နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြည့် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ဆဋ္ဌမ အကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက် အမှာစကားပြောကြား
နေပြည်တော် ဇန်နဝါရီ ၈
မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ဆဋ္ဌမ အကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီ ဒုတိယဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသားအဆင့် လုပ်ငန်းကော်မတီ(၈)ခု ၏ ဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အတွင်းရေးမှူး အဖွဲ့ဝင် ညွှန်ကြားရေးမှူး ချုပ်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ် များ၊ အလုပ်ရှင်အဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့အစည်း နှင့် လူမှုအဖွဲ့ အစည်းများ က ဗီဒီယို ကွန်ဖရင့်စနစ် ဖြင့် တက်ရောက်ကြသည်။
ဉီးစွာ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး က နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ တာဝန်ယူသည့် ကာလအတွင်း မြန်မာနိုင်ငံ ကလေး အလုပ်သမားပပျောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီကို ၂၀၂၃ ခုနှစ် ဩဂုတ် ၂၄ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အမိန့်ကြော်ငြာစာအမှတ် (၁၈၀/၂၀၂၃)ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် (၃၆)ဦး ဖြင့် နောက်ဆုံးအကြိမ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို လုပ်ငန်းကော်မတီအသီးသီးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပဥ္စမအကြိမ် အမျိုးသားကော်မတီအစည်းအဝေးတွင် ဆုံးဖြတ် ချက် (၁၇) ချက် ချမှတ် ဆောင်ရွက်နိုင်ခဲ့ပြီး ဆုံးဖြတ်ချက်များအနက် စဉ်ဆက်မပြတ်ဆောင် ရွက်ရမည့် ဆုံးဖြတ်ချက် (၆) ချက်မှအပ ကျန်အချက်များ ဆောင်ရွက်ပြီး ဖြစ်သည်ကို တွေ့ရှိ ရကြောင်း။
ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက် မှုများကို ပြန်ကြည့်မည်ဆိုပါက မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားဆိုင်ရာ အခြေခံဗဟုသု တများ ပြန့်ပွားစေရေးအတွက် အသိပညာနှင့် ဗဟုသုတတိုးမြှင့်စေခြင်း၊ နိုင်ငံတကာ စံချိန်၊ စံညွှန်းများနှင့်အညီ ဥပဒေပြင်ဆင်ရေးဆွဲခြင်း၊ ကလေးအလုပ်သမားပြဿနာအပေါ် ဖြေရှင်း နိုင်ရန် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်း များ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ တာဝန်ဝတ္တရားများ သတ်မှတ်ခြင်း၊ အကောင် အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းချမှတ်၍ တိုးတက်မှုကို အကဲဖြတ်ခြင်းဖြင့် ရေရှည်တွင် ကလေးအလုပ်သမား လျော့နည်းပပျောက်စေရန် ဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းစီမံချက်ကိုအကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာဗဟုသု တများကို ကလေးအလုပ