နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ခွန်စံလွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တပ်မတော်ကွန်ပျူနှင့်နည်းပညာသိပ္ပံ(ဟိုပုံး) ကျောင်းအုပ်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ(၂၇)ရက် မွန်းလွဲ(၁)နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် စံဖူး ဘုန်းတော်ကြီး ကျောင်းအား သွားရောက်၍ ဆရာတော်ဦးဣန္ဒက ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နဝကမအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြသည်။
ဆက်လက်၍နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စံဖူးကျေးရွာမှ မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က စံဖူးကျေးရွာရှိ မီးဘေးသင့် ပြည်သူများကို အားပေးစကားပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စံဖူးကျေးရွာမှ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေကျပ်သိန်း(၁၀၀၀)ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က ပေးအပ်ရာ စံဖူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးခွန်မောင်ဖြူ၊ စံဖူးကျေးရွာ သူကြီး ဦးထွန်းလှတို့မှ လက်ခံရယူ၍လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့က စံဖူးကျေးရွာမီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေကျပ်သိန်း(၃၀၀)ကို ရှမ်းပြည် နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများက လှူဒါန်းပေး အပ်ရာ စံဖူးကျေးရွာမှ မိုးပျဉ်နှင့်မိုးဒုတ်တို့မှ လက်ခံရယူကြ ကြောင်းသိရသည်။
ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ခွန်စံလွင်၊ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် စံဖူးကျေးရွာမှ မီးဘေးသင့် ပြည်သူများ အိမ်များပြန်လည် တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှု ကြကြောင်း သိရှိရသည်။