လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများ သည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ မြို့/ရွာများနှင့် နိုင်ငံတော်ပိုင်အဆောက် အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ ၎င်းတို့အား မထောက်ခံသည့် ဒေသခံပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ လမ်း/ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်နေသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေးတို့အတွက် အသက်ကိုပဓာနမထားဘဲ စွန့်လွတ်စွန့်စား သည့်စိတ်ဖြင့် တိုက်ခိုက်ချေမှုန်းလျက်ရှိပြီး နယ်မြေလုံခြုံရေးတာဝန်များကိုလည်း ထမ်း ဆောင်လျက်ရှိသည်။
ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်း ပြည်သူလူထု ၏ အသက်အိုးအိမ်စည်းစိမ်နှင့် လူမှုစီးပွားဘဝကို ကာကွယ်စောင့်ရှောက်နေပြီး လုံခြုံရေးတာဝန်များထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ကန့်ဘလူမြို့၌ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ သံဃာတော်များက အောင်သပြေပန်းများ၊ ပန်းကုံးများ၊ အိုးစည်ဒိုးပတ်များဖြင့် သောင်းသောင်းဖျဖျ ကြိုဆိုထောက်ခံ အားပေး လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း နယ်မြေတည်ငြိမ်အေးချမ်း ရေးကို အမြန်ဆုံးရရှိအောင် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter – Terrorism Operation)ကို ဂျီနီဗာကွန်ဗန်းရှင်း(၄)ရပ်ကိုအခြေခံသော လက်နက်ကိုင် ပဋိပက္ခ ဆိုင်ရာဥပဒေ (Law of Armed Conflict) ပြဋ္ဌန်းချက်များနှင့်အညီ ထုတ်ပြန် ထားရှိသည့် ထိတွေ့တိုက်ခိုက်မှုဆိုင်ရာစည်းမျဉ်း (Rules of Engagement-ROE) အတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။