စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးမှုအပေါ် လားရှိုးမြို့နှင့် ပတ်ဝန်းကျင်ဒေသများမှ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူက ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ် နေပြည်တော်၊ ၂

Thursday, January 11, 2024 - 16:15

စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးမှုအပေါ် လားရှိုးမြို့နှင့် ပတ်ဝန်းကျင်ဒေသများမှ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူက ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်

နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ - ၁၁

          စစ်ရေးဖြင့်သက်ဆိုင်ခြင်းမရှိသည့် ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော် များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများအား ကန့်ကွက် ရှုတ်ချပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ လွတ်လပ်ရေး ပန်းခြံကျောက်တိုင်ကွင်း၌ ကျင်းပပြုလုပ်သည်။

          ဦးစွာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နှင့် ပတ်ဝန်းကျင်ဒေသများမှ သံဃာ တော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက လားရှိုးမြို့ရှိ လွတ်လပ်ရေး ပန်းခြံကျောက်တိုင်ကွင်း၌ စုဝေးကြပြီး သံဃာတော်များနှင့် မြို့မိမြို့ဖများက ဗုဒ္ဓဘာသာအပေါ် ဖျက်ဆီးရန် လုပ်ဆောင်နေမှုများကို ကန့်ကွက် ကြောင်း ဟောပြောကြသည်။ ထို့နောက် ကန့်ကွက်ရှုတ်ချပွဲသို့ တက်ရောက်လာကြသူ များက “အမျိုးဘာသာသာသနာအား ဖျက်ဆီးသည့် အကြမ်းဖက်အဖွဲ့များ အလိုမရှိ၊ ဘာသာအကျိုး ဒို့သည်ပိုး၊ အချုပ်အခြာအာဏာကို ထိပါးစော်ကားသော ပြည်ဖျက် မိစ္ဆာများအား ဆန့်ကျင်ကြ၊ အကြမ်းဖက်သမားများ ကိုယ်ပြုသည့်ကံ ကိုယ့်ထံ ပြန်လာလိမ့်မည်” ဟူသည့် ကြွေးကြော်သံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ငြိမ်းချမ်း စွာ ဆန္ဒထုတ်ဖော်ကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။