ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးမှုအပေါ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ကန့်ကွက်ရှုတ်ချပွဲများပြုလုပ် နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ  ၁၃

Saturday, January 13, 2024 - 15:15

          အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော် များအား ဖျက်ဆီးစော်ကားမှုအား ကန့်ကွက်ရှုတ်ချပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိသည်။

ထိုသို့ ပြုလုပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့၊ မြို့လည်ကျောက်တိုင်ဘောလုံးကွင်း၌ လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုးတုံမြို့၊ မြို့မအားကစားကွင်း၊ မိုင်းဖြတ်မြို့၊ အခြေခံပညာမူလတန်းကျောင်း(ဝမ်မိုင်)နှင့် မိုင်း ဆတ်မြို့၊ သဗ္ဗညုဘုရားတို့၌လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြို့မ အားကစားကွင်း၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်းနှင့် ကော့သောင်းမြို့၊ လွတ်လပ်ရေးကျောက်တိုင်ကွင်းတို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်း သင်းမြို့၊ ရွှေမုဋ္ဌောဘုန်းတော်ကြီးကျောင်းဝင်းနှင့် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့၊ ရခိုင်ဘုရားကြီးဝင်း၊ နတ်မောက်မြို့၊ ဗိုလ်တေဇဘောလုံးကွင်း၊ မြို့သစ်မြို့၊ မြို့မ အားကစားကွင်းနှင့် သက်ရက်မြို့၊ ခရိုင်အားကစားကွင်း၌ လည်းကောင်း အသီးသီး ကျင်းပပြုလုပ်ကြရာ သတ်မှတ်နေရာအသီးသီးမှ ချီတက်စုဝေးကြပြီး သံဃာတော်များ နှင့် မျိုးချစ်ပြည်သူ ဦးဆောင်သူများက ဗုဒ္ဓဘာသာအပေါ် ဖျက်ဆီးရန် လုပ်ဆောင် နေမှုများကို ကန့်ကွက်ကြောင်း ဟောပြောကြသည်။

ထို့နောက် ကန့်ကွက်ရှုတ်ချပွဲသို့ တက်ရောက်လာကြသူများက “ သာသနာကို ဖျက်ဆီးနေသော အကြမ်းဖက်သူပုန်များ(ကျရှုံးပါစေ)၊ လူသတ်အကြမ်းဖက်သူပုန် မှန်သမျှ(ဆန်ကျင်ကြ)၊ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာ၀င် တိုင်းရင်းသားများ ကိုးကွယ် ယုံကြည်သည့် ဘုရား၊ စေတီ ၊  ဆင်းတုတော်များအား စော်ကား ဖျက်ဆီးသူ(ဒို့ရန်သူ)၊ ဘုရား၊ စေတီ၊ ဆင်းတုတော်များကို ဖျက်ဆီးနေသော ပြည်ဖျက် မိစ္ဆာသောင်းကျန်သူများ (ကျရှုံးပါစေ)၊ ဒို့ဘာသာ၊ ဒို့သာသနာ၊ ဒို့ယဉ်ကျေးမှု ဖျက်ဆီး စော်ကား သူများအား(ဆန့်ကျင်ကြ)၊ အကြမ်းဖက်အားပေး လောက်ကောင်များ (အလိုမရှိ)၊ သာသနာဖျက်အကြမ်း ဖက်သမားများ (အလိုမရှိ)” စသည့် ကြွေးကြော်သံများ၊ ဆိုင်းဘုတ် များ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသည်။

အဆိုပါ ကန့်ကွက်ရှုတ်ချပွဲများသို့  သက်ဆိုင်ရာ မြို့နယ်အသီးသီးမှ သံဃာ တော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် မျိုးချစ်ပြည်သူများ တစ်ခဲနက် တက်ရောက် ကန့်ကွက်ရှုတ်ချခဲ့ကြကြောင်း သတင်းရရှိသည်။