နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြား ကျောင်းသား၊ ဆရာမိဘ၊ အုပ်ချုပ်ရေးအဖွဲ့အစည်း အားလုံးအတူတကွ ဝိုင်းဝန်းကြိုးပမ်

Monday, January 29, 2024 - 15:00

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြား

ကျောင်းသား၊ ဆရာမိဘ၊ အုပ်ချုပ်ရေးအဖွဲ့အစည်း အားလုံးအတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မှသာ ပညာရေးကောင်းမွန်နိုင်မည်

နေပြည်တော်၊ ဇန်နဝါရီ - ၂၉

          ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄)ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ် များက Video Conferencing ဖြင့်တက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်များနှင့် ဦးတည်ချက်များချမှတ်ဆောင်ရွက်လျက်ရှိ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင် အစိုးရတစ်ရပ်ဆိုသည်မှာ တိုင်းပြည်ကောင်းစေရန် အတွက် အုပ်ချုပ်ရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ တရားဥပဒေစိုးမိုးရေးကဏ္ဍနှင့် လူမှုရေးကဏ္ဍ များကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရသည့် အာဏာပိုင်အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံတွင် ဦးဆောင်သည့် နိုင်ငံရေးပါတီ ၊ ထိန်းကြောင်း ပေးသည့် လွှတ်တော်များရှိပြီး မူဝါဒများချမှတ်၍အကောင်အထည်ဖော် ဆောင်ရွက် ခြင်း ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ်၍ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းတို့သည် အဂ္ဂမဟာဗျူဟာ၊ မဟာဗျူဟာ၊ နည်းဗျူဟာ များဖြစ်ကြောင်း။

မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖက်ဒရယ်စနစ်ကို နိုင်ငံ၏အခြေ အနေနှင့် ကိုက်ညီစွာ ကျင့်သုံးသည့် ပုံစံဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တရားစီရင်ရေး၊ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးအာဏာများ ခွဲဝေပေးထားသည်ကို ထည့်သွင်းပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဒီမိုကရေစီ အစိုးရသက်တမ်းနှစ်ခု တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရများအနေဖြင့် ၎င်းတို့ အားပေးထားသည့် လုပ်ပိုင်ခွင့့််များကို အပြည့်အဝအကောင်အထည် ဖော်နိုင်မှုမရှိသည်ကို တွေ့ရှိ ခဲ့ရကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားများအနေဖြင့် အားမလိုအားမရမှုများ ဖြစ်ပေါ် ခဲ့သည်ကိုတွေ့ရကြောင်း။

ဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းရာတွင် အစိုးရတစ်ခုနှင်တစ်ခု အကောင်အထည်ဖော်ဆောင်ရွက်မှုများ မတူညီမှုများရှိသဖြင့် လိုအပ်ချက်များရှိသည် ကိုတွေ့ရှိရသဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်ချိန်တွင် တတ်နိုင်သမျှ တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် ညီတူညီမျှတိုးတက်မှုရှိအောင် ဆောင်ရွက်စေခဲ့ကြောင်း၊ မိမိတို့ အနေဖြင့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များချမှတ်ဆောင်ရွက်ခြင်းတွင် အဆိုပါ အချက်များပါရှိပြီးဖြစ်ကြောင်း၊ အမျိုးသားစီးပွားရေးစီမံကိန်းတွင် နှစ်အလိုက် ဆောင် ရွက်ရမည့်အချက်များများကို အသေးစိတ်ဖော်ပြထားကြောင်း၊ ထိုသို့ဆောင်ရွက်ချိန် တွင် ပြည်ထောင်စုအဆင့် အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းများရှိသကဲ့သို့ တိုင်း ဒေသကြီးနှင့် ပြည်နယ်အဆင့်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရ ခြင်းဖြစ် သဖြင့် အဓိကကျကြောင်း။

ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များအပေါ် တွင် အကောင်အထည်ဖော်ဆောင်ရွက်ရသကဲ့သို့ တိုင်းဒေသကြီးနှင့်ပြည်နယ်များအ လိုက်ဆောင်ရွက်နေသည့် လုပ်ငန်းများရပ်များကိုလည်း ကူညီဆောင်ရွက်ပေးရသည် များရှိကြောင်း၊ ထို့သို့ လုပ်ငန်းတာဝန်များ များပြားသဖြင့် အစိုးရအဖွဲ့များ၌ အတွေ့ အကြုံရှိသည့် နိုင်ငံ့ဝန်ထမ်းအများစုကို ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များအဖြစ် ထည့်သွင်းဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ခန့်အပ်တာဝန်ပေးရာတွင်လည်း အလားတူပင်ဖြစ်ကြောင်း၊  မိမိတို့တာဝန်ထမ်း ဆောင်ချိန်တွင်ယခင်ကလွဲမှားခဲ့သည့် လုပ်ငန်းရပ်များကို ပြန်လည်တည့်မတ်ပေးနိုင်ခဲ့ ကြောင်း၊ သို့သော် နိုင်ငံရေးအရတောင်းဆိုမှုများရှိလာသဖြင့် အခက်အခဲများရှိခဲ့ ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ၂၀၂၂  ခုနှစ် နှင့် ၂၀၂၃ ခုနှစ်တို့တွင်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး အရဆူပူအကြမ်းဖက်မှုများ၊ တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့မှု၊ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွား ခဲ့မှု၊ နိုင်ငံတကာမှ အပြုသဘောမဆောင်သည့် တုန့်ပြန်မှုများ မရှိခဲ့ပါက ယခုထက် များစွာ တိုးတက်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဦးတည်ချက်များကို မှန်မှန် ကန်ကန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များအနေဖြင့် လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဘဏ္ဍာငွေများကို သတ်မှတ် စည်းမျဉ်းစည်းကမ်းများအတိုင်းသုံးစွဲရန်လို

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဘက်ဂျက်များသုံးစွဲရာတွင် အချို့လုပ်ငန်းများကို သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ပြီးဆုံးအောင် အကောင် အထည်ဖော်ဆောင်ရွက်နိုင်မှုမရှိသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ဆောင်ရွက် နိုင်မှုမရှိ ခြင်းကြောင့် နိုင်ငံတော်အတွက် နစ်နာမှုများရှိကြောင်း၊ တိုင်းပြည်အတွက် အမှန် တကယ်အကျိုးရှိပြီး သင့်တော်သည့် လုပ်ငန်းရပ်များကို အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်း ပန်းဆက်သွယ်ရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်ရန်လိုကြောင်း။

အလားတူ နိုင်ငံ့စွမ်းပကားမြှင့်တင်ရေးအတွက်ဆောင်ရွက်ရာတွင် ကာကွယ်ရေး စွမ်းပကားကို မြှင့်တင်နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် ပြောင်းလဲနေသည့်ခေတ်မီနည်း ပညာများကို အသုံးချနိုင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ တပ်မတော်နှင့် ပြည်ထဲရေး ဝန်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အတွက်လိုအပ်သည့်အသုံးအဆောင် ပစ္စည်းများကို ခေတ်နှင့်လျော်ညီစွာဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ဆောင်ရွက်လျက်ရှိ

