၆,၆၈၇ ဦး ရှိသောကြောင့် ပျက်ကွက်သူ ၂၆,၂၈၁ ဦး ရာခိုင်နှုန်းအားဖြင့် ၂၃ ဒသမ ၃ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ လွိုင်ကော် တက္ကသိုလ်အနေဖြင့် ၁၀၀ ရာခိုင်နှုန်းတက်ရောက် နိုင်ခြင်းမရှိဘဲ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင်ရှိသည့် တက္ကသိုလ်များတွင်လည်း ကျောင်းတက်ရန် ပျက်ကွက်မှု ရာခိုင်နှုန်း အများဆုံးဖြစ်သည်ကို တွေ့ရပါကြောင်း၊ အချို့ကျောင်းသား၊ ကျောင်းသူများသည် အခြားပြည်နယ်၊ တိုင်းဒေသကြီးရှိ တက္ကသိုလ်များသို့ ပြောင်းရွှေ့ကျောင်းတက် နေခြင်းများလည်းရှိပါကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်သည် နိုင်ငံတော်၏ အနာဂတ်လူသား အရင်းအမြစ်များဖြစ်သည့် လူငယ်များ ပညာသင်ကြား ရေးကို တိုက်ရိုက်ထိခိုက်စေပါကြောင်း၊ ယင်းလုပ်ရပ်သည် နိုင်ငံတော်၏ အနာဂတ် အတွက် စိုးရိမ်ဖွယ်ရာဖြစ်သောကြောင့် ပြည်သူလူထု တစ်ရပ်လုံး၊ နိုင်ငံတကာ အဖွဲ့အစည်းအားလုံးက ဝိုင်းဝန်းဆန့်ကျင်ရမည်ဖြစ်ပါကြောင်း။

            မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလျက်ရှိသောကြောင့် နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ ဘာသာရေးအရ သဘောထားကွဲလွဲမှုများ မဖြစ် သင့်တော့ဘဲ ငြိမ်းချမ်းစွာနှင့် ဒီမိုကရေစီနှင့်လွှတ်တော်လမ်းကြောင်းအပေါ် ရောက်ရှိ နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ NCA စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက် တိုဘာလ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက အသိသက်သေ များ၊ ပြည်တွင်းအသိသက်သေများရှေ့မှောက်တွင် ခမ်းနားထည်ဝါစွာ လက်မှတ်ရေး ထိုးခဲ့သည့် စာချုပ်တစ်ခုဖြစ်ပါကြောင်း၊ Union Accord အဖြစ် ပြည်ထောင်စု လွှတ် တော်က အတည်ပြုပေးထားသည့် သမိုင်းဝင်စာချုပ်ဖြစ်သောကြောင့် မည်သည့် အချိန်မျှ ပျက်ပြယ်မှုမရှိဘဲ တည်ရှိနေမည့် စာချုပ်ဖြစ်ပါကြောင်း။

            ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် ကျရောက်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်း အနားကိုလည်း ပြည်တွင်းပြည်ပမှ သက်ဆိုင်သူစုံစုံလင်လင်နှင့် လက်တွေ့ကျကျ၊ အဓိပ္ပာယ်ရှိရှိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း။

            မိမိအနေဖြင့် NCA စာချုပ်ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ စာချုပ်ကိုလက်မှတ် မရေးထိုးရသေးသော အဖွဲ့ အစည်းများနှင့်တွေ့ဆုံဆွေးနွေးချိန်များတွင် ၎င်းတို့၏လိုလားချက်များကို လက်နက် ကိုင်ပြီးတောင်းဆိုပါက ဒီမိုကရေစီစနစ်ကို သွေဖည်ရာရောက်မည်ဖြစ်သောကြောင့် ငြိမ်းချမ်းရေးစားပွဲဝိုင်းမှတစ်ဆင့် လွှတ်တော်၌သာ လိုလားချက်များကို တောင်းဆိုရန် အကြိမ်ကြိမ်ပြောခဲ့ပါကြောင်း၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနက် KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသည့် အချို့ အဖွဲ့များနှင့်  NCA စာချုပ်ကို လက်မှတ်မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ အနက် KIA၊ SSPP/SSA၊ KNPP သောင်းကျန်း သူအဖွဲ့များအနေဖြင့် PDF အမည်ခံ အကြမ်းဖက်သမားများကိုအားပေးကူညီခဲ့ပြီး နိုင်ငံတစ်ဝန်း အကြမ်းဖက်လုပ်ရပ် များကို လုပ်ဆောင်စေခဲ့သည်ကို တွေ့ရပါကြောင်း။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စတင်ဖွဲ့စည်းစဉ်ကတည်းက စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒ ရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဟူသည့် နိုင်ငံရေးရည်မှန်း ချက် ၂ ရပ်ကို ချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းနိုင်ငံရေးရည်မှန်းချက် ၂ ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံသားတိုင်း၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊ မည်သူမဆို၊ မည်သည့်အဖွဲ့အစည်းမဆို ဒီမိုကရေစီလမ်းကြောင်းက သွေဖည်သွားနိုင်သည့် လုပ်ဆောင်ချက်များကို ရှောင်ရှား ကြရမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တည်ဆဲဥပဒေများကို လေးစားလိုက် နာကြရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားပြည်သူအားလုံး၏ဆန္ဒဖြစ်သည့် ဒီမိုကရေစီ နှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင်လည်း ဒီမို ကရေစီစနစ်၊ ဖက်ဒရယ်စနစ်တို့နှင့်ပတ်သက်ပြီး မိမိတို့နိုင်ငံနှင့် သဟဇာတဖြစ်သည့် စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တိုင်းရင်းသားလူမျိုးတစ်မျိုးတည်းသာ နေထိုင်သည့် တိုင်းဒေသ ကြီး၊ ပြည်နယ်ဟူ၍ မရှိပါကြောင်း၊ လူမျိုးပေါင်းစုံ ပျံ့နှံ့နေထိုင်နေကြပါကြောင်း၊ ထို့ ကြောင့် နိုင်ငံရေးအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသွားမည်ဖြစ်ပြီး အုပ်ချုပ် ရေးအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို ကျင့်သုံးနိုင်ရေး ဆောင်ရွက်နေခြင်းပင် ဖြစ်ပါကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်လည်း ဖက်ဒရယ်ဆိုင်ရာလုပ်ပိုင်ခွင့်နှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား (၁၊ ၂၊ ၃၊ ၅)ပါ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသတို့အတွက် ခွင့်ပြုပေးထားပြီးဖြစ်ပါကြောင်း။

တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ သည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြု လုပ်ပြီး ပြည်သူ့ဆန္ဒနှင့်အညီ ပြဋ္ဌာန်းထားသည့် ဥပဒေဖြစ်ခြင်း၊ ၂၀၀၈ ခုနှစ်မှ အတည်ပြုပြဋ္ဌာန်းထားပြီး ခေတ်ကာလအခြေအနေနှင့် အညီ ပြင်ဆင်သင့်သည်များရှိ နိုင်ခြင်းတို့ကြောင့် ပြင်ဆင်သင့်ပြင်ဆင်ထိုက်သည်များ ပြင်ဆင်သွားရမည်ကိုလည်း သဘောတူကြောင်းကို အကြိမ်ကြိမ်ပြောခဲ့ပြီးဖြစ်ပါကြောင်း၊ ယခင်အစိုးရကာလများ အတွင်း၌ အချက်တော်တော်များများကို ပြင်ပေးနိုင်ခဲ့သော်လည်း ပြည်သူလူထု၏   ဆန္ဒခံယူပွဲများ မပြုလုပ်နိုင်သေးသည့်အတွက် အတည်မပြုနိုင်သေးသည့် အချက်များ လည်းရှိပါကြောင်း၊ အခြေခံဥပဒေ၏ အခန်း(၁၂)တွင် မည်သို့ပြင်ရမည်ဟူသော ပြဋ္ဌာန်းချက်များ ပါဝင်သည့်အတွက် အခြေခံဥပဒေနှင့်အညီသာ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ အခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်လမ်းကြောင်းမှသာ ဆောင်ရွက်နိုင်မည်လည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ အစိုးရက ချမှတ်ထား သည့် ရှေ့လုပ်ငန်းစဉ်များအတိုင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တစ်ရပ် ကျင်းပနိုင်ရေး ဆောင်ရွက်ပေးပြီး ဖြစ်ပေါ်လာသည့် လွှတ်တော်များမှတစ်ဆင့် ခေတ် စနစ်နှင့် မကိုက်ညီသည့်အချက်များကို ပြင်ဆင်သွားရမည် ဖြစ်ကြောင်းကို တင်ပြလိုပါ ကြောင်း၊ NCA စာချုပ်ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့်လည်း နိုင်ငံ၏ဒီမိုကရေစီစနစ် ခိုင်မြဲစေရေး မဖြစ်မနေဆောင်ရွက် ရမည့် ရွေးကောက်ပွဲကို ပါဝင်ကူညီရန်လိုအပ်ပါကြောင်း။

            မြန်မာ့တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ် ကို စနစ်တကျဖြစ်ပေါ်လာအောင် ဦးဆောင်ဖော်ဆောင်ပေးခဲ့သည့် အဖွဲ့အစည်းဖြစ်သ ကဲ့သို့ မြန်မာ့ဒီမိုကရေစီစနစ်ခိုင်မာအောင် တည့်မတ်ဆောင်ရွက်ပေးနေသည့် အဖွဲ့ အစည်းတစ်ခုပင် ဖြစ်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင် လွတ်လပ် ၍တရားမျှတသောရွေးကောက်ပွဲသည် ယင်းစနစ်၏အသက်ပင်ဖြစ်သောကြောင့် လွတ် လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်မှသာလျှင် ပြည်သူ့ဆန္ဒအစစ်အမှန်ကို ပုံပေါ် စေမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲတစ်ရပ်သည် လွတ်လပ်၊ သန့်ရှင်း၍ တရားမျှတ မှုအပြည့်ရှိမှသာ ပြည်သူ့ဆန္ဒအစစ်အမှန်ကို ထင်ဟပ်ပေါ်လွင်စေမည်ဖြစ်သကဲ့သို့ ဒီမိုကရေစီစနစ်ကိုလည်း ပီပြင်စေမည်ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမို ကရေစီအထွေထွေရွေးကောက်ပွဲတွင် ယခင် NLD ပါတီအနေဖြင့် စည်းကမ်းမဲ့စွာဖြင့် ဆောင်ရွက်ခဲ့သောကြောင့် နိုင်ငံအတွက် အမည်းစက် တစ်ခုဖြစ်ပေါ်စေခဲ့ပါကြောင်း၊ ထိုကဲ့သို့ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပေါ်စေရေး စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမို ကရေစီစနစ်ကို ခိုင်ခိုင်မာမာနှင့် သင်ခန်းစာယူဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

