တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော် ရရှိတော်မူသောဆရာတော်တော်ထံသို့ ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ဆက်ကပ်ပေး

Saturday, January 27, 2024 - 17:00

တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော် ရရှိတော်မူသောဆရာတော်တော်ထံသို့ ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ဆက်ကပ်ပေး ပို့သည့် ဂုဏ်ယူဝမ်းမြောက် ကြောင်းသဝဏ်လွှာဆက်ကပ်သည့်အခမ်းအနားကျင်းပ

ရန်ကုန် ၊ ဇန်နဝါရီ ၊ ၂၇

(၇၆)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် တိပိဋကဓရ တိပိဋကကောဝိဒ (၁၆)ပါးမြောက်ဘွဲ့တံဆိပ်တော်မြတ် ရရှိတော်မူသည့် ဆရာတော်ထံသို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ဆက်ကပ်ပေးပို့သည့် ဂုဏ်ယူ ဝမ်းမြောက် ကြောင်းသဝဏ်လွှာဆက်ကပ်သည့်အခမ်းအနားအားရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့နယ်၊ မင်းကွန်းတိပိဋက နိကာယကျောင်း တွင်ကျင်းပသည်။

ရှေးဦးစွာအခမ်းအနားအားရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီးရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ဆက်ကပ်ပေးပို့သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာအား ဖတ်ကြားလျှောက်ထားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံ ဆိပ်တော်ရ ဆရာတော်ဘဒ္ဒန္တပညာသိရီလင်္ကာရ အားဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာအား ဆရာတော်ထံ ဆက်ကပ်သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယ ဝန်ကြီး နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆရာတော်အားလှူဖွယ်ပစ္စည်းများနှင့်နဝကမ္မအလှူတော်ငွေများဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ဆရာတော်က သဗ္ဗီတိယောဝိဝဇ္ဇန္နုအစရှိသော ဂါထာတော်အားရွတ်ဆို ပြီး သဝဏ်လွှာဆက်ကပ်သည့်အခမ်းအနားအား ဗုဒ်ဓသာသနံစီရံတိဌာတု သုံးကြိမ်ရွက်ဆို ဆုတောင်း၍ အောင်မြင်စွာပြီးဆုံးခဲ့ကြောင်းသိရသည်။