နိုင်ငံ့စီးပွားရေးနှင့်ပတ်သက်၍ ယခင်အစည်းအဝေးများတွင် ပြောကြားပြီး ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှစတင်၍ နိုင်ငံ့စီးပွားရေးကျဆင်းခဲ့သည်ကိုတွေ့ ရကြောင်း၊ မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်တွင် နိုင်ငံ့စီးပွားရေးမှာ အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းလျက်ရှိသည်ကိုတွေ့ရ ကြောင်း၊ စီးပွားရေးစီမံခန့်ခွဲမှုများလွဲမှားခဲ့မှုများနှင့် ပြည်တွင်းထုတ်လုပ်မှုကို အား မပေးပဲ ပြည်ပမှတင်သွင်းမှုများကိုသာဦးစားပေးဆောင်ရွက်ခဲ့ သည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရတာဝန်ယူချိန်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ဦးစားပေးဆောင် ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့မှုကြောင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံရေးပြဿနာများဖြစ်နေသည့်ကြားမှပင် နိုင်ငံ့စီးပွားရေးမှာ ၂ ဒသမ ၄ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ အလားတူ ၂၀၂၂ -၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံရေးပြဿနာများဖြစ်ပွားမှုများ၊ စီးပွားရေးပိတ်ဆို့မှုများ စသည့် အခက်အခဲများကြားမှ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုင်ငံ့စီးပွားရေးမှာ ၃ ဒသမ ၄ ရာခိုင် နှုန်းအထိရောက်ရှိခဲ့ကြောင်း၊ ၂၀၂၃ - ၂၀၂၄ ခုနှစ်ဘဏ္ဍာရေးနှစ်တွင်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလအထိ နိုင်ငံ့စီးပွားရေးမှာ ၃ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှ လွဲ၍ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးတွင် အပေါင်းလက္ခဏာပြခဲ့ကြောင်း။

ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ကုန်ပစ္စည်းထုတ်လုပ်မှုများကို မြှင့်တင် ဆောင်ရွက်ရမည်

စီးပွားရေးတိုးတက်သော်လည်း မိမိတို့နိုင်ငံတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုများရှိ ကြောင်း၊ အဓိကအားဖြင့် ထုတ်လုပ်မှုနှင့် လိုအပ်မှု ကွာဟချက်များရှိခြင်း၊ ကုန်ထုတ် လုပ်မှု ကုန်ကျစရိတ်မြင့်မားခြင်း စသည့်အချက်များကြောင့်ဖြစ်ကြောင်း၊ ကုန်ထုတ် လုပ်မှုတန်ဖိုးမြင့်တက်လာပါက ထုတ်ကုန်များ၏ တန်ဖိုးမှာလည်း မြင့်တက်လာ ကြောင်း၊ ကုန်ပစ္စည်းများကို နိုင်ငံခြားငွေဖြင့် ရောင်းချခြင်း၊ ဝယ်ယူခြင်းများကို ဆောင်ရွက်ရာတွင်လည်း အချို့မှာ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် မညီစွာဆောင်ရွက်နေသည်ကိုတွေ့ရကြောင်း၊ အလားတူ Non Trade income များ အနေဖြင့်လည်း သတ်မှတ်စည်းကမ်းများနှင့် ညီညွတ်မှုမရှိစွာဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် နိုင်ငံခြားငွေရရှိမှုများနည်းပါးသဖြင့် ငွေလဲလှယ် နှုန်းထား များမြင့်တက်လာပြီး နိုင်ငံခြားမှတင်သွင်းရသည့် ကုန်ပစ္စည်းများ၏ သွင်းအားစု  တန်ဖိုးမြင့်တက်လာခြင်းကြောင့် ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကြီးမြင့်လာခြင်း ဖြစ်ကြောင်း။

ပြည်တွင်းစားသုံးမှုနှင့်ပတ်သက်၍ ကုန်ထုတ်လုပ်မှုများဆောင်ရွက်ရာတွင် ထုတ်လုပ်မှုကုန်ကျစရိတ်အနည်းဆုံးနှင့်ထုတ်လုပ်ပြီး အမြတ်အနည်းဆုံး ဈေးနှုန်းများ ဖြင့် ရောင်းချနိုင်ရန်လိုကြောင်း၊ နိုင်ငံတွင်ရှိသင့်ရှိထိုက်သည့် စီးပွားရေးအခွင့်အရေး များ ရရှိအောင်ဆောင်ရွက်ပေးရန်မှာ မိမိတို့အစိုးရ၏ တာဝန်ပင်ဖြစ်ကြောင်း။

