ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်ချက် ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ  ၁၅  ရက်

Monday, January 15, 2024 - 14:45

              နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ ပါတီဆက်လက်တည်ထောင် မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့် စိစစ်ဆဲ ဖြစ်သည့် ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ(DNOP)၏ ပါတီခေါင်းဆောင် ကွယ်လွန်သွားသဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းမှ

ပယ်ဖျက်ပေးပါရန် သက်ဆိုင်ရာပါတီက တင်ပြ လာခြင်းနှင့်စပ်လျဉ်း၍ ၁၅-၁-၂၀၂၄ ရက်နေ့၌ ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄)က သဘောတူခွင့်ပြုကြောင်းဆုံးဖြတ်ခဲ့ပြီး ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ(DNOP)၏ မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းကို ပယ်ဖျက်ခဲ့ကြောင်း ထုတ်ပြန်အပ်ပါသည်။

 

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်