နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ ၂၀၂၄-ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော်အခမ်းအနား တက်ရောက်   မုံရ

Tuesday, January 16, 2024 - 16:30

            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမင်းနောင်၊ ဦးမင်းသိန်းစံ၊ Jeng Phang နော်တောင်၊ ဒေါက်တာသက်သက်ခိုင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီလ ၁၅ ရက်နေ့၊ နံနက်ပိုင်း တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့တွင် ကျင်းပပြုလုပ်သော ၂၀၂၄-ခုနှစ်၊ နာဂရိုးရာ နှစ်သစ်ကူးပွဲတော် အခမ်းအနားသို့ တက်ရောက်သည်။

            ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှု(ဗဟို)နာယက ဦးလှထွန်းတို့က ၂၀၂၄-ခုနှစ်၊ နာဂရိုးရာ နှစ်သစ်ကူး ကွင်းဝင်မုဒ်ဦးအားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

            ယင်းနောက် နာဂရိုးရာတိုင်းရင်းသားများမှ ရိုးရာတံခွန်တိုင်အား ရိုးရာကွင်းအတွင်း လက်ယာရစ်တစ်ပတ် လှည့်လည်၍ရိုးရာပန်တိုင်အားစိုက်ထူးခဲ့ကြသည်။

ထို့နောက် ရိုးရာဆုတောင်းတိုင်အား နာဂရိုးရာပန်တုံးအားအဆောက်အဦရှေ့တွင်စိုက် ထူကာ ဒေသခံတိုင်းရင်းသားများနှင့်အတူ ရိုးရာပန်တုံးအား တီးခေါက်ကြသည်။ 

            ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တာဝန်ရှိ သူများသည် ၂၀၂၄-ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော် အခမ်းအနားသို့ တက်ရောက်ကြသည်။

            ဦးစွာ နိုင်ငံတော်အလံအား အလေးပြုကြပြီး နာဂရိုးရာသဘာပတိမှ နှစ်သစ်နှုတ်ခွန်း ဆက်စကား ပြောကြားသည်။

            ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက နာဂဒေသ သည်တည်ငြိမ်အေးချမ်းသည့် ဒေသဖြစ်သည့်အတွက် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို နာဂဒေသ အတွင်းရှိ လဟယ်၊ လေရှီး၊ နန်းယွန်းမြို့နယ်တို့တွင် နှစ်စဉ်အလှည့်ကျ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ယခုနှစ်လေရှီးမြို့တွင် အနယ်နယ်အရပ်ရပ်မှ နာဂတိုင်းရင်းသားညီအစ်ကိုမောင်နှစ်မများ လာရောက်ဆုံစည်းကာ ပျော်ရွှင်စွာကျင်းပနိုင်တာကို တွေ့မြင်ရကြောင်း၊ နာဂတိုင်းရင်းသား မျိုးနွယ်စုများ၏ ရိုးရာဓလေ့ထုံးတမ်းများနှင့် ရိုးရာမြေဝိုင်းအကပဒေသာမျိုးစုံအား တွေ့မြင်ရပြီး ချစ်ကြည်ရင်းနှီးခွင့်ပိုမိုရရှိသည့်အတွက် ဝမ်းသာမဆုံးဖြစ်ရပါကြောင်း၊ နာဂတိုင်း ရင်းသားညီ အစ်ကိုမောင်နှမများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာများကို ထိန်းသိမ်း စောင့်ရှောက်ပြီး တိုင်းရင်းသားအချင်းချင်း ရင်းနှီးချစ်ကြည်ခြင်း၊ စည်းလုံးညီညွတ်ခြင်းတို့ အားအခြေခံသည့် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံ၍ စုပေါင်းဆောင်ရွက်ခြင်းဖြင့် တွေ့ကြုံရ မည့်အခက်အခဲဟူသမျှကို လက်တွဲညီညီကျော်လွှားသွားကြရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော် အနေဖြင့် တိုင်းရင်းသားဒေသများအပါအဝင် တစ်နိုင်ငံလုံးတစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကဏ္ဍအလိုက်လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ နာဂတိုင်းရင်း သားညီအစ်ကိုမောင်နှမများအနေဖြင့် အခွင့်အရေးကိုအမိအရ ရယူပြီးအပြည့်အဝ အသုံးချ၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

