ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးမှုအပေါ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ကန့်ကွက်ရှုတ်ချပွဲများပြုလုပ် နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ - ၁၈

Thursday, January 18, 2024 - 15:45

          အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များ နှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများအား ဖျက်ဆီးစော်ကားမှုအပေါ် ကန့်ကွက် ရှုတ်ချပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိသည်။

ထိုသို့ ပြုလုပ်လျက်ရှိရာ ယနေ့တွင်လည်း ကချင်ပြည်နယ်၊ တနိုင်းမြို့နှင့် ဗန်းမော်မြို့ တို့၌လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နှင့် ကွန်ဟိန်းမြို့တို့၌လည်း ကောင်း အသီးသီးပြုလုပ်ကြသည်။ ဦးစွာ ကန့်ကွက်ရှုတ်ချပွဲများသို့ တက်ရောက်လာကြ သူများသည် သတ်မှတ်နေရာအသီးသီးမှ ချီတက်စုဝေးကြပြီး သံဃာတော်များနှင့် မျိုးချစ်ပြည်သူ ဦးဆောင်သူများက ဗုဒ္ဓဘာသာအပေါ် ဖျက်ဆီးရန် လုပ်ဆောင်နေမှုများကို ကန့်ကွက်ကြောင်း ဟောပြောကြသည်။

ထို့နောက် ကန့်ကွက်ရှုတ်ချပွဲသို့ တက်ရောက်လာကြသူများက “ ဗုဒ္ဓဘာသာကို စော်ကားဖျက်ဆီးနေကြသည့် အကြမ်းဖက်သမားများအား (ဆန့်ကျင်ကြ)၊ စေတီပုထိုးနှင့် ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေကြသည့် အကြမ်းဖက်သမားများနှင့် သာသနာဖျက် များအား (ဆန့်ကျင်ကြ)၊ လူမျိုးရေးခွဲခြား၊ သာသနာကို စော်ကားဖျက်ဆီးနေသူများအား (ဆန့်ကျင်ကြ)၊ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အားပေးထောက်ခံသူများ (ဆန့်ကျင်ကြ)၊ အကြမ်းဖက်အားပေး လောက်ကောင်များအား (အလိုမရှိ)၊ သာသနာဖျက် အကြမ်းဖက်သမားများအား (အလိုမရှိ)၊ ဗုဒ္ဓသာသနာကို ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သမားများ(ကျရှုံးပါစေ)၊ စေတီပုထိုး၊ ဆင်းတုတော်များကို ဖျက်ဆီးနေကြ သည့် အကြမ်းဖက်သမားများ(ကျရှုံးပါစေ)” စသည့် ကြွေးကြော်သံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။