            ရွေးကောက်ပွဲတွင် ပါတီစုံပါဝင်စေရေးသည် အရေးကြီးသောကြောင့် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ယခင်နိုင်ငံရေးပါတီများနှင့် ၄ ကြိမ်တွေ့ဆုံ ပြီး ယခင်ရွေးကောက်ပွဲများတွင်ဖြစ်ပေါ်ခဲ့သည့် လေလွင့်ဆုံးရှုံးသည့်မဲများ မဖြစ်စေ ရေးအတွက် မဲများသူအနိုင်ရသည့်စနစ်(First Past The Post)FPTP စနစ်အစား မြန်မာနိုင်ငံနှင့် သင့်လျော်ပြီး ရိုးရှင်းလွယ်ကူသည့် စာရင်းပိတ်အချိုးကျကိုယ်စားပြု စနစ်(Closed List-PR)ကို ပေါင်းစပ်ကျင့်သုံးရန် နိုင်ငံရေးပါတီများက သဘောတူပြီး ဖြစ်ပါကြောင်း၊ အချိုးကျကိုယ်စားပြုစနစ်နှင့် ကိုက်ညီသည့် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကိုလည်း ပြင်ဆင်ထုတ်ပြန်ရန် ညှိနှိုင်း ဆောင် ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံတော်တာဝန်ကိုဦးဆောင်ပြီး ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ခိုင်မာအားကောင်းသည့်အဖွဲ့များဖြစ်စေရေး နိုင်ငံ ရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများကို အသစ် ပြဋ္ဌာန်းထုတ်ပြန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြဋ္ဌာန်းထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခွင့် လျှောက် ထားသည့် ပါတီ ၅၀ ပါတီနှင့် ပါတီအသစ်တည်ထောင်ခွင့်လျှောက်ထားသည့်ပါတီ ၁၅ ပါတီ၊ စုစုပေါင်း ၆၅ ပါတီရှိပြီဖြစ်ပါကြောင်း၊ ဥပဒေနှင့်အညီ ပြန်လည်မှတ်ပုံတင်ခွင့် လျှောက်ထားခြင်းမရှိသည့် နိုင်ငံရေးပါတီ ၄၀ ပါတီရှိပြီး ၎င်းနိုင်ငံရေးပါတီများသည် မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ် ပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြန်လည်မှတ်ပုံ တင်ခွင့်နှင့် အသစ်တည်ထောင်မှတ်ပုံတင်ခွင့်တင်ပြလာသည့် နိုင်ငံရေးပါတီ ၆၅ ပါတီ အနက်မှ နိုင်ငံရေးပါတီ ၄၇ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး နိုင်ငံရေးပါတီ ၂ ပါတီကို ဥပဒေနှင့်အညီ ပါတီမှတ်ပုံတင်ခွင့်ပယ်ဖျက်ခဲ့သည့်အတွက် လက်ရှိတည်ဆဲနိုင်ငံရေး ပါတီ ၄၅ ပါတီ ရှိပါကြောင်း။

            ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်တွင်လည်း မိမိဦးစီးပြီး မှတ်ပုံတင်ခွင့် ပြု ထားပြီးဖြစ်သည့် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူ များကိုတွေ့ဆုံပြီး နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် လက်ရှိနိုင်ငံရေးပြောင်းလဲခဲ့ရမှု အခြေအနေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ အကြမ်းဖက်တိုက်ခိုက်မှုများကို ကျယ်ပြန့်စွာ ပုံဖော်လုပ်ဆောင်လာမှုအခြေအနေ၊ PDF အမည်ခံအကြမ်းဖက်သမား များ၏ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေမှုအခြေအနေ၊ အစိုးရ၏စီးပွားရေးနှင့် လူမှုရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှုအခြေအနေ၊ ရွေးကောက်ပွဲ လုပ်ဆောင်မည့် အခြေအနေများကို ပွင့်လင်းစွာချပြခဲ့ပြီး တက်ရောက်လာသည့် ပါတီ များကလည်း လက်ရှိနိုင်ငံအတွင်းဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် အမြင်များ နှင့် ပါတီဆိုင်ရာအခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြပြီး ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြရန်အားလုံးက သဘောတူခဲ့ကြပါကြောင်း၊ နိုင်ငံ ရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေမှ ပြင်ဆင်သင့်သည်များကိုလည်း ပြင်ဆင်သည့် ဥပဒေ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၏ ပုဒ်မ ၄၂၉ တွင်လည်း “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပုဒ်မ ၄၂၆ အရ အမိန့်ကိုပယ်ဖျက်ကြောင်းကြေညာသည့်နေ့မှစ၍ ခြောက်လအတွင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ အထွေထွေရွေးကောက်ပွဲကျင်းပပေးရမည်” ဟုဖော်ပြထားပါကြောင်း။ ထို့ကြောင့် မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချ မှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၏ နံပါတ်(ငါး)အချက်တွင် ပါသည့်အတိုင်း ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်ပါ ကြောင်း၊ ရွေးကောက်ပွဲရာနှုန်းပြည့်ကျင်းပအောင်မြင်ရန် ခက်ခဲသော်လည်း ပြည်သူတို့ ၏ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး စွမ်းအားရှိသမျှလုပ်ဆောင်သွားမည်ဖြစ်ပြီး စည်းစနစ် ကျနမှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း။

