တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ တောင်ပုကျေးရွာကို ဇန်နဝါရီ ၁၀ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်းဝင်ရောက်လာပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နှင့်ဒေသခံများထံမှ ငွေကြေးများ ခြိမ်းခြောက်ယူဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများ တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ မြေပြင်သတင်းအရင်းအမြစ်များနှင့် သက်ဆိုင်ရာ နယ်မြေလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဇန်နဝါရီ ၁၀ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တောင်ပုကျေးရွာသို့ သွားရောက်ခဲ့ခြင်းမရှိကြောင်းနှင့် လက်နက် ကြီးပစ်ခတ်မှုမရှိပါကြောင်းနှင့် ၎င်းရက်တွင် PDF အမည်ခံအကြမ်းဖက်သောင်းကျန်း သူများမှ မြိတ်မြို့ မဇောကျေးရွာအုပ်စု၊ လက်မဲကျေးရွာရှိ ဒေသခံနေအိမ်များကို မီးရှို့ ဖျက်ဆီးသွားခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်တွင် ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။