KIA အဖွဲ့မှ ထောင်ထားသည့် နင်းမိုင်း နင်းမိပေါက်ကွဲသဖြင့် ဒေသခံပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

Sunday, May 16, 2021 - 15:15

KIA အဖွဲ့မှ ထောင်ထားသည့် နင်းမိုင်း နင်းမိပေါက်ကွဲသဖြင့် ဒေသခံပြည်သူ ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ မေ - ၁၆

          ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊  ကွမ်ဘန်ကျေးရွာအုပ်စု၊ ဝဝမ်ကျေးရွာနေ ဦးတူးမိုင်(ဘ)ဦးခန့်ဂျယ်လရစ် နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခေါန်ရာ တို့သည် မေ ၁၅ ရက် ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် တောင်ယာသို့ သွားရောက်စဉ် ကျေးရွာ၏ အရှေ့ဘက်မီတာ ၂၀၀ ခန့်အကွာသို့ အရောက်၌ KIA အဖွဲ့မှ ထောင်ထားသည့် နင်းမိုင်း ၂ လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတို့ ၂ ဦးတွင်  မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

          အဆိုပါမိုင်းထိလူနာအား ဗန်းမော်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။