ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့်ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပြည်နယ်တိုင်းဒေသကြီး အသီးသီးမှ ယုရားဖူး ဂေါပကအဖွဲ့များအား လာရောက်လျှက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ် အတွင်းရှိ ဘုရားစေတီများမှဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ လာရောက်ဖူးမြော်ကြည်ညို ကြရာ အဆိုပါ ဂေါပကအဖွဲ့များ၏ စကားသံများအား ဖော်ပြလိုက်ရပါသည်။
ဦးအောင်သူဝင်း ဒုတိယညွန်ကြားရေးမှူး ကရင်ပြည်နယ်သာသနာရေး
ကရင်ပြည်နယ်မှ ဂေါပကအဖွဲ့တွေကို စုစည်းပြီး မာရဝိဇယဘုရားကြီးကို လာရောက် ဖူးမြော်ဖို့အတွက် ဂေါပကအဖွဲ့ စုစုပေါင်း ၄၈ ဦးကို ဦးဆောင်ပြီး ကရင်ပြည်နယ်မှ လာရောက် ခဲ့တာပါ၊ အခုလို လာရောက်ရတာကတော့ အမျိုးသားရေးစိတ်ဓာတ်ပိုမိုနိုးကြား တက်ကြွစေရန်၊ လက်မှုလက်ရာတွေဖြစ်တဲ့ မြန်မာယဉ်ကျေးမှုလက်ရာတွေကို လေ့လာနိုင်စေရန် ရည်ရွယ်ပြီး လာရောက်ခဲ့တာပါ၊ ကျွန်တော့်အနေနဲ့ကတော့ ဒါပထမဆုံးလာရောက်ဖူးမြော်ရတာပါ၊ အချိန်တိုအတွင်းမှာ စကျင်ကျောက်တုံးကြီးကို ကမ္ဘာ့အကြီးမားဆုံး ဉာဏ်တော်အမြင့်ဆုံး ရုပ်ပွားတော်ကြီးကို ခေတ်မီ နည်းပညာတွေနဲ့ ရှေးမူမပျက် ထုဆစ်ပုံဖော်ထားတာတွေ့ရတော့ သာသနာအတွက် ဂုဏ်ယူမိတဲ့အပြင် ဆောင်ရွက်လုပ်ဆောင်နိုင်အောင်လမ်းညွန်စီ စဉ်ဆောင် ရွက်ပေးသူတွေ အားလုံးကိုလည်းလေးစားမိပါတယ်၊ အခုလိုခရီးစဉ်ကိုမကြာခဏဆိုသလို စီစဉ်ဆောင်ရွက်ပေးနိုင်ရင်ကောင်းပါတယ်၊ အခုဆိုရင်ဖြင့် ဂေါပကတွေက အကုန်နီးပါး အသက် ၇၀ ကျော်တွေကများပါတယ်၊ ဒီကိုရောက်ရှိဖို့ဆိုတာကလည်း တစ်ခါမှ မစဉ်စားမိခဲ့ပါဘူး၊ အားလုံးက ကြည်နူးဝမ်းသာမိကြပါတယ်၊ စီစဉ်ဆောင်ရွက်ပေးသူတွေကိုလည်း သူတို့ကိုယ်စား အများကြီး ကျေးဇူးတင်ပါကြောင်းပြောလိုပါတယ်၊
ဦးရဲထွန်း ရွှေမြင်းဝန်စေတီ ဂေါပက အတွင်းရေးမှူး