            နာဂဒေသအတွင်း ကျန်းမာရေးနှင့်စပ်လျဉ်း၍ ဆေးကုသမှုအပြင် ကျန်းမာရေးအသိပညာ ပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ တိုးချဲ့ကာကွယ်ဆေးထိုးခြင်း၊ ကလေးသူငယ်များအား ကာကွယ် ဆေးထိုးနှံပေးခြင်း၊ ကျန်းမာရေးနှင့်လျော်ညီသည့် နေထိုင်သွားလာစာသောက်မှုပုံစံ တို့စနစ်တကျ ရှိစေရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ် ရေးစသည့် ကဏ္ဍများ၌ လာရောက်တာဝန်ထမ်း ဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံဝန်ထမ်းများအနေဖြင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ လူမှု၊စီးပွားဘဝ ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေး ကြရမှာဖြစ်ကြောင်း၊ နာဂဒေသအတွင်း စိုက်ပျိုး

ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံအချက်များဖြစ်သည့် မျိုးကောင်းမျိုးသန့် များရရှိ ရေး၊ စိုက်ပျိုးမြေကောင်းမွန်ရေး၊ စိုက်ပျိုးရေလုံ လောက်စွာရရှိရေးနှင့် စိုက်နည်းစနစ် မှန်ကန်မှု ရှိစေရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး မြေဆီလွှာဆုံးရှုံးမှုများပြီး သဘာဝပတ်ဝန်း ကျင် ထိခိုက်မှုဖြစ်ပေါ်စေသည့် ရွှေ့ပြောင်းတောင်ယာစနစ်ကိုလျှော့ချ၍ ရေရှည်တည့်တံ့ စိုက်ပျိုးရေး နည်းစနစ်ဖြစ်သည့် ခေတ်မီလှေကားထစ် လယ်ယာစနစ်ကို လုပ်ကိုင်ဆောင် ရွက်ရန်ဖြစ် ကြောင်း၊ နာဂဒေသအတွင်း ဒေသနှင့်လိုက်ဖက် သည့်မွေးမြူရေးလုပ်ငန်းများကိုလည်း ဆောင် ရွက်သွားရမှာဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်လာသည်နှင့်အမျှ တစ်ဦး ချင်းဝင်ငွေတိုးတက်လာမှုနှင့်အတူ အသားထုတ်လုပ်မှုနှုန်းပါ တိုးတက်လာမှာဖြစ်ပါကြောင်း၊ အာဟာရဓာတ်ဖြစ်စေသည့် ပဲမျိုးစုံအပါအဝင် အသားများလုံလောက်စွာ စားသုံးပေးမှသာလျှင် ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်ပြီး ကျန်းမာသန်စွမ်းဉာဏ်ရည်မြင့်မားသည့် လူမျိုးများ ပေါ်ပေါက်ဖြစ် ထွန်းလာမှာ ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊

            နာဂဒေသအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပြင် MSME လုပ်ငန်းများ ဖွံဖြိုး တိုးတက်စေရေးအတွက် ကုန်ကြမ်းသွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်များ ပြည့်စုံ စေရေးဆောင်ရွက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေမှ ချေးငွေများရရှိရေး ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ဒေသခံပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးပြီး လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသအတွင်း စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်ငန်းများကို ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရန်နှင့် ရိုးရာချည်ထည်လုပ်ငန်းများ စနစ်တကျတိုးမြှင့်ထုတ် လုပ်နိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက် ကြရမှာဖြစ်ကြောင်း၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော် မှသည် တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်ရေးကို ဆက်လက်ဆောင်ရွက်၍ နိုင်ငံတော်သစ်ကို ပြည်ထောင်စုတိုင်းရင်းသားအားလုံးနှင့်အတူ လက်တွဲညီညီ ချီတက်သွားကြ ရန် တိုက်တွန်းပြောကြားခဲ့သည်။

            ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နှစ်သစ်အမှာစကားပြောကြားပြီး နာဂတိုင်းရင်းသူတစ်ဦးမှ နာဂရိုးရာနှစ်သစ်ကူးပွဲတော် ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းအား ဖတ် ကြား ရှင်းလင်းပြောကြားသည်။

            ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှု (ဗဟို) ကော်မတီနာယက ဦးရူစံကြူးက နှစ်သစ်ကူးအမှတ်တရ လက်ဆောင်ပေးအပ်သည်။

            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထောင်စု ဝန်ကြီးများ နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဒေသဖွံ့ဖြိုးရေးပစ္စည်းများအား  ထောက်ပံ့ပေးအပ်သည်။

            ထို့နောက် သဘာပတိက နိဂုံးချုပ်စကားပြောကြားပြီး နာဂနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

            ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရိုးရာပြခန်းများ နှင့် ဌာနဆိုင်ရာပြခန်းများအား လိုက်လံကြည့်ရှု့အားပေးသည်။

            ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် လေရှှီးမြို့၊ ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ဆေးရုံဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ပြီး ဆေးကုသမှုခံယူနေကြသော ‌ဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနုတ်ဆက်အားပေးကာ တာဝန်ရှိသူများနှင့်အတူ အဟာရဖြည့်စွက်စာများ ပေးအပ်သည်။

            ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းနှင့် လေရှီးမြို့၊ နယ်စပ်ဒေသတိုင်းရင်း

သားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းသား၊ကျောင်းသူများ အိပ်ဆောင်၊စားဆောင်နှင့်စာကြည့်တိုက်တို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သော နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတို့မှ ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများ၊ သင်တန်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။

            ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ခန္တီးခရိုင်နှင့် ဟုမ္မလင်းမြို့နယ်များရှိ ဝန်ထမ်းများနှင့် ကျောင်းသား၊ကျောင်း သူများအတွက် ဂုဏ်ပြုချီးမြင့်ငွေ၊ ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများအား ထောက်ပံ့ပေးအပ်ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ညပိုင်းတွင် ၂၀၂၄-ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော် မီးပုံပွဲအခမ်းအနားသို့ တက်ရောက်သည်။

            ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် လေရှီးြမို့နယ်၊ နာဂရိုးရာစာပေနှင့်ယဉ် ကျေးမှုကော်မတီ ဥက္ကဌ ဦးစံမြတို့က မီးပုံပွဲအား မီးထွန်းညှိဖွင့်လှစ်ပေးကြသည်။ တစ်ချိန် တည်းတွင် နှစ်သစ်ကူးအထိမ်းအမှတ် မီးရှူးမီးပန်းများ ဂုဏ်ပြုပစ်ဖောက်ကြသည်။       

            ထို့နောက် နာဂရိုးရာမျိုးနွယ်စုများအလိုက် ရိုးရာအကများဖြင့် ကပြဖျော်ဖြေနေမှုများ အား ကြည့်ရှုအားပေးကြပြီး ကပြဖျော်ဖြေပေးခဲ့ကြသော ရိုးရာအကအဖွဲ့များအား ဂုဏ်ပြု ပန်းခြင်းနှင့် ဂုဏ်ပြုချီးမြင့်ငွေများ ပေးအပ်ကာ မီးပုံပွဲအခမ်းနားကို ရုပ်သိမ်းခဲ့ကြသည်။

အလားတူ ဇန်နဝါရီလ ၁၄ ရက်နေ့၊ မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တာဝန်ရှိသူများသည် ၂၀၂၄-ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အားကစားပြိုင်ပွဲများအဖြစ် ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုး သား/အမျိုးသမီး လွန်ဆွဲပြိုင်ပွဲ၊ ရိုးရာထင်းခုတ်ပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ ရိုးရာနပန်း ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှု့အားပေးပြီး တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီး ပေးအပ်ချီးမြင့်ခဲ့ကြောင်း သတင်းရရှိသည်။