ရှမ်းပြည်နယ်မြောက်ပိုင်း၌ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု စတင်အသက်ဝင် သည့်နေ့တွင် တပ်မတော်က လက်နက်ကြီး၊ တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင် နေကြောင်း ညီနောင် ၃ ဖွဲ့ က တရားဝင် ကြေညာသည်ဟု ကောလာဟလ သတင်းများကို ရေးသား ဖြန့်ဝေလျက်ရှိ နေပြည်တေ

Saturday, January 13, 2024 - 15:15

ရှမ်းပြည်နယ်မြောက်ပိုင်း၌ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု စတင်အသက် ဝင်သည့်နေ့တွင် တပ်မတော်က လက်နက်ကြီးများ၊ တိုက်လေယာဉ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က ထုတ်ပြန် ကြေညာသည် ဟု သတင်းအမှားများကို အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများဖြစ်သည့် Khit Thit Media နှင့် DVB TV News တို့က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား ဖြန့်ဝေလျက် ရှိကြောင်း တွေ့ရှိရသည်။

တပ်မတော်သည် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှု ရရှိပြီးချိန်မှစ၍ သဘောတူညီချက်များအတိုင်း ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်အားပေး ပြည်ဖျက် မီဒီယာများသည် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေး မှုမှ ရလဒ်ကောင်းများ ထွက်ပေါ်လာမှုအပေါ် မနာလိုမရှုစိတ်ဖြင့် မဟုတ်မမှန်ကောလာဟလ သတင်းများထုတ်လွှင့်ကာ တပ်မတော် ဂုဏ်သိက္ခာ ကျဆင်းစေရန်နှင့် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် ဝါဒဖြန့်ချိနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။