ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် အပြည်ပြည်ဆိုင်ရာအကောက်ခွန်နေ့ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား ရန်ကုန်  ဇန်နဝါရီ  ၂၆

Friday, January 26, 2024 - 15:45

အပြည်ပြည်ဆိုင်ရာ အကောက်ခွန်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အကောက်ခွန်ဦးစီးဌာန(ရုံးချုပ်)၊ ဇေယျာသီဟခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အကောက် ခွန်ဦးစီးဌာန အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

          ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာ စကားပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ၁၉၉၁ ခုနှစ်က ကမ္ဘာ့အကောက်ခွန်အဖွဲ့ (World Customs Organization- WCO) သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီးနောက် ယခု ၂၀၂၄ ခုနှစ် အတွက် အပြည်ပြည်ဆိုင်ရာအကောက်ခွန်နေ့ဆောင်ပုဒ်မှာ “Customs-Engaging Traditional and New Partners with Purpose” ဖြစ်ပါကြောင်း၊ ကမ္ဘာ့အကောက်ခွန်အဖွဲ့၏ မူလအခြေခံရည်မှန်းချက် သည် အဖွဲ့ဝင်နိုင်ငံများရှိ အကောက်ခွန်ဌာနများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် ဖော်ပြထားသည်ကိုတွေ့ရ ကြောင်း၊ အထူးသဖြင့် အကောက်ခွန်များ ပြည့်ဝစွာ ကောက်ခံရရှိရေး၊ အမျိုးသားလုံခြုံရေး၊ ကုန်သွယ်မှု လွယ်ကူလျင်မြန်ချောမွေ့လွယ်ကူစေရေး၊ လူမှုအဖွဲ့အစည်းကို ကာကွယ်စောင့်ရှောက် နိုင်ရေးနှင့် ကုန်သွယ်မှုစာရင်းများ စနစ်တကျမှတ်တမ်းတင်နိုင်ရေးတို့ဖြစ်ကြောင်း၊ အကောက်ခွန် ဦးစီးဌာနအနေဖြင့် သမားရိုးကျလုပ်ငန်းဆောင်ရွက်မှုမှ နည်းပညာပလက် ဖောင်းလမ်းကြောင်းတွင် ခေတ်မီနည်းပညာများဖြင့် နိုင်ငံ့တာဝန်ကိုထမ်းဆောင်နိုင်ရေးသည် အရေးကြီးကြောင်း၊ လက်ရှိ အကောင်အထည်ဖော်နေသည့် မြန်မာ့ကုန်ပစ္စည်းအလိုအလျောက်ရှင်းလင်းရေး စနစ် (Myanmar Automated Cargo Clearance System - MACCS) စနစ်ကို အခြေခံပြီး နိုင်ငံတော်ပြတင်း တစ်ပေါက်စနစ် (National Single Window) စနစ်နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး တွန်းအား ပေးဆောင်ရွက်ရန် တိုက်တွန်းပြောကြားလိုကြောင်း၊ အပြည်ပြည်ဆိုင်ရာအကောက်ခွန်နေ့ အခမ်းအနားတွင် မှာကြားလိုသည်မှာ အကောက်ခွန်ဦးစီးဌာန၏ဂုဏ်ကို ရေရှည်လင်းလက် တောက်ပနေရန် အရှိန်မြှင့်တင်၍ အစွမ်းကုန်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အကောက်ခွန် ဝန်ထမ်းများ၏ကြိုးပမ်းဆောင်ရွက်မှုများကိုထာဝစဉ်မှတ်ကျောက်တင်ခံနိုင်စေရေးအတွက် အလေး ထားဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က အကောက်ခွန် ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တို့က အကောက်ခွန်ဦးစီးဌာနရှိ ဌာနခွဲများအလိုက် ဂုဏ်ပြုမှတ်တမ်းတင်ဆုရ ဘောလုံးအသင်း၊ ချီးကျူးဂုဏ်ပြုဆုရရှိကြသူများ၊ လုပ်ငန်းစွမ်းဆောင်ရည် ချီးကျူးဂုဏ်ပြုဆုရရှိကြသူများ၊ တိုင်းဒေ သကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၏ ဂုဏ်ပြုမှတ်တမ်းတင် ဆုရရှိကြသူများ၊ ဘဏ္ဍာနှစ်အတွင်း အခွန်လျာထားချက် ကျော်လွန်အောင် ကောက်ခံနိုင်သည့်အတွက် ချီးကျူးဂုဏ်ပြုဆုရရှိကြသူများ၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့်အတွက် ချီးကျူးဂုဏ်ပြုဆု ရရှိကြသူများ၊ လုပ်ငန်းစွမ်း ဆောင်ရည် ဂုဏ်ပြုမှတ်တမ်းတင်ဆုရရှိကြသူများ၊ သွေးလှူဒါန်းမှု (၅) ကြိမ်နှင့်အထက် ချီးကျူး ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းတင်ဆု ရရှိကြသူများ၊ ဌာနခွဲအလိုက် လုပ်ငန်းစွမ်းဆောင်ရည်ဆု ရရှိကြသူများနှင့် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိကြသည့် အကောက်ခွန် ဝန်ထမ်းမိသားစုဝင်များကို ဆုများပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် ဒုတိယ ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ဆုရရှိ သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပါသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့်အဖွဲ့သည် အကောက်ခွန်ဦးစီးဌာန၏ တစ်နှစ်တာလှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများအား ကြည့်ရှုလေ့လာကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အကောက်ခွန်သမိုင်း ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုကြပြီး ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးသည်။ ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အကောက်ခွန်ဦးစီးဌာနရှိ E-Lock Control Room မှတစ်ဆင့် လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားခြင်း၊ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။