ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ငပြေမ ကျေးရွာ၊ ကုန်းတန်းကျေးရွာ၊ မရမ်းကွင်းကျေးရွာနှင့် ကညင်ချောင်းကျေးရွာတို့တွင် ဇန်နဝါရီ ၁၂ ရက်နေ့က စမတ်ကတ်၊ မှတ်ပုံတင်နှင့် ဧည့်စာရင်းများ လိုက်လံ စစ်ဆေးပြီး မရှိသူတွေကို ရိုက်နှက်ခြင်း၊ ငွေညစ်ခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင် များက လုပ်ဆောင်ခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ DVB က သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ ဇန်နဝါရီ ၁၂ ရက်နေ့က ငပုတောမြို့နယ်တွင် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများလိုက်ပါ၍ ဧည့်စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများအား ရိုက်နှက်ခြင်းနှင့် ငွေကြေးတောင်းခံ ခြင်းများမရှိပါကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားကာ ပြည်သူများအား ကြောက်ရွံ့ထိတ်လန့်လာ စေပြီး နိုင်ငံတွင်းတည်ငြိမ်အေးချမ်းမှုမရှိစေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ် သိက္ခာကျဆင်းစေရန် မဟုတ်မမှန်ရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရှိရသည်။