အကြမ်းဖက်သောင်းကျန်းသူများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသားများ အထွဋ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများ အပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားရှစ်ခိုးကျောင်းများကို Drone များအသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများအတွင်းသို့ ဝင်ရောက် နေရာယူ၍ အခိုင်အမာခံစစ်စခန်း ပြုလုပ်ခြင်းစသည့် အဖျက်အမှောင့် လုပ်ငန်းများဖြင့် ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ လုပ်ဆောင် လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းအတွင်းသို့ ဝင်ရောက်နေရာယူကာ ဆက်သွယ်ရေးမြောင်းများ၊ ပစ်ကျင်းများပြုလုပ်၍ ခံစစ်စခန်းပြုလုပ်ခဲ့ခြင်း၊ ဇွန်လ ၁၅ ရက်တွင် KKO(ခွဲထွက်) အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကော့ကရိတ်မြို့၊ ဇောတိရာမပင်မ ကျောင်း အား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဆရာတော် တစ်ပါး ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း၊ ဇူလိုင်လ ၂ ရက်နေ့တွင် KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ဉထရစ်ထနယ်မြေအတွင်းရှိ စေတီပုထိုးနှင့် ဘာသာရေးအ ဆောက်အဦများအတွင်း ဝင်ရောက်နေရာယူကာ ဆက်သွယ်ရေးမြောင်းများ၊ ပစ်ကျင်း များပြုလုပ်၍ ခံစစ်စခန်းပြုလုပ်ခဲ့ခြင်း၊ စက်တင်ဘာလ ၂၆ နေ့တွင် KNPP နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကယားပြည်နယ်၊ ပန်တိန်းမြို့ရှိ ကတ်သလစ်ဘုရား ရှိခိုးကျောင်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ခြင်း၊ ဒီဇင်ဘာလ ၄ ရက်နေ့ တွင် MNDAA ပူးပေါင်းအကြမ်းဖက်သောင်းကျန်းသူများက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ ရပ်တော်မူဘုရားနှင့် မိဂဒါမဟာစေတီကို Drone များအသုံးပြု၍ Drop Bomb ဖြင့် ပစ်ချဖျက်ဆီးခဲ့ခြင်း၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် TNLA အကြမ်းဖက် သောင်းကျန်းသူများက နမ့်ခမ်းမြို့၊ ပေါက်တိုက်မရပ်ကွက်ရှိ ဇေယျသုခဘုန်းတော်ကြီး ကျောင်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ခြင်း၊ ဒီဇင်ဘာလ ၂၅ ရက်နေ့ တွင် AA အကြမ်းဖက်သောင်းကျန်းသူများက မြောက်ဦးမြို့ပေါ်ရှိ မြောက်ဦးရှေးဟောင်း ယဉ် ကျေးမှုပြတိုက်အား လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျောက်စာချပ်များ ပျက်စီးခဲ့ခြင်းနှင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်တွင် MNDAA ပူးပေါင်း အကြမ်းဖက် သောင်းကျန်းသူများက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်၊ စီအော ကျေးရွာ၏ မြောက်ဘက် ပွိုင့်-၂၂၀၂ တောင်ကုန်း(ဆင်ဦးကင်းကုန်း) ပေါ်ရှိ ဒေသခံ ပြည်သူများနှင့် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီတစ်ဆူအား အကြမ်း ဖက်သမားများက သံတူဖြင့် ထု၍ စေတီအား ဖြိုချဖျက်ဆီးခဲ့ခြင်း စသဖြင့် ဘာသာတရားအပေါ် အကြမ်းဖက်မှုများ ပြုလုပ်လာသည် ကို တွေ့ရှိရသည်။
ယင်းသို့ အကြမ်းဖက်သောင်းကျန်းသူများ၏ ဘုရားစေတီများနှင့် ဘာသာရေး ဆိုင်ရာ အဆောက်အဦများကို မိုက်ရိုင်းစော်ကားစွာ ဖျက်ဆီးလျက်ရှိသဖြင့် ဗုဒ္ဓဘာသာ ဝင် ရဟန်းရှင်လူပြည်သူများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် လုံးဝ လက်မခံနိုင်ဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့တွင် ပြင်းထန်စွာ ကန့်ကွက် ရှုံ့ချလျက်ရှိကြောင်း သတင်းရရှိသည်။