မာရဝိဇယဘုရားကြီးကို လာရောက်ဖူးချင်နေတာကြာပါပြီ TV မှာတော့တွေ့မြင်ခဲ့ရပါတယ်၊ ကိုယ်တိုင်ရောက်ရှိတော့မှပဲဒီလောက်ထိအောင်အမျိုးဘာသာ သာသနာအတွက် ကြီးကျယ်ခမ်းနား စွာ တည်ဆောက်ထားတာတွေရတော့ ဝမ်းသာပိတိဖြစ်ရပါတယ်၊ ဒီနေရာကိုရောက်ရှိဖို့အတွက် ဆောင်ရွက်ပေးတဲ့ မြဝတီမြို့နယ် အကြီးအကဲများနှင့် ပြည်နယ်အစိုးရအဖွဲ့ကိုလည်း အထူးကျေးဇူး တင်ပါတယ်အခုလက်တွေ့၊ တကယ်မှာတော့TV မှာကြည့်ရတာထက် အဆပေါင်းများစွာ တည် ဆောက်မှု၊ ခမ်းနားမှု၊ တင့်တယ်မှု၊ အနုပညာလက်ရာကောင်းမှုတွေကို မျက်ဝါးထင်ထင် တွေ့ မြင်ရတဲ့အတွက် ကျွန်တော့်သက်တမ်းမှာဆိုရင်တော့ ဒါမျိူးမကြုံဘူးခဲ့ပါဘူး၊ ကမ္ဘာကတောင် အသိ မှတ်ပြုပြီးအမျိုးဘာသာ သာသာနာအတွက် ဂုဏ်ယူလောက်အောင်ဖြစ်မိတဲ့အပြင် အခုပြောရင်း နဲ့ပင် ဝမ်းသာဂုဏ်ယူ ပီတိဖြစ်မိပါတယ်၊
ဦးစောအုန်းတင် စေတီသုံးဆူ ညီနောင်ဂေါပက အတွင်းရေးမှူး
စေတီသုံးဆူညီနောင်ကတော့ ရှေဟောင်းသမိုင်းဝင် စေတီတော်တွေဖြစ်တဲ့အတွက် ခေတ် အဆက်ဆက်က ဆရာတော်ကြီးတွေ ဂေါပကအဖွဲ့တွေကနေ ထိန်းသိမ်းခဲ့တာပါ၊အခုဆို မာရဝိဇယ ဘုရားကြီးကို လာရောက်ဖူးမြော်လေ့လာရတဲ့အတွက် ခေတ်မီနည်းပညာတွေနဲ့တည်ဆောက်မှု လုပ်ငန်းထိန်းသိမ်းဆောင်ရွက်နေမှုတွေကိုတွေ့မြင်ရတော့ အတုယူဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ဘဏ္ဍာတော်ထိန်း၊ ဂေါပကအဖွဲ့တွေ၊ ဂေါပကရုံးတွေ စသည်အားဖြင့်စနစ်တကျ ပြန်လည် ဖွဲ့စည်းပြီးဆောင်ရွက်လုပ်ဆောင်သွားမှာပါ၊ လာရောက်ဖူးမြော်ချင်နေတာတော့ကြာပါပြီ၊ အခွင့်ရေးလဲမသင့် အကြောင်းလည်းမတိုက်ဆိုင်တဲ့အတွက် ပြည်နယ်အစိုးရအဖွဲ့ကနေ စနစ်တကျ စီစဉ်ဆောင်ရွက် ပေးတဲ့အတွက် ကျေးဇူးတင်မိပါတယ်။
ဦးစောစံတင် ဂေါပကအဖွဲ့
နိုင်ငံတော်၏စီမံလမ်းညွန်မှုနှင့် ပြည်နယ်အစိုးရအကြီးအကဲများရဲ့ စီစဉ်ဆောင်ရွက်ပေးမှုနဲ့ မာရဝိဇယဘုရားကြီးကိုအခုလိုလာရောက်ဖူးမြော်ခွင့်ရတဲ့အတွက် ကြည်နူးဝမ်းသာမိပါတယ်၊ လာ ရောက်ရမယ်လို့လဲမျှော်လင့်မထားခဲ့ပါဘူး၊ လာရောက်ဖူးမြော်ခွင့်ရအောင် စီစဉ်ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း