နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းမီဒီယာများနှင့်တွေ့ဆုံ၍ ၅/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်
နေပြည်တော် မေ ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၅/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ကျင်းပ ပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဉက္ကဋ္ဌ ဦးဝင်းသော်နှင့် ဌာနဆိုင် ရာသတင်း ထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလို သည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြား သည်။
သတင်းစာရှင်းလင်းပွဲမစတင်မီတက်ရောက်လာကြသူများအား COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများကလိုအပ်သည့် ကျန်းမာရေးဆိုင်ရာ များဆောင်ရွက်ပေးပြီး သတ်မှတ်အကွာအဝေးအတိုင်း နေရာချထားပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပညာရေးကဏ္ဍဆိုင်ရာလုပ်ဆောင်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဧပြီလအတွင်း လုပ်ဆောင်ချက်များ၊ NUG CRPH နှင့် PDF တို့ကို အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာခဲ့သည့်ကိစ္စရပ်များ၊ အကြမ်း ဖက် ဖောက်ခွဲဖျက်ဆီးရေးသမားများ ဖော်ထုတ်ရရှိမှုအခြေအနေများ နှင့်ပတ်သက် ၍ Powerpoint Presentation များဖြင့် အကျယ် တဝင့် ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ် ဆောင်ချက်များ၊ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲကျင်းပ ပြီးစီးသည့် ကာလများတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုအခြေအနေများ၊ မဲမသမာမှု ဖြစ်ပေါ်စေရန် ဖိအားပေး စေခိုင်းခံခဲ့ရမှုဖြစ်စဉ်ဖြစ်ရပ်များ၊ မဲစာရင်းလက်တွေ့ စစ်ဆေးချက်များနှင့်ပတ်သက်၍ နေ့စဉ်ထုတ်သတင်းစာများတွင် ထုတ်ပြန်ပေး လျက်ရှိပြီး စစ်ဆေးပြီးစီးမှုပေါင်းချုပ် စာရင်းများကို ဆက်လက်ထုတ်ပြန် ပေးသွားမည့် အခြေအနေများနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး က Powerpoint Presentation များ၊ မြေပြင်စစ်ဆေး တွေ့ရှိချက် အချက်အလက်များဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် သတင်းဌာနများမှသတင်းထောက် များ၏ သိရှိလိုသည့်မေးမြန်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ် ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဉက္ကဋ္ဌ ဦးဝင်းသော်နှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက ပြန်လည် ရှင်းလင်း ပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲ ကိုရုပ်သိမ်းခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ မှီငြမ်းကိုးကားနိုင်ရေး အတွက် သတင်းစာရှင်းလင်းပွဲဆိုင်ရာအချက်အလက်များ၊ လက်ရှိပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များ၊ မဲစာရင်းလက်တွေ့ စစ်ဆေး ချက်များနှင့် သိရှိနိုင်ရန်လိုအပ်သည့် တွေ့ရှိချက်အထောက်အထားများ စသည်တို့ကို ခင်းကျင်းပြသထားရှိရာ သတင်းစာရှင်းလင်းပွဲ တက်ရောက်လာကြသူများက လိုက်လံကြည့်ရှုလေ့လာကြသည်။
သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန် ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်း သတင်းဌာန များ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်း အခြေစိုက်ပြည်ပသတင်းဌာနမှ သတင်းထောက်များလာရောက် သတင်းရယူခဲ့ကြ ကြောင်းနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်းဖြေကြားမှု အပြည့်အစုံကို ဆက်လက် ဖော်ပြသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။