နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များ ချောင်းသာကမ်းခြေသို့ အပန်းဖြေခရီးသွားရောက် နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ - ၉

Tuesday, January 9, 2024 - 14:45

နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များအား အနားယူအပန်းဖြေခရီးစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေသို့ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးမှတစ်ဆင့်  မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါ အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပုသိမ်မြို့သို့ ရောက်ရှိကြပြီး မြတ်ကျောင်း တော်ပုသိမ်ထီးလုပ်ငန်းအား သွားရောက်ကြည့်ရှုလေ့လာကာ ရွှေမုဋ္ဌောမဟာ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုခဲ့ကြသည်။ ညနေပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး၊ ချောင်းသာကမ်းခြေသို့ ရောက်ရှိကြရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။ ထို့နောက် ချောင်းသာ အပန်းဖြေဧည့်ရိပ်သာ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကားများ အသီးသီးပြောကြားကြပြီး ဒေသထွက် စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံ၍ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။