စိုက်ပျိုးသည့် သီးနှံများအားလုံးပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်မည်ဆိုပါက ထုတ်ကုန်များ တိုးမြှင့်လာပြီး ထုတ်လုပ်သူများအတွက် ဝင် ငွေများ ပိုမိုတိုးတက်လာမည်ဖြစ်သဖြင့် ဝယ်လိုအားများမြင့်တက်လာမည်ဖြစ်ကြောင်း၊ စီးပွားရေးသဘောတရားအရ ဝယ်လိုအားမြင့်တက်လာမည်ဆိုပါက ရောင်းလိုအား များလည်း မြင့်တက်လာမည်ဖြစ်သဖြင့် ငွေကြေးလည်ပတ်မှုများကောင်းမွန်လာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုများတိုးမြှင့်အောင်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ဝင်ငွေများတိုးတက်လာမည်ဆိုပါက နိုင်ငံ့စီးပွားရေးမှာ များစွာတိုးတက်လာ မည်ဖြစ်ကြောင်း။

စိုက်ပျိုးရေးထုတ်လုပ်မှုများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး             ကြိုးပမ်းဆောင်ရွက်ရန်လို

စိုက်ပျိုးရေးထုတ်ကုန်များ ပန်းတိုင်အထွက်နှုန်းမရရှိခြင်း၊ အထွက်နှုန်းနည်းခြင်း တို့နှင့်ပတ်သက်၍ အဖြေရှာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးတွင် အဓိကလို အပ်ချက်ဖြစ်သော မျိုး၊ မြေ၊ ရေ၊ နည်း ဖြစ်သည့် မျိုးကောင်းမွန်မှုရှိစေရေး မျိုးကောင်း မျိုးသန့်ရရှိအောင်ဖန်တီးပေးနိုင်ရမည်၊ မြေအရည်အသွေးကောင်းမွန်အောင် စနစ် တကျပြုပြင်ခြင်းနှင့် သင့်လျော်သည့် မြေဩဇာများကိုရရှိအောင် ဖန်တီးပေးနိုင်ရမည်၊ စိုက်ပျိုးရေနှင့် အောင်ရေကို ဖူလုံစွာရရှိနိုင်ရေး ဖန်တီးပေးနိုင်ရမည်၊ စိုက်နည်းစနစ် များ မှန်ကန်မှုရှိစေရေး၊ ခေတ်မီနည်းစနစ်များ အသုံးပြုနိုင်ရေး ဖော်ဆောင်ပေး နိုင်ရမည်ဖြစ်ကြောင်း၊ အထက်ပါ အချက်လေးချက်ဖြင့် ပြည့်စုံပါက စိုက်ပျိုးရေး လုပ်ငန်းများအနေဖြင့် ပန်းတိုင်အထွက်နှုန်းရရှိနိုင်မည်ဖြစ်ပြီး ယခုထက်ပိုမို အောင်မြင် နိုင်မည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းသည်လည်း အလားတူဖြစ်ကြောင်း၊ထို့ကြောင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များအနေဖြင့် အလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်းပြည်ကို ကောင်းစေလိုသည့်စိတ် ဖြင့် မိမိတို့အား ပေးအပ်ထားသည့် တာဝန်များနှင့် ရည်မှန်းချက်များကို အောင်မြင်အောင် ဆောင်ရွက်သွားကြရန် အလေးထားမှာကြားလိုကြောင်း။

ကုန်ထုတ်လုပ်မှုတိုးတက်ရေးနှင့် သယံဇာတများထုတ်ယူသုံးစွဲရာတွင် စနစ်တကျြဖင့် ဆောင်ရွက်ရန်လို

