မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သောင်းကျန်းသူများက လုံခြုံရေးတပ်ဖွဲ့စခန်းနှင့် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်

Saturday, May 15, 2021 - 15:00

မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သောင်းကျန်းသူများက လုံခြုံရေးတပ်ဖွဲ့စခန်းနှင့် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်

နေပြည်တော်၊ မေ ၁၅

            ၂၀၂၁ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် မြို့နယ်အချို့၌ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များက လုံခြုံရေးတပ်ဖွဲ့စခန်းနှင့်လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်မှာ မေလ ၁၄ ရက်နေ့ ည ၈ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ အောင်မြေမာန်ရပ်ကွက်ရှိ မြို့မရဲစခန်းအား ဆူပူအကြမ်းဖက်သောင်းကျန်းသူများက တူမီး သေနတ်များ၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် လုံခြံရေးတပ်ဖွဲ့ဝင် များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်သူများမှာ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက ၎င်းတို့ဆုတ်ခွာရာနောက်သို့ အသေးစိတ်လိုက်လံပိတ်ဆို့ခဲ့ရာ ရွှေဘုံသာဘောလုံးကွင်း အနီး အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းလမ်းထောင့်၌ အကြမ်းဖက်မှုပြုလုပ် ရာတွင်ပါဝင်သူ အောင်သစ္စာရပ်ကွက်နေ လှမျိုးအောင်(၂၉)နှစ်(ဘ)ဦးဝါဌေးပါ အမျိုးသား ၅ ဦးအား လက်လုပ်မိုင်း ၁ လုံး၊ ဆိုင်ကယ် ၂ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တိုက်ခိုက်မှုဖြစ်စဉ်အတွင်း လူနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

            အလားတူ ည ၈ နာရီ ၂၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ်(၆) ရပ်ကွက်၊ လမ်းမတော်လမ်းရှိ  အခြေခံပညာအလယ်တန်းကျောင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်ရွာ အေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးဆောင်ရွက်နေစဉ် ကျောင်း၏ အနောက် ဘက်နှင့် မြောက်ဘက်တို့မှ ဦးဆောင်သူ(စိစစ်ဆဲ) ဆူပူအကြမ်းဖက်သောင်းကျန်းသူအင်အား ၄၀ ဦးခန့်က လက်နက် ငယ်များ၊ တူမီးသေနတ်များ၊ လက်လုပ်သေနတ်များ၊ လက်လုပ်မိုင်းများဖြင့် အကြမ်းဖက် လာရောက် ရန်ပြုပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခြောက်လှန့် ပစ်ခတ်ခဲ့ ရာ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် အကြမ်းဖက်သူများမှာ လူစုကွဲထွက်ပြေးသွားခဲ့ကြောင်း၊ အကြမ်းဖက် သူများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် တပ်မတော် ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

            အထက်ပါဖြစ်စဉ်များတွင် လုံခြုံရေးတပ်ဖွဲ့စခန်းများနှင့် လုံခြုံရေးဆောင်ရွက်သည့် တပ်ဖွဲ့ဝင် များအား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များအား ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေးလိုအပ်သော လုံခြုံရေးအင်အားများတိုးမြှင့်ကာ ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။