              ဒီမိုကရေစီစနစ်တွင် လွှတ်တော်သည် နိုင်ငံရေးအရ အမြင့်ဆုံးဖြစ်သောကြောင့် တိုင်းရင်းသားအားလုံးက မိမိတို့ဒေသအခွင့်အရေးများကို တရားဥပဒေနှင့်အညီ တောင်းဆိုနိုင်ရေး နိုင်ငံရေးစင်မြင့်လွှတ်တော်တွင် ပါဝင်နိုင်အောင်လည်း ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်၏သမ္မတကို ပြည်ထောင်စုလွှတ်တော်မှ ရွေးချယ်ရပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လွှတ်တော်များမှ ရွေးချယ် ပေးရခြင်းဖြစ်ပါကြောင်း၊ လွှတ်တော်အသီးသီးတွင် အစည်းအဝေးအထမြောက်ရေး အတွက် သိက္ခာရှိသည့်လွှတ်တော်အစည်းအဝေးဖြစ်အောင် သတ်မှတ်ကိုယ်စားလှယ် များ ရွေးချယ်တက်ရောက်နိုင်ရေး မဖြစ်မနေ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အဆိုပါလွှတ်တော်များတွင်သက်ဆိုင်ရာဒေသအလိုက် ပါတီများပါဝင်မှသာ လွှတ်တော် အတွင်း ကိုယ်စားပြုမှုများမည်ဖြစ်ပြီး ပြည်သူတို့၏အသံနှင့် ဖြစ်စေချင်သည့်အချက် များကို ပြောခွင့်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံ့လူဦးရေ၏ ပျမ်းမျှ ၂၈ ရာခိုင်နှုန်းခန့်သည် မြို့ပေါ်နေပြီး ၇၂ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေကြပါကြောင်း၊ အချို့ ပြည်နယ် နှင့်တိုင်းဒေသကြီးများတွင် ယခုအချိုးထက် ပိုကွာဟပါကြောင်း၊ ထို့ကြောင့် မြို့ပေါ် တစ်ခုတည်း၏ ဆန္ဒကိုသာမကြည့်ဘဲ ကျေးလက်နေပြည်သူများ၏ မဲပေးခွင့် ဆန္ဒပြုမှုများကိုလည်း အလေးထားစဉ်းစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လက်ရှိ တည်ငြိမ်အေးချမ်းမှု နည်းပါးနေသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် စသည့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များအလိုက် ဒေသတည်ငြိမ် အေးချမ်းရေးကို အလေးအနက်ထားဆောင်ရွက်နေပြီး ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် မည်သည့် တိုင်း ဒေသကြီး၊ မည်သည့်ပြည်နယ်သည် ငြိမ်းချမ်းမှုမရှိသောကြောင့် ရွေးကောက်ပွဲ လုပ်၍မရဟူ၍ ချန်ထားခဲ့၍မရပါကြောင်း၊ အထက်တွင်မိမိတင်ပြ ခဲ့သည့် လွှတ်တော်အစည်းအဝေးများ အထမြောက်အောင် ရွေးကောက်ပွဲလုပ်နိုင် ရမည်ဖြစ်ပြီး ထိုသို့ ချန်လှပ်ထားခဲ့ပါက ယင်းဒေသတွင် ဒီမိုကရေစီဆိတ်သုဉ်း သွားမည်၊ အာဏာရှင်စနစ်၊ စစ်ဘုရင်စနစ်များဝင်လာမည်၊ ဒေသခံတိုင်းရင်းသား ပြည်သူများနစ်နာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီစနစ်ကို အမှန်တကယ် လိုလားသည်ဆိုပါက လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲကို လုပ်နိုင်အောင် ကြိုးစားရမည်ဖြစ်ပြီး နိုင်ငံရေးပါတီများကလည်း ဝိုင်းဝန်းကူညီပေးရန် လိုပါကြောင်း။

            တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေး မဲစာရင်းအခြေခံ အချက်အလက်များကို မှန်ကန်စွာပြုစုရမည်ဖြစ်ပါကြောင်း၊ အခြေခံအချက်အလက် များ မှန်ကန်မှသာ မဲစာရင်းများလည်း မှန်ကန်မည်ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုကြောင့် အမည်းစက်ဖြစ်ခဲ့ရသည့် အဖြစ်မျိုး ထပ်မံမဖြစ်စေရေး အဖြစ်နိုင်ဆုံး မဲစာရင်းမှန်ကန်အောင် ဆောင်ရွက်ရန် လိုပါကြောင်း၊ ထို့ကြောင့် ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူ နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အောင်မြင်စွာကောက်ယူနိုင်ရေးနှင့် စာရင်းကောက်ယူရာတွင် တွေ့ကြုံလာနိုင်သည့်အခက်အခဲများကို ကြိုတင်ပြင်ဆင် ထားနိုင်ရေး စမ်းသပ်သန်းခေါင်စာရင်းကိုလည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် မြို့နယ်ပေါင်း ၂၀ အတွင်းရှိ စာရင်းကောက်ကွက် ၁၀၀ ၌ ပဏာမဆောင်ရွက်ခဲ့ပြီး ဖြစ် ပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ကောက် ယူရရှိသည့် လူဦးရေကို အခြေခံပြီး ခန့်မှန်းတွက်ချက်ရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ လ ၁ ရက် မြန်မာနိုင်ငံရှိ ခန့်မှန်းလူဦးရေမှာ ၅၆ ဒသမ ၂ သန်း ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် သန်းခေါင်စာရင်းကောက်ယူပြီးမှသာ လူဦးရေ စာရင်း ထွက်လာမည်ဖြစ်ပြီး မဲစာရင်းများ ပြုစုနိုင်မည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းများ အပြည့်အဝကောက်ယူနိုင်မှသာ မှန်ကန်သည့်မဲစာရင်းများရရှိမည်ဖြစ်ပြီး ရွေးကောက် ပွဲကို မှန်ကန်စွာပြုလုပ်နိုင်မည် ဖြစ်ပါကြောင်း။

            ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်များအနေဖြင့် မဲပေးရာတွင် ရှင်းလင်းလွယ်ကူစွာ မဲပေးနိုင်ရေး၊ မဲရလဒ်မှန်ကန်ရေး၊ ပယ်မဲမရှိရေး၊ မဲမသမာမှု မပြုလုပ်နိုင်ရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေး စက် (Myanmar Electronic Voting Machine)နှင့် စပ်လျဉ်းသည့် ရှင်းလင်းပြသခြင်း များ၊ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများဆောင်ရွက်ပေးလျက်ရှိပြီး နေပြည်တော်ရှိ ဗဟိုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ နေပြည်တော် စည်ပင်နှင့် တက္ကသိုလ်များ စုစုပေါင်း ၄၂ ဖွဲ့၊ ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ မြို့နယ် ၈ ခုနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးတို့တွင် ဆောင်ရွက်ခဲ့ ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိမြို့နယ်များတွင် ဆက်လက်ဆောင်ရွက်လျက်ရှိ ပါကြောင်း။

            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ ဒီမိုကရေစီစနစ် လမ်းကြောင်း မှန်ကန်ခိုင်မာစေရေးအတွက် နိုင်ငံ့တာဝန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ထမ်းဆောင်နေရခြင်းဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ သာမန်အားဖြင့် သက်တမ်းတိုးမှုကို ၆ လ နှစ်ကြိမ်ပေး၍ရသော်လည်း လက်ရှိအချိန် သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသ၊ စစ်ကိုင်းတိုင်းဒေသအချို့၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံ တော်၏ တရားဥပဒေစိုးမိုးမှုနည်းပါးကာ ဒေသခံတိုင်းရင်းသားပြည်သူလူထု၏ လူမှု စီးပွားဘဝများ ဆုံးရှုံးလျက်ရှိပါကြောင်း၊ ယင်းအခြေအနေကို အခွင့်ကောင်းယူပြီး NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက နိုင်ငံတစ်ဝန်း အကြမ်းဖက်တိုက် ခိုက်မှုများအပြင် ပြည်သူလူထုကြောက်ရွံ့ထိတ်လန့်အောင် လုပ်ဆောင်လျက်ရှိသော ကြောင့် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးကာ တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိအောင် လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ သာမန်အခြေအနေမဟုတ်သည်မှာ သိသာထင်ရှား ပါကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အနေဖြင့် နယ်စပ်ဒေသများတွင် တရားဥပဒေစိုးမိုးမှုမရှိအောင် တိုက်ပွဲများဖော်ဆောင်မှုနှင့်အတူ Online လိမ်လည် သည့်အဖွဲ့များနှင့် အကျိုးတူပူးပေါင်းလာသည်ကိုတွေ့ရသည့်အတွက် နယ်စပ်ဒေသ တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှုရှိအောင်ဆောင်ရွက်ပြီး Online လိမ် လည်မှုများ အမြစ်ပြတ်သည်အထိ သက်ဆိုင်ရာနိုင်ငံများနှင့်ညှိနှိုင်းပြီး  ချေမှုန်းနှိမ်နင်းရန် လိုအပ်ပါကြောင်း၊ အထက်ပါလုပ်ငန်းများကို ထိရောက်စွာလုပ်ဆောင်နိုင်ရေး အတွက် ပြည်သူအားလုံးပါဝင်သည့် ပြည်သူ့ကာကွယ်ရေးစနစ်ကိုဖော်ဆောင်နိုင်ရေး ပြည်သူ့ လုံခြုံရေးစနစ်ကို မြှင့်တင်ဆောင်ရွက်သွားရန် လုပ်ဆောင်နေပြီဖြစ်ပါကြောင်း၊ တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိသည့် နိုင်ငံဖြစ်စေရေး တက်ရောက်လာသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လည်း တိုက်တွန်းလိုပါကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ် ကို လျှောက်လှမ်းမည်ဖြစ်သဖြင့် မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပါတီ မှတ်ပုံတင်ခွင့်များ ဆောင်ရွက်ပေးသည့်အတွက် ပါတီများ အင်အားတည်ဆောက်ခြင်း နှင့် စည်းရုံးခြင်းများလုပ်ဆောင်ကြရန် လိုအပ်နေပါကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း။