ကုန်သွယ်မှုနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် နှစ်စဉ်လိုငွေပြလျက်ရှိပြီး ကုန်ထုတ် လုပ်မှုတွင်လည်း ဒေသတွင်းနိုင်ငံများထက် အားနည်းလျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ် ကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များ ပန်းတိုင်ရည်မှန်းချက်ပြည့်မီစွာ ရရှိမည်ဆိုပါက ပို့ကုန်ပစ္စည်းများတိုးတက်လာမည်ဖြစ်ပြီး ဥပမာအားဖြင့် ဆန်စပါး တစ်ခုတည်းကိုပင် ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားရေးသည် လည်း များစွာတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများ အောင်မြင် မှုရရှိရေး၊ အထွက်နှုန်းများ တိုးတက်လာစေရေးအတွက် နိုင်ငံတော်အနေဖြင့် နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေများ ပေးအပ်ထားပြီးဖြစ်ကြောင်း၊ သို့ သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်မှုများ ရရှိမှုအားနည်းလျက်ရှိ သည်ကို တွေ့မြင်ရကြောင်း၊ ထို့ကြောင့် တိုက်ရိုက်သက်ဆိုင်နေသည့် ဝန်ကြီးဌာနများ၊ တာဝန်ရှိသူများအနေဖြင့် အလေးထား အားထည့်ဆောင်ရွက်သွားကြရန်လိုကြောင်း။

မိမိအနေဖြင့် မြေပေါ်မြေအောက် သယံဇာတများ ထုတ်ယူရောင်းချခြင်းကို အား မပေးသော်လည်း ပြန်လည်ပြည့်ဖြိုးနိုင်သည့်၊ ဖြည့်တင်းနိုင်သည့် ကိစ္စရပ်များကို နိုင်ငံတော်၏လိုအပ်ချက်အရ ခွင့်ပြုပေးထားကြောင်း၊ သစ်တောသယံဇာတများ ထုတ် ယူ၍ လိုအပ်သည့်နေရာများတွင် သုံးစွဲနိုင်သည်ဖြစ်သော်လည်း ပြန်လည် စိုက်ပျိုးခြင်း များကို ဆောင်ရွက်၍ စဉ်ဆက်မပြတ်သည့် သယံဇာတနှင့် သဘာဝကို ပျက်စီးမှုမရရှိ အောင် စနစ်တကျဆောင်ရွက်ရမည်ဖြစ်ကြောင်း။

တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့် စနစ်တကျဆောင်ရွက်ရန်လို

တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍လည်း အားနည်းချက်များရှိနေဆဲဖြစ် ကြောင်း၊ တရားဥပဒေစိုးမိုးရေးတွင် အုပ်ချုပ်ရေးအဖွဲ့အစည်းများရှိပြီး လုံခြုံရေးနှင့် ပတ်သက်ပါကတပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ သည် ပါတီနိုင်ငံရေးကင်းရှင်းစွာဖြင့်ဆောင်ရွက်ရမည်ဖြစ်ပြီး လူပုဂ္ဂိုလ်အတွက် ဆောင် ရွက်ခြင်းမဟုတ်ဘဲ နိုင်ငံ့အကျိုးအတွက် တာဝန်ထမ်းဆောင်ခြင်း ဖြစ်စေလို ကြောင်း၊ ထို့ကြောင့် တာဝန်ထမ်းဆောင်ရာတွင် အုပ်ချုပ်မှုအားနည်းဖြစ်စဉ်များ၊ လုံခြုံရေး အားနည်းဖြစ်စဉ်များ ဖြစ်ပေါ်မှုမရှိစေရေး သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီသာ ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ အစိုးရသည် နိုင်ငံရေးကင်းရှင်းသည့်အစိုးရဖြစ်ပြီး နိုင်ငံရေးအစိုးရမဟုတ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း အများစုဖြင့် ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း နိုင်ငံ့ဝန်ထမ်းများကိုသာ အဆင့်အလိုက် တာဝန်ပေးအပ်ထား ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးတွင် မှန်မှန် ကန်ကန်ဖြစ်ရမည်ဖြစ်ပြီး ဘက်လိုက်မှုမရှိဘဲ စည်းမျဉ်းစည်းကမ်းအတိုင်းသာ ဖြစ်ရမည်ဖြစ်ကြောင်း။

