စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မုံရွာမြို့၊ ရွှေမြို့တို့ အတွင်းရှိဘုရားစေတီ (၁၂)ဆူမှ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင် ၁၇၆ ဦး၊ အုပ်ချုပ်သူ ၃ ဦးနှင့် စစ်ကိုင်းမြို့ သုခကာရီဓမ္မအလင်းရောင်အသင်းမှ ၄ဝ ဦး၊ စုစုပေါင်း ၂၁၉ ဦးတို့သည် ယနေ့ညနေပိုင်း တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော် တွင် တည်ထားပူဇော်သည့်ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုပြသည် ။
ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီးတည်ထား ကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွား တော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့် ဆင့်ဖြင့် အောင်မြင်စွာတည်ထား ပူဇော် နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက် ကိရိ ယာများအသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင် ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှုအ ခြေအနေတို့ကို ရှင်းလင်း ပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ရန်အဆင့်ဆင့်ဆောင်ရွက်ခဲ့မှုဗီဒီယို မှတ်တမ်း ကိုပြသသည်။
ထို့နောက် ဘုရားဖူးလာဂေါပကအဖွဲ့ဝင်များက ယခုကဲ့သို့ ရုပ် ပွားတော်မြတ်ကြီး အား အဆင်ပြေချောမွေ့စွာလာရောက်ဖူးမြော်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးမှု များနှင့်ရုပ်ပွားတော်မြတ်ကြီးတည် ဆောက်ပူဇော်ခဲ့မှု လုပ်ငန်းစဉ်အ ဆင့်ဆင့်ကို အသေးစိတ်ရှင်း လင်းပြောကြားပေးမှုများအပေါ် ကျေးဇူးတင်စကားများ ပြောကြားကြ သည်။ ထို့နောက်ဘုရားဖူးလာ ဂေါပကအဖွဲ့ဝင်များက ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု အခြေအနေနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကိုမေး မြန်းကြရာ တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ယင်းနောက် ဂေါပကအဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းကြသည်။ ဆက်လက်၍ ဘုရားဖူးလာဂေါပကအဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြပြီး ဘုရားရင်ပြင်တော် ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ ၊ မော်ကွန်းတိုက်၌ မာရဝိဇယ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ပုံစံငယ်ပြသ ထားမှု၊ မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များနှင့် အခြားသာသနိက အဆောက်အအုံများကို ဖူးမြော်လေ့လာကြည်ညိုခဲ့ကြသည်။
ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်း ရှင်လူဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိသည်။
ဦးထွန်းဌေး၊ စစ်ကိုင်းသုခကာရီ လေးကျွန်းမြေအုဌ်ကျောင်း
စစ်ကိုင်းမြို့က သုခကာရီကျန်းမာရေးနဲ့လူမှုကူညီရေးအသင်းကြီး အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းဌေး ဖြစ်ပါတယ်။ ဒီဘုရားကြီးကို ကျွန်တော်တို့ဆီကနေလာဖူးဖို့ဆိုတာ တော်တော်ခဲယဉ်းတယ်။ အခုလို တိုင်းဒေသကြီးအစိုးရကနေ စီမံဆောင်ရွက်ပေးမှုကြောင့် ကျွန်တော်တို့အဖွဲ့တွေ သွားရေးလာရေး၊ စားသောက် စရိတ်တွေရော အားလုံးအကုန်အကျခံပီးတော့ ဘုရားဖူးမျှော်ခွင့်ပေးတဲ့အတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ပြီးတော့ ဒီမှာအံ့မခန်းတွေ့ရှိရတဲ့ ဘုရားကြီးကိုလည်း မထင်မှတ်ဘဲ သဒ္ဓါတရားရှိရှိ ဖူးမျှော်ခွင့်ရခဲ့တဲ့အတွက် တကယ်ကိုကျေးဇူးတင်ရပါတယ်။ နိုင်ငံတော်အစိုးရကို လည်းကျေးဇူးတင်ရှိကြောင်း ဒီကနေပြောလိုပါတယ်။
ဦးခင်ဇော်၊ စစ်ကိုင်းမြို့၊ မဟာရွှေစည်းခုံ စေတီတော်ကြီး ဂေါပကအဖွဲ့ဝင်
ကျွန်တော့နာမည် ဦးခင်ဇော်ပါ။ ကျွန်တော်က စစ်ကိုင်းမြို့ ပါရမီရပ်ကွက် မဟာရွှေစည်းခုံစေတီတော်ကြီး ဂေါပကအဖွဲ့ဝင် ဖြစ်ပါတယ်။ အခုဒီလိုလာရောက်ဖြစ်တာကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လမ်းညွှန်ချက်အရ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်ရဲ့စီစဉ်ပံ့ပိုးမှုနဲ့ စစ်ကိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌ ဦးကျော်စွာမောင်စိုး ဦးစီးပြီး အခုလိုနေပြည်တော်ရှိမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုလာရောက်ဖူးမြှော်ကြတာဖြစ်ပါတယ်။ လာတာက တော့စစ်ကိုင်းမြို့မှာရှိတဲ့ ဂေါပကအဖွဲ့ဝင်များ၊ မုံရွာမြို့နယ်မှာရှိတဲ့ဂေါပကအဖွဲ့ဝင်များ၊ ရွှေဘိုမြိုနယ်နှင့် ဝက်လက်မြို့နယ်မှာရှိတဲ့ ဂေါပကအဖွဲ့ဝင် စုစုပေါင်း ၂၁၉ ဦး လာရောက်ဖူးမြှော်ကြခြင်းဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်အနေနဲ့ ဘုရားကြီးနဲ့ပတ်သက်ပြီး ရုပ်မြင်သံကြားသတင်းတွေမှာလည်းကြည့်ရှုဖူးပါတယ်။ ဒါပေမယ့် အခု ကိုယ်တိုင်ကိုယ်ကျဖူးမြှော်ရတဲ့အချိန်မှာ လွန်စွာမှ ကြည်ညိုရပါတယ်။ ပြုလုပ်တည််ဆောက်ထားတာ တွေကလည်း အင်မတန်မှကြီးကျယ်ခမ်းနားလွန်းလှပါတယ်။ ဝမ်းသာကြည်နူးဖြစ်မိပါတယ်။ ရင်သပ်ရှုမော ဖွယ်ဖြစ်မိပါတယ်။ တည်ဆောက်ထားတဲ့ ဦးဆောင်ဘုရားဒယကာကြီးဖြစ်တဲ့ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ပါဝင်တဲ့ဘုရားဒယကာတွေအကုန်လုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဂုဏ်လည်းယူမိပါတယ်။ ဝမ်းလည်းသာပါတယ်။ တည်ဆောက်ထားတာက ပြီးပြည့်စုံလွန်းလှပါတယ်။ ဘက်စုံ ပေါ့လေ။ သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားတာအင်မတန်မှကောင်းမွန်ပါတယ်။ ကျွန်တော်တို့ ဘုရားတွေတောင် ဒီလောက်ဆောင်ရွက်နိုင်စွမ်းမရှိပါဘူး။ အခုဒီလိုဖူးမြှော်ရတာ ကျွန်တော်တို့ဂေါပကတွေ အတွက် ပညာတွေအများကြီးရပါတယ်။ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ဘုရားဖူးပြည်သူတွေအနေနဲ့ ဒီဘုရားကြီးကို လာရောက်ဖူးမျှော်သင့်ပါတယ်လို့ ဖိတ်ခေါ်ချင်ပါတယ်။
ဦးစိုးဝင်း၊ ဆွမ်းဦးပုံညရှင်ဘုရားဂေါပကအဖွဲ့ဝင်
မာရဝိဇယဗုဒ္ဓရုပ်ပွားဆင်းတုတော်မြတ်ကြီးကို စတင်တည်ဆောက်စဉ်မှစလို့ ရုပ်မြင်သံကြားမှာ အကြိမ် ကြိမ်ဖူးမြှောကြည်ညိုရပါတယ်ခင်ဗျ။ သို့သော်လည်း ကိုယ်တိုင်ကိုယ်ကျလာရောက်ဖူးတွေ့ရတဲ့အခါမှာ ကျွန်တော်တို့ မြန်မာဗိသုကာပညာရှင်များရဲ့ မြန်မာ့ယဉ်ကျေးမှုအနုပညာလက်ရာများကို ဖော်ထုတ်ထားတာ တွေ့ရှိရတဲ့အတွက် မြန်မာပြည်သူပြည်သားတစ်ယောက်အနေနဲ့များစွာ ဂုဏ်ယူဝမ်းသာပီတိဖြစ်ရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ဂေါပကအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်ပြီးအခုလိုပို့ဆောင်ပေးတာဖြစ်ပါတယ်။ အဲလိုပို့ဆောင်ပေးတဲ့အတွက်ကြောင့်လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုကျေးဇူးတင်သလို ကျွန်တော်တို့အဖွဲ့များကို ခရီးဦးကြိုပြုပြီး နွေးထွေးစွာ ကြိုဆိုပေးတဲ့ မာရဝိဇယဂေါပကအဖွဲ့မှတာဝန်ရှိပုဂ္ဂိုလ်များကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်နောင်ကိုလည်း လာရောက်ဖူးမြှော်ပါရစေလို့လည်း ဆုတောင်းပါတယ်။ အခုလိုမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ကိုယ်တိုင် ကိုယ်ကျလာရောက်ဖူးမြှော်ရတဲ့အတွက် ကျွန်တော်တို့ရဲ့ရင်တွင်းမှာဖြစ်ပေါ်နေတဲ့သောကအပူတွေကိုလည်း ကင်းငြိမ်းသွားတယ်လို့ခံစားရပါတယ်ခင်ဗျ။ အားလုံးကိုကျေးဇူးတင်ပါတယ်။