အထူးကျေးဇူးတင်မိပါတယ်၊ အခုဆို မာရဝိဇယဘုရားကြီးက ထုဆစ် ပုံဖော်မှုအနုပညာလက်ရာ၊ ရှေးမူမပျက်တည်ဆောက်ထားမှုတွေကတော့ အခုခေတ်နှင့်ရှေးမူမပျက် ပေါင်းစပ်ပုံဖော်မှုတွေကဖြင့် ကမ္ဘာကပင်အတုယူလေးစားလောက်တဲ့ လက်ရာတွေပါ၊ ဒါကလည်း အများအားနဲ့စုပေါင်းလှူဒါန်းပေမဲ့လည်း နိုင်ငံတော်ရဲ့စီမံဆောင်ရွက်မှုတွေက အဓိကကျလှပါတယ်၊ လေးစားအတုယူစရာကောင်းလှပါတယ်လို့ပဲပြောချင်ပါတယ်။
ဦးလှကြိုင် ရွှေရင်မျှော်ဘုရား ဂေါပကအတွင်းရေးမှူး
လာချင်နေတာတော့ကြာပါပြီ ပြည်နယ်အစိုးရရဲ့ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ဖူးမြော် ရတာ အများကြီးဝမ်းသာပါတယ်၊ အခုလိုလာရောက်ရတဲ့အတွက် ဘုရားလည်းဖူး အတုယူစရာတွေ အများကြီးတွေ့ရပါတယ်၊ နိုင်သလောက်ဆိုသလို မြို့ကျက်သရေဆောင် ရွှေရင်မျှော်ဘုရားကြီးကို ဘယ်လို ရှေ့ဆက်လုပ်ဆောင်ရမယ်ဆိုတာကို သိရပါတယ်၊ ခရီးစဉ်ကို စီစဉ်ဆောင်ရွက်ပေးတဲ့ နိုင်ငံတော်အကြီးအကဲတွေကို အထူးကျေးဇူးတင်ပါတယ်။
ဦးလှဌေး ကျောက်ကလတ်ဘုရား ဂေါပက
ကရင်ပြည်နယ်အစိုးရအဖွဲ့ကနေ ဆောင်ရွက်ပေးမှုနဲ့အတူ မာရဝိဇယဘုရားကြီးကို လာရောက် ဖူးမြော်ခွင့်ရရှိတာပါ။ ပြည်နယ်တိုင်းဒေသကြီးက ဂေါပကအဖွဲ့တွေလည်း အလှည့်ကျ လာရောက်ဖူး မြော်ကြတာတွေကို TV သတင်းမှာကြည့်ပြီး လာရောက်ဖူးမြော်ချင်နေတာပါ၊ အခုလို ကိုယ်တိုင်ကိုယ်ကျလာရောက် ရတဲ့အတွက် တွေ့မြင်ရတဲ့ မြင်ကွင်းက ကြည်နူးမိတဲ့အပြင် တည်ဆောက်ထားတဲ့ သူတွေအာလုံးကိုလည်း လေးစားမိပါတယ်၊ နိုင်ငံတိုင်းမှာ မိမိတို့ ကိုးကွယ် ယုံကြည်ရာတွေ အမျိုးမျိုးရှိကြပါတယ်၊ မြန်မာလူမျိုးတို့အတွက်ကတော့ မိမိကိုးကွယ်ရာ ယုံကြည်ရာအထွတ်အမြတ်ဖြစ်တဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို စကျင်ကျောက်ဖြင့် ထုဆစ် ပုံဖော်တည်ဆောက်ပြီး ကမ္ဘာ့အကြီးမားဆုံး ထိုင်တော်မူရုပ်ပွားတော်မြတ်ကြီးကို အချိန်တို ကာလတို အတွင်းမှာ တည်ဆောက်နိုင်ခဲ့တာဖြင့် ကမ္ဘာကပင်လေးစားဂုဏ်ယူလောက်ပါတယ်။