မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြှော်ကြသည့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၏ ရင်းတွင်းစကားသံများ

Tuesday, January 16, 2024 - 16:30

၁။ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဝင်တစ်ဦး

          ဒီဘုရားကြီးစပြီးဖူးတဲ့အခါမှာ ခေတ်အဆက်ဆက် ကမြန်မာမှုတွေကိုလည်း အများကြီး လေ့လာတွေ့ရှိရတယ်။ ကမ္ဘာကိုရင်ဘောင်တန်းနိုင် တဲ့သိပ္ပံပညာတို့၊ နည်းပညာတို့အဲ့တာကိုတွေလည်းတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာလူမျိုး ဖြစ်ရတဲ့အတွက်လည်းဝမ်းသာမိပါတယ်။ နောက်ပြီး မြန်မာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေကို မပျောက်ကွယ်အောင် ထိန်းသိမ်းဖို့အတွက် ကျွန်တော်တို့ မြန်မာ လူမျိုး အားလုံးအားလုံးတိုင်းမှာတာဝန်ရှိတယ်လို့ ကျွန်တော်အနေနဲ့ပြောချင်ပါတယ်။ ဘုရားကြီးကိုလာရောက်ဖူးမြှော်တဲ့အချိန်မှာ ဒီမှာရှိတဲ့ တာဝန်ရှိသူများက ဒီဘုရား ကြီးအကြောင်းကို အသေးစိတ်လိုက်လံရှင်းပြပေးတဲ့အတွက် ဗဟုသုတတွေလည်းရပါ တယ်။ ယခုလိုလာရောက်ဖူးမြှော်ခွင့်ရတဲ့အတွက် စီစဉ်ပေးသူအားလုံးကိုလည်း ကျေးဇူး တင်ပါတယ်။

၂။ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဝင်တစ်ဦး

          ကျွန်တော်တို့ ဧရာဝတီတိုင်း ၂၆ မြို့နယ်မှာရှိတဲ့ ဘုရားစေတီဂေါပကအဖွဲ့ဝင်များ အားလုံးကို ဒီမာရာဝိဇ ယဘုရားကြီးကို လာရောက်ဖူးမြှော်နိုင်ရေးအတွက်စီစဉ်ပေးတဲ့ အတွက် ကျွန်တော်တို့လာ ရောက်ဖူးမြှော်ကြတာဖြစ်ပါတယ်။  ဒီအတွက်လည်း နိုင်ငံတော်ဝန်ကြီးချုပ်နဲ့တကွ ဧရာဝတီတိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲများအားလုံး ကိုလည်း ကျေးဇူးတင်ရှိပါတယ်။ ဒီဘုရားကြီးကို ဖူးမြှော်ပြီးနောက် ဧရာဝတီတိုင်း အိမ်မဲမြို့နယ်ကိုပြန်ရောက်တဲ့အခါမှာ မြို့ သူ၊ မြို့သား၊ နယ်သူ၊ နယ်သားအပေါင်း တို့ကိုလည်း နေပြည်တော်မှာရှိတဲ့ ဒီဘုရားကြီးနဲ့ ပတ်သက်လို့ ကြည်နူးဝမ်းမြောက် စရာများရှိတဲ့အကြောင်းကိုလည်း ပြန်လည်ပြောပြပေး သွားမှာဖြစ်ပါတယ်။ ကျောက်စာ ပေါင်းများစွာကိုလည်းများစွာတွေ့ရတဲ့အတွက် ဗုဒ္ဓဘာသာထွန်းကားရေးအတွက်ကို ဒီလောက်ဆောင်ရွက်ထားတဲ့အတွက် များစွာဝမ်းသာ ဂုဏ်ယူမိပါတယ်။ အားလုံးကို လည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။        

၃။ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဝင်တစ်ဦး

          ယခုလို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အစီအစဉ်နဲ့ ပထမဦးဆုံးအကြိမ် လာရောက်ဖူးမြှော်ခွင့်ရခြင်းဖြစ်ပါတယ်။ ဒီရောက်တော့လည်း ဘုရားကြီးကိုဖူးမြှော်ရတာ အားလုံးအံ့မခန်းဖြစ်မိပါတယ်။ ဘယ်ကိုကြည့်ကြည့် မြန်မာမှုလက်ရာတွေနဲ့ အပြည့်ဖြစ်နေတာကို တွေ့ရတဲ့အခါမှာ ဘုရားကြီးကို ယခုလိုလာရောက်ဖူးမြှော် ရသည်မှာ အင်မတန်မှတန်ဖိုးရှိလှပါတယ်။ အင်မတန်လည်း ကျေးဇူးတင်ပါတယ်။ ဒီဘုရားကြီးကို တည်ထားကိုးကွယ်နိုင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးတဲ့ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်တကွ တာဝန်ရှိသူအားလုံးရယ်ပြီးတော့ ရှင်းလင်းဆောင် မှာ ဘုရားကြီး၏သမိုင်းအား ရက်ပေါင်းတစ်ထောင်ကျော်တည်ဆောက်ခဲ့ပုံအဆင့်ဆင့်ကို ရှင်းပြတဲ့အခါ ဘုရားကြီးနဲ့ပတ်သက်ပြီး သိရသည်များမှ တော်တော်ကြီးကို အံ့မခန်းဖြစ်မိ ပါတယ်။ ဒီဘုရားကြီးနဲ့ပတ်သက်ပြီး ကမ္ဘာမှာမြန်မာအနေနဲ့ ဂုဏ်ယူဝင့်ကြွားလို့ ရတာပေါ့။ မည်သည့်နိုင်ငံခြားပညာရှင်များမှမပါပဲ မြန်မာအင်ဂျင်နီယာပညာရှင်းများ တွေနဲ့ပဲ စုပေါင်းလုပ်ကိုင်တည်ထားတဲ့ ဒီဘုရားကြီးဟာ အင်မတန်အံ့မခန်း လောက်ပါတယ်။