နိုင်ငံ့ဝန်ထမ်းများအတွက် ချီးမြှင့်ထောက်ပံ့မှုများဆောင်ရွက်ပေးလျက်ရှိ

နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်၍ မိမိတို့အစိုးရအနေဖြင့် ထောက်ပံ့မှုများ ဆောင် ရွက်ပေးခဲ့ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအတွက် လစာနှုန်းထား မတိုးမြှင့်ပေးနိုင်ခဲ့သော် လည်း အခြားထောက်ပံ့မှုများနှင့် ချီးမြှင့်မှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊  အဓိက မှာ ကုန်ဈေးနှုန်းကြီးမြှင့်မှုကို ဖြေရှင်းပေးနိုင်ရန်ဖြစ်ပြီး ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးကိုရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အငြိမ်းစား နိုင်ငံ့ ဝန်ထမ်းများအတွက်လည်း ပင်စင်ခံစားခွင့်နှုန်းထားများကို တိုးမြှင့်ပေးခဲ့ကြောင်း၊ ချီးမြှင့်မှုများတွင် ပညာရပ်ပိုင်းဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ၊ လုံခြုံရေးဆိုင်ရာစသည် ဖြင့် ချီးမြှင့်ပေးလျက်ရှိသကဲ့သို့ နေထိုင်ရေးနှင့်ပတ်သက်၍လည်း စနစ်တကျဖြင့် အဆင်ပြေချောမွေ့မှုရှိစေရေး စီမံဆောင်ရွက်ပေးလျက် ရှိကြောင်း။

မကြာမီကျင်းပမည့် အခြေခံပညာကျောင်းစာမေးပွဲများအားလုံး အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ရန်လို

