မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဆောက်ချုံပေါက်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ ဝင်များက မီးရှို့သဖြင့် နေအိမ် ၁၀ လုံးကျော်မီးလောင်ခဲ့ကြောင်း ကောလာဟလ သတင်း အမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ဇန်နဝါရီလ ၁

Thursday, January 11, 2024 - 16:15

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဆောက်ချုံပေါက်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ ဝင်များက မီးရှို့သဖြင့် နေအိမ် ၁၀ လုံးကျော်မီးလောင်ခဲ့ကြောင်း ကောလာဟလ သတင်း အမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီလ ၁၁ ရက်

          မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဆောက်ချုံပေါက်ကျေးရွာအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၉ ရက်နေ့တွင် ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၀ လုံးကျော် မီးလောင် ပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက ကောလာဟလ သတင်းအမှားများကို လုပ်ကြံရေးသားပြီး လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေ နေသည်ကို တွေ့ရှိရသည်။

          အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက်အရ ဇန်နဝါရီ ၉ ရက်နေ့တွင် ဆောက်ချုံပေါက်ကျေးရွာနှင့် အနီးဝန်း ကျင်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်ခဲ့ခြင်းမရှိပါကြောင်းနှင့် နယ်မြေလုံခြုံ ရေးဆောင်ရွက်ခြင်းများ မရှိကြောင်း၊ ကောလာဟလသတင်းအမှားများသာ ဖြစ်ပါ ကြောင်း သိရှိရသည်။

          တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် ကောလဟလသတင်းများကို လုပ်ကြံ ရေးသားပြီး ပြည်သူများအား ကြောက်ရွံ့ထိတ်လန့်စေရန် သတင်းအဆိပ်ခတ်ခြင်းနှင့် အကြမ်းဖက်သမားများမှ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လာရန် လှုံဆော်ရေး သား ဝါဒဖြန့်ခြင်းတို့ဖြင့် နိုင်ငံတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် တရားဥပဒေ စိုးမိုး ရေးလုပ်ငန်းများကို ထိခိုက်စေရန် သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသား နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။