မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ဌာနဆိုင်ရာရုံးများတွင် ဗုံးခိုကျင်းများ တူးကြရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားထားကြောင်း သတင်းတု၊ သတင်းမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများမှ လူမှုကွန်ရက်ပေါ်တွင် မဟုတ် မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ မွန်ပြည်နယ်၊ ဘီးလင်းမြို့အတွင်း ဌာနဆိုင်ရာ ရုံးများကို ညွှန်ကြားချက်ထုတ်ပြန်ထားခြင်းမရှိကြောင်းနှင့်အများပြည်သူ စိုးရိမ်ထိတ်လန့် မှုဖြစ်ပေါ်စေရန် ကောလာဟလသတင်းတုဖြန့်ဝေရေးသားခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများသည် နိုင်ငံတည်ငြိမ်အေးချမ်းမှုပျက်စီးစေရန်၊ ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်စေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု၊ သတင်းမှားများကို ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။