ပညာရေးနှင့်ဆက်စပ်၍ တစ်နိုင်ငံလုံးတွင်ရှိသည့် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ကောလိပ်များအားလုံး ဖွင့်လှစ်ပေးနိုင်ရေး  စီမံဆောင်ရွက် လျက်ရှိ သော်လည်း အချို့သောနယ်မြေများ၌ နယ်မြေအခြေအနေအရ မဖွင့်လှစ်နိုင်သည့် ကျောင်းများရှိကြောင်း၊ ဥပမာအားဖြင့် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်တို့ရှိ အချို့သောမြို့နယ်များ၌ လက်နက်ကိုင်အကြမ်းဖက်မှုများ၊ ခြိမ်းခြောက်မှုများကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိ ကြောင်း၊ မိမိတို့အနေဖြင့် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ကောလိပ်များ အားလုံးတတ်နိုင်သမျှ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ပေးထားသော်လည်း အဖျက်အမှောင့် လုပ်ရပ်များကို လုပ်ဆောင်သူများကြောင့် မဖွင့်လှစ်နိုင်ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် များစွာထိခိုက်နစ်နာရလျက်ရှိကြောင်း၊ လာ မည့် ဖေဖော်ဝါရီလ၊ မတ်လ တို့တွင်အခြေခံပညာစာမေးပွဲများ ကျင်းပတော့မည်ဖြစ်ပြီး အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တာဝန် ရှိသူများ၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများအားလုံး အထူးအလေးထားဆောင်ရွက် သွား ကြရမည်ဖြစ်ကြောင်း၊ လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ရွာအကျိုးလိုလားသူ များအားလုံး အတူတကွ ဝိုင်းဝန်းပေါင်းစပ်၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ စာသင်နှစ် တစ်နှစ် နစ်နာခြင်းသည် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် တိုင်းပြည် အတွက် ထိခိုက်နစ်နာစေခြင်းပင်ဖြစ်သည့်အတွက် နစ်နာမှုမရှိရအောင် ဝိုင်းဝန်း ကြိုး ပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အဖျက်အမှောင့်လုပ်ဆောင်နေသူများအနေဖြင့် ကိုယ်ချင်းစာတရားကင်းမဲ့စွာ၊ အသိဉာဏ်ခေါင်းပါးစွာဖြင့် ပညာရေးကို ထိခိုက်နစ်နာ အောင်လုပ်ဆောင်လျက်ရှိသော်လည်း မိမိတို့အနေဖြင့် ဝိုင်းဝန်းပူးပေါင်းညီညွတ်သည့် အားဖြင့် ပညာရေးကောင်းအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ရှိအရေးကြီး သည်မှာ အခြေခံပညာကျောင်းစာမေးပွဲများအားလုံး အောင်မြင်စွာ ပြီးမြောက်စေရေး အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုံခြုံရေးအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ ကျောင်းသား၊ ဆရာ၊ မိဘများ အားလုံး အင်ပြည့်အားပြည့်ဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြ ရမည်ဖြစ် ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံအနေဖြင့် ပြည်ပမှတင်သွင်းရသည့် သွင်းကုန်များတွင် ဘိလပ်မြေသည်လည်းတင်သွင်း ရသည့် သွင်းကုန်တစ်ခုဖြစ်ကြောင်း၊ ပြည်တွင်း၌အဆင့်မြင့်ဘိလပ်မြေကို ထုတ်လုပ်နိုင် မှုမရှိ သော်လည်း အခြေခံဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် ဘိလပ်မြေ များကို လုံလောက်စွာထုတ်လုပ်နိုင်ကြောင်း၊ နိုင်ငံအတွင်းရှိ ဘိလပ်မြေစက်ရုံများ အပြည့်အဝ လည်ပတ်နိုင်ရေး လိုအပ်သည့်သွင်းအားစုများရရှိအောင်  အဓိကသက်ဆိုင် သည့် စက်မှုဝန်ကြီးဌာန၏ ကြိုးစားဆောင်ရွက်မှု၊ နှီးနွှယ်ဝန်ကြီးဌာနများ၏ ဝိုင်းဝန်း ကူညီပံ့ပိုးမှု တို့ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဘိလပ်မြေကို မိမိတို့ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်အောင်  ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း။

ထို့အတူ သံနှင့်သံမဏိသည်လည်း တည်ဆောက်ရေး လုပ်ငန်းများအတွက် မရှိမဖြစ် လိုအပ်သည့်ပစ္စည်းဖြစ်ကြောင်း၊ အဆိုပါသံမဏိများကိုလည်း နှစ်စဉ်ပြည်ပမှ တင်သွင်းနေရကြောင်း၊ သံနှင့်သံမဏိကို ပြည်တွင်း၌လုံလောက်စွာ ထုတ်လုပ်နိုင် ရန် အခြေခံကောင်းများရှိပြီးဖြစ်သော်လည်း ထုတ်လုပ်နိုင်မှုမရှိသေးသဖြင့် သံမဏိ စက်ရုံ များ လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ တာဝန်ရှိသူများ အနေ ဖြင့်လည်း သံနှင့်သံမဏိလုပ်ငန်းများတွင် စီးပွားရေးလုပ်ငန်းရှင်များ စိတ်ပါဝင်စားစွာ ရင်းနှီးမြှုပ် နှံလာအောင် စည်းရုံးဆောင်ရွက်သွားရန်လိုကြောင်း။

လျှပ်စစ်နှင့်ပတ်သက်၍ နိုင်ငံတော်က ဆောင်ရွက်နေသည့် စီမံကိန်းကြီးများ အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အသေးစားလျှပ်စစ် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များဖြစ်သည့် ရေအား၊ လေအား၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းများကို ဒေသအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် မှာကြား ခဲ့ကြောင်းသတင်းရရှိသည်။