             မိမိတို့ အစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများကြောင့် နိုင်ငံတော်တာဝန်ကို ရယူခဲ့ရသည့် အစိုးရဖြစ်ပါကြောင်း၊ ပြည်သူများလိုလားတောင့်တခဲ့သည့် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီ စနစ်” မယိမ်းယိုင်အောင် စောင့်ရှောက်ခဲ့ပါကြောင်း၊ အစိုးရတာဝန် စတင်ယူစဉ် ကတည်းကယနေ့တိုင် ရှေ့လုပ်ငန်းစဉ်တိုင်း၌ “လွတ်လပ်တရားမျှတသော ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ”ကျင်းပနိုင်ရေး အမြဲထည့်သွင်း ဦးတည်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဆန့်ကျင်ဖက်အဖွဲ့အစည်းများအနေဖြင့် ပြည်သူလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မျက်ကွယ်ပြုပြီး နိုင်ငံတော်ကြီး မအေးချမ်းအောင်၊ ပြည်သူ များ၏ လူမှုစီးပွားဘဝ ပျက်ယွင်းအောင် မိုက်မဲသည့်အတ္တကို ရှေ့တန်းတင်ပြီး အကြမ်း ဖက်လမ်းစဉ်ကို နေ့စဉ်နှင့်အမျှ ပုံဖော်ဆောင်ရွက်နေကြသည်ကို တွေ့နိုင်ပါကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး ပုံမှန်၊ သာမန်အခြေအနေရောက်လာပါက နိုင်ငံ တော် အာဏာကို မတရားဖြတ်လမ်းနည်းဖြင့်ရယူမည့် ၎င်းတို့၏ အကြမ်းဖက်အစီအမံ များ ကျရှုံးသွားမည်ကို အထူးစိုးရိမ်နေကြပါကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအနေ ဖြင့် နိုင်ငံအတွင်း အကြားအလပ်မရှိ ပါတီစုံရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းစီမံ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ရွေးကောက်ပွဲကြီး မဖြစ်အောင် ဖန်တီးပုံဖော် နေသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကိုလည်း ကြိုးပမ်းပြီးရင်ဆိုင်ဖြေရှင်း ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း တည်ငြိမ်အေးချမ်းမှု၊ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဒီမိုကရေစီ၏အခွင့်အရေးများကို အပြည့်အဝခံစားခွင့်ရအောင် ဆက် လက်ပြီး ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

            လက်ရှိနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို အဘက်ဘက်က ပျက်ယွင်းအောင် လုပ်ဆောင်နေသော အဖျက်လုပ်ငန်းများကို ကာကွယ်လျက်ရှိသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့အစည်းများ၏ ရှေ့တန်း ကျ ကျ ရဲဝံ့စွန့်စားစွာတာဝန် ထမ်းဆောင်မှုများသည် သမိုင်းဝင်လုပ်ရပ်များဖြစ်ပါကြောင်း၊ ၎င်းတို့ကို ပိုမိုထောက်ပံ့မှု ပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊ ထို့အတူပင် ပြည်သူလူထု အနေဖြင့် လုံခြုံရေးအရ စိုးရိမ်ပူပန်မှုများကိုလျော့ပါးစေလိုသည့်စိတ်နှင့် ကိုယ်တိုင် ပူးပေါင်းဆောင်ရွက်လိုသည့် ဆန္ဒပြင်းပြလျက်ရှိသည်ကို အသိအမှတ်ပြုသကဲ့သို့ ပူး ပေါင်း လုပ်ဆောင်နိုင်ခွင့်ကိုလည်း ဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းကို ပြောကြားလိုပါကြောင်း။

            လက်ရှိအခြေအနေတွင် ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်ဖြစ်သည့် လွတ်လပ် တရားမျှတပြီး ဥပဒေစည်းကမ်းနှင့် ညီညွတ်သည့် အထွေထွေရွေးကောက်ပွဲဖြစ်နိုင် ရေး၊ ပြည်သူအားလုံး မိမိတို့၏ဆန္ဒကို လွတ်လပ်စွာဖော်ထုတ်နိုင်ရေး လိုအပ်ချက်များ စွာ ရှိနေပါသေးကြောင်း၊ တည်ငြိမ်အေးချမ်းသည့် ပုံမှန်အနေအထား၊ သာမန်အနေ အထားရောက်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၂၅ အရ သာမန်အခြေအနေ မဟုတ်သောကြောင့် လိုအပ်ချက်နှင့် လုပ်ဆောင်ရမည့်အချက်များကို အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်နိုင်ရေး အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ ၆ လ သက်တမ်းတိုးမြှင့်ပေးနိုင်ရေး တင်ပြအပ်ပါကြောင်းဖြင့် ပြောကြားသည်။

            ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြရာ ဦးစွာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဆွေးနွေးပြောကြားရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်ကိုထောက်ခံပါကြောင်းဆွေးနွေး ပြောကြားသည်။

            ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဆွေးနွေးပြောကြား ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရှင်းလင်းတင်ပြဆွေးနွေးချက်များသည် အကြောင်းအခြင်းအရာများ အရသော်လည်းကောင်း၊ ဥပဒေအကြောင်းအရသော် လည်းကောင်း ကျိုးကြောင်းညီညွတ်မှုရှိပါသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ နိုင်ငံတစ်ဝှမ်းလုံး အရေးပေါ်အခြေအနေကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ သက်တမ်းတိုးမြှင့်ပေးခြင်းအား ထောက်ခံပါကြောင်းဖြင့် ပြောကြားသည်။

            ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကဆွေးနွေးပြောကြားရာတွင် အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ ၆ လ သက်တမ်းတိုးမြှင့် ပေးနိုင်ရေး တင်ပြမှုအပေါ် မိမိအနေဖြင့် ထောက်ခံပါကြောင်းကို ဦးစွာပြောကြားလို ပါကြောင်း၊ ပထမအချက် အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူ့လူမှု စီးပွားဘဝ တိုးတက်ခိုင်မာရေးအတွက် ဆက်လက်ဆောင်ရွက်သွားရန် လုံခြုံရေး ဆိုင်ရာများကို ဆက်လက်ဆောင် ရွက်ပေးသွားရမည်ဖြစ်ပြီး တစ်နိုင်ငံလုံး တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကိုလည်း ဆက်လက်ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ ဒုတိယအချက်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္နိမ ရည်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အဓိကလိုအပ်ချက်ဖြစ်သည့် မဲစာရင်းများမှန်ကန်မှုရှိစေရေးအတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူ ရေးကိစ္စကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရရှိလာသည့် စာရင်းအချက်အလက်များ မှန်ကန်မှသာလျင် မဲစာရင်းများ မှန်ကန်မည် ဖြစ်သည့်အတွက် အဆင့်အလိုက် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အထက်ပါအချက်နှစ်ချက်ကို မဖြစ်မနေဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်သည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ နိုင်ငံတစ်ဝန်းလုံးအရေးပေါ် အခြေအနေ ကြေညာထားသည့် ကာလအား(၆)လ သက်တမ်းတိုးမြှင့်ရန် တင်ပြခြင်း အပေါ် ထောက်ခံပါကြောင်းဖြင့် ဆွေးနွေးသည်။

            ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင် စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို အကောင် အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့သော်လည်း အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် NCA ကို အခွင့်ကောင်းယူ၍ အင်အားစုစည်း တည်ဆောက်မှုများပြုလုပ်ပြီး  အဖျက်အမှောင့်လုပ်ရပ်များ၊ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်ကို တွေ့မြင်ရပြီး ထိုသို့လုပ်ဆောင်လာခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိပါးလာခြင်းပင်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ နိုင်ငံတစ်ဝှမ်း တည်ငြိမ်အေးချမ်း၍ လွတ်လပ်တရားမျှတသော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပနိုင်ရေး တို့အတွက် နိုင်ငံတစ်ဝှမ်းလုံးအရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နောက်ထပ် ၆ လ သက်တမ်းတိုးမြှင့်ခြင်းအား ထောက်ခံပါကြောင်းဖြင့် တင်ပြသည်။

            ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ဆွေးနွေးတင်ပြရာတွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ စ၍ ၂၀၂၃ ခုနှစ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့မှုများနှင့် လုံခြုံရေး၊ တည် ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့တွင် သာမာန်အခြေအနေမဟုတ်သည့်အတွက်  နိုင်ငံတစ်ဝန်းလုံးအရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလအား ဆက်လက်သက်တမ်းတိုးမြှင့်ခြင်းအပေါ် ထောက်ခံပါ ကြောင်း ဆွေးနွေးတင်ပြသည်။

            ၎င်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက လွန်ခဲ့သည့် ၆ လ တာကာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်မှတိုးတက်အောင် ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို နိုင်ငံတကာမှ သိရှိစေရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နိုင်ငံတကာဆက်ဆံရေးတိုးတက်လာမှု အခြေအနေများနှင့် နိုင်ငံတစ်ဝန်းလုံး အရေးပေါ် အခြေအနေကြေညာထားသည့်ကာလအား ထပ်မံသက်တမ်းတိုးမြှင့်ခြင်း အပေါ် ထောက်ခံပါကြောင်းဆွေးနွေးပြောကြားသည်။

            ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နိုင်ငံတော်တွင်ဖြစ်ပေါ်နေသည့် သာမန်မဟုတ်သည့် ခြေအနေများအား အမြန်ဆုံးပြန်လည်တည်ငြိမ်စေရေး ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို‌ အောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ နှင့်အညီ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလအားသက်တမ်း ထပ်မံတိုးမြှင့်ခြင်းအပေါ် သဘောတူထောက်ခံပါကြောင်း ဖြင့်ဆွေးနွေးပြောကြား သည်။

            ၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖြည့်စွက်ဆွေးနွေးရာတွင် မိမိအနေဖြင့် ၆ လတာကာလအတွင်း ဖြစ်ပျက်ခဲ့ သည့်အခြေအနေများကို ဆွေးနွေး တင်ပြခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများမှ ရွေးချယ်သည့်ပါတီစုံဒီမို ကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်း ဖြစ်ပြီးဖွဲ့စည်းပုံအခြေခံ ဥပဒေ နှင့်အညီဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)သည် ပြည်သူများ၏ ထောက်ခံဆန္ဒမဲများဖြင့် အတည်ပြု ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း၊ သို့သော် ပြင်ဆင်သင့်သည့်အချက်များကို ပြင်ဆင်ရန်အတွက် တပ်မတော်အနေဖြင့် သဘောတူညီပြီးဖြစ်ကြောင်း၊ အချို့ EAO အဖွဲ့များရှိသည့် နေရာများတွင် တည်ငြိမ် အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုများမရှိဘဲ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ရောင်းဝယ် မှုများကိုလည်း လုပ်ဆောင်လျက်ရှိသည် ကိုတွေ့ရကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော် သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၏စွမ်းရည်မြှင့်တင်ရေးများကို လည်းဆောင်ရွက်လျက် ရှိကြောင်း။

            ပြည်သူ့လုံခြုံရေးစနစ်နှင့်ပတ်သက်၍ နိုင်ငံရေးပါတီအချို့နှင့် တိုင်းရင်းသား အဖွဲ့များက ပြောကြားမှုများရှိကြောင်း၊ EAO များရှိနေသည့်နေရာများနှင့်တည်ငြိမ် မှုမရှိသည့်နေရာများ၌ ပြည်သူ့ကာကွယ်ရေးဆောင်ရွက်ရန်အတွက် အမျိုးသားစစ်မှု ထမ်းစနစ်ကို လတ်တလော အခြေအနေအရ အကောင်အထည်ဖော်ရန်လိုအပ်မှုများ ရှိနေသေးကြောင်း၊ ထို့ကြောင့် ပြည်သူ့လုံခြုံရေးစနစ်ကို ဦးစားပေးအကောင် အထည် ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ရပ်ကွက်များအလိုက်၊ မြို့ရွာများအလိုက် အဆင့်ဆင့် လုံခြုံရေးဆိုင်ရာ သတင်းပေးမှုစနစ်များကိုဆောင်ရွက်ပြီး ၎င်းမှတစ်ဆင့် ပြည်သူ့ကာကွယ် ရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

            နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံအားလုံးနှင့် ဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိ ကြောင်း၊ မိမိတို့နှင့် ပူးပေါင်းဆောင်ရွက်လိုသည့် နိုင်ငံများအားလုံးနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် အခြေခံဥပဒေက ချမှတ်ထားသည့်နိုင်ငံခြားရေး မူဝါဒများအတိုင်း ဆက်ဆံဆောင်ရွက်လျက်ရှိကြောင်း။

            မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေသည် ပုံမှန်အခြေအနေသို့ပြန်လည် မရောက် ရှိသေးကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့ မတိုင်မီအခြေအနေသို့ ပြန်လည် ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၎င်းပုံမှန်အခြေအနေကို ဆူပူဆန္ဒ ပြမှုများ၊ ၎င်းမှတစ်ဆင့် လက်နက်ကိုင်အကြမ်းဖက် လမ်းစဉ်ကိုလုပ်ဆောင်ခဲ့ သူများက ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါအခြေအနေသို့ ပြန်လည် ရောက်ရှိရေး လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊  သိက္ခာရှိသည့်ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော် အစည်းအဝေး ကျင်းပနိုင်ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လွှတ်တော် အသီးသီးတွင် ရွေးချယ်ခံလွှတ်တော် ကိုယ်စားလှယ် အရေအတွက်သည် တပ်မတော် သားလွှတ်တော် ကိုယ်စားလှယ်များထက် ပိုမိုများပြားနေရန် လိုအပ်ကြောင်း၊ သို့မှသာ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်မည်ဖြစ်ကြောင်း၊ လွှတ်တော်များအတွင်း၌လည်း အပြန်အလှန်ထိန်းကြောင်းနိုင်ရန် လိုအပ်ပါကြောင်း၊ အဆိုပါအချက်များအား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဝင်များသိရှိအောင်ရှင်းလင်းပြောကြားခြင်း ဖြစ်ပါကြောင်းဖြင့် ဖြည့်စွက်ဆွေးနွေးပြောကြားသည်။

            တင်ပြချက်များနှင့်စပ်လျဉ်း၍ ယာယီသမ္မတက ပြောကြားရာတွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ၏ တင်ပြချက်များအရ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ ၆ လ သက်တမ်းတိုးမြှင့်ပေး ရန်လိုအပ်သည်ကို တွေ့မြင်ရကြောင်း၊ လက်ရှိ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများအရ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ဆက်လက် ဆောင် ရွက်ရန်နှင့် သာမာန်မဟုတ်သည့် အခြေအနေဖြစ်သည့်အတွက် တာဝန်ထမ်းဆောင်ခွင့် ကို ထပ်မံ၍ ၆ လ သက်တမ်းတိုးမြှင့်ပေးရန်မဖြစ်မနေလိုအပ်မည်ဖြစ်ပြီး တိုးမြှင့်ရန် သဘောတူပါကြောင်း၊ မိမိအနေဖြင့်လည်း တင်ပြချက်များသည် မှန်ကန်နေသည် ဖြစ်သည့်အတွက် ထိုသို့တာဝန်ထမ်းဆောင်မှုကို ထပ်မံသက်တမ်းတိုးမြှင့်ပေးမှ သာ လျင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရှင်းလင်းတင်ပြမှုတွင် ပါဝင်သည့် တိုင်းပြည် ၏ အနာဂတ်ကောင်းကို အောင်အောင်မြင်မြင်ဖြင့် ဆက်လက်ဖန်တီးပုံဖော်နိုင်မည်ဟု ထင်မြင်မိပါကြောင်း၊ ယခုထပ်မံတိုးမြှင့်လိုက်သည့် ၆ လတာကာလသက်တမ်း ဆောင် ရွက်နိုင်သည်မှန်သမျှကို ကြိုးပမ်းဆောင်ရွက်ပြီး ရရှိလာသည့်ရလာဒ်များအပေါ် မူတည်၍ လိုအပ်ပါက ထပ်မံသက်တမ်းတိုးမြှင့်ပေးရမည့် အနေအထားပင်ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးကို တက်ရောက်လာကြသည့် မိမိအပါအဝင် အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံး၏ သဘောတူဆွေးနွေးဆုံးဖြတ်ချက် များအရ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံ ရေး ကောင်စီသို့ အသိပေးကြေညာအပ်ပါကြောင်းဖြင့် ပြောကြားပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၁/၂၀၂၄)ကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။