မတ္တရာမြို့နယ်တွင် တပ်မတော်ကပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာ ရဟု  မဟုတ်မမှန် သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ဇန်နဝါရီ ၁၆ ရက်

Tuesday, January 16, 2024 - 16:15

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ အုန်းကုန်းကျေးရွာတွင် ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်ကပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး က‌လေးငယ်တွေ အပါအဝင် ၆ ဦး ဒဏ်ရာရှိခဲ့သည်ဟု မဟုတ်မမှန် သတင်းမှားကို လူမှုကွန်ရက်စာမျက်နှာတွင် အကြမ်းဖက်အားပေးမီဒီယာ DVB မှ ရေးသားဖြန့် ဝေလျက်ရှိ သည်ကို တွေ့ရှိရပါသည်။

          ဖြစ်စဉ်အမှန်အား သက်ဆိုင်ရာဒေသရှိ နယ်မြေလုံခြုံရေး တာဝန်ရှိသူတစ်ဦးထံ မေးမြန်း ရာ ဇန်နဝါရီ ၁၅ ရက်နေ့တွင် မတ္တရာမြို့နယ် အုန်းကုန်းကျေးရွာဝန်းကျင်အနီး တပ်မတော် စစ်ကြောင်းများ နယ်မြေလုံခြုံရေးတာဝန်ဆောင်ရွက်စဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အနီးဝန်းကျင် အုန်းကုန်းကျေးရွာသို့ ကျရောက်ပေါက်ကွဲမှုများရှိခဲ့ကြောင်းနှင့် ဒေသခံအပြစ်မဲ့အရပ်သား ပြည်သူအချို့ ထိခိုက်ဒဏ် ရာများ ရရှိခဲ့ကြောင်းသိရှိရသည်။ ဤသို့ အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ပြည်သူများ အထင်အမြင်လွဲမှားအောင် ပြည်ဖျက်မီဒီယာများက  သတင်းမှားများကို ရေးသားဖြန့်ဝေ နေခြင်းသာ ဖြစ်ကြောင်းသတင်းရရှိသည်။