ခရမ်းမြို့နယ်၌ အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ပြည်သူတစ်ဦးသေဆုံး

Saturday, May 15, 2021 - 17:00

ခရမ်းမြို့နယ်၌ အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ပြည်သူတစ်ဦးသေဆုံး

နေပြည်တော်၊ မေ - ၁၅

          နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထု များကြားတွင် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ကာ ရန်ကုန်တိုင်း ဒေသကြီး၊ ခရမ်းမြို့နယ်၌ အေးချမ်းစွာ သွားလာနေသော အပြစ်မဲ့ပြည်သူ တစ်ဦးအား အကြမ်းဖက်သမားများက အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်ခဲ့ ကြောင်း သိရှိရသည်။

          ဖြစ်စဉ်မှာ မေ ၁၄ ရက် ညနေ ၄ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်တွင်နေထိုင်သော ကျော်မြင့်နိုင်(ခ)မင်းမင်း (ဘ)ဦးတင်ရွှေသည် (၃)ရပ်ကွက်၊ အောင်သစ္စာလမ်းနေ ဦးညီလှလမ်းသို့ ဆိုင်ကယ်မောင်းနှင်လာစဉ် မျက်နှာချင်းဆိုင်မှ အကြမ်းဖက်သမား ၂ ဦး က ဆိုင်ကယ်ဖြင့် ရောက်ရှိလာကာ သေနတ်ဖြင့် ၆ ချက်ခန့် ပစ်ခတ်ထွက်ပြေးသွား ခဲ့သဖြင့် အဆိုပါ ကျော်မြင့်နိုင်(ခ)မင်းမင်း သည် အခင်းဖြစ်ပွားရာနေရာ၌ ဝဲဘက်ရင်အုံ၊ ယာဘက်ရင်အုံ၊ ဝမ်းဗိုက်၊ ယာလက်ဖျံ၊ ဝဲလက်မောင်းရင်းနှင့် မီးညှောင်ရိုးတို့တွင် သေနတ်ဒဏ်ရာများ ရရှိလျက် သေဆုံးသွားခဲ့ကြောင်း သိရှိ ရသည်။

          အထက်ပါဖြစ်စဉ်တွင် ဒေသအတွင်း ဆူပူအကြမ်းဖက်မှုကို ရှေးရှုပြီး ပြည်သူများ အကြောက်တရားလွှမ်းမိုးစေရန် အကြောင်းမဲ့ရက်စက်စွာ သတ်ဖြတ်ခဲ့သော အကြမ်းဖက်သမားများအား တရားဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။