ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်မှာ အရပ်သားတွေကို စစ်မှုထမ်းဖို့ တပ်မတော်က အုပ်ချုပ်ရေးမှူးတွေက တဆင့် တောင်းခံနေကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ဇန်နဝါရီလ ၉ ရက်

Tuesday, January 9, 2024 - 14:45

 ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ဇန်နဝါရီ ၅ ရက်နေ့က  တပ်မတော်မှ အုပ်ချုပ်ရေးမှူးများကို ခေါ်ယူကာ အသက် ၁၈ နှစ်မှ ၅၅ နှစ်ကြား အမျိုးသားများကို ကျေးရွာတစ်အုပ်စုလျှင်  ၁၀ ဦး ပေးရမည်ဟု စစ်မှုထမ်းအင်အားများတောင်းခံနေကြောင်း သတင်းတု၊ သတင်းအမှားများ ကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်မှ တာဝန်ရှိ သူတစ်ဦး၏ ပြောကြားချက်အရ တပ်မတော်မှ ဒေသခံပြည်သူများအား စစ်မှုထမ်းဆောင်ရန် အင်အားတောင်းခံခြင်းနှင့် အတင်းအဓမ္မ စစ်မှုထမ်းဆောင်ခိုင်းခြင်း မရှိပါကြောင်း၊ ကောလာ ဟလသတင်းများကို မသမာသူများက လုပ်ကြံပြောဆိုနေခြင်းသာဖြစ်ကြောင်း သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းစေပြီး ပြည်သူများမှ အထင်အမြင်လွဲမှားစေရန်အတွက် ကောလာဟလသတင်းများကို လူမှုကွန် ရက်စာမျက်နှာများပေါ်တွင်လုပ်ကြံရေးသားပြီး အကြောက်တရားများ၊ အမုန်းတရားများကို လေလှိုင်းပေါ်မှတဆင့် နည်းလမ်းမျိုးစုံဖြင့် ပြည်သူများအားလှုံဆော်ဝါဒဖြန့်နေခြင်း  သာဖြစ်ကြောင်း သတင်းရရှိပါသည်။