၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး မြို့ရှိ နယ်မြေခံတပ်ရင်းမှ လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်ရာ ကျေးရွာများသို့ ပစ်ခတ်လိုက်သောကြောင့် ကလေးမြို့နယ်မြောက်ပိုင်း၊ ကြိုးကြာကွင်းကျေးရွာမှ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်ထိမှန်၍ သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်း အမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit Media က လူမှုကွန်ရက်စာမျက်နှာ များတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက်အရ ဇန်နဝါရီ ၁၃ ရက်နေ့တွင် တီးတိန်မြို့နယ်အတွင်းရှိ နယ်မြေ ရဲစခန်းတစ်ခုကို CDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက Drone များအသုံးပြု၍ လာရောက်တိုက်ခိုက်စဉ် စခန်းအတွင်းကျရောက်ခဲ့ခြင်းမရှိဘဲ ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ကျ ရောက်ပေါက်ကွဲခြင်းဖြစ်ပြီး၊ တပ်မတော်မှ ပြည်သူများ နေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှုများ မရှိပါကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် အကြမ်းဖက်သမားများ၏ အကြမ်းဖက် လုပ်ရပ်များကို ဖုံးကွယ်ပြီး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများမှ အထင်အမြင် လွဲမှားစေရန်အတွက် သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေ နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။