မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ နယ်မြေ ရဲစခန်းပတ်ဝန်းကျင်ရှိ နေအိမ်များကို တပ်မတော်မှ မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင် လျက်ရှိကြောင်း သတင်းတု၊ သတင်းမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများမှ လူမှုကွန်ရက်ပေါ်တွင် မဟုတ် မမှန်ရေး သားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွလုံခြုံရေးစခန်း အား ၂၀၂၃ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် PDF အမည်ခံအကြမ်းဖက် သမားများနှင့် KNLA လက်နက်ကိုင်ပူးပေါင်းအဖွဲ့များမှ ဝိုင်းဝန်းပိတ်ဆို့ကာ စခန်း ဝန်းကျင်ရှိ နေအိမ်များတွင် ဝင်ရောက်နေရာယူ၍ ကတုတ်ကျင်းများ ၊ ဘန်ကာများ တူးဖော်အသုံးပြုတိုက်ခိုက်ခြင်းအပါအဝင် လူနေအိမ်များရှိ ပစ္စည်းများယူဆောင်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းစသည့် လုပ်ဆောင်မှုများကြောင့် ကျေးရွာရှိ နေအိမ်များ မီးလောင် ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာနယ်မြေလုံခြုံရေးဆိုင်ရာ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရသိရသည်။
အလားတူ ဇန်နဝါရီ ၂၂ ရက်နေ့မှစ၍ တပ်မတော်မှ ကော့ကရိတ်မြို့နယ်အတွင်းရှိ ဒေသခံများအား လူသားဒိုင်းပြုလုပ်ပြီး အသုံးပြုလျက်ရှိကြောင်း သတင်းတု၊ သတင်းမှား များကို တရားမဝင် ပြည်ဖျက်မီဒီယာများမှ လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန် ရေးသား ဖြန့်ဝေနေသည်ကိုတွေ့ရှိရပြီး တပ်မတော်အနေဖြင့် ကော့ကရိတ်မြို့နယ် အတွင်း လိုအပ် သောလုံခြုံရေးလုပ်ငန်းများနှင့်ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် လျက်ရှိကြောင်းနှင့် တရားမဝင်ပြည်ဖျက် မီဒီယာများက လုပ်ကြံရေးသား ထားသည့် သတင်းမှားသာဖြစ်ကြောင်း သတင်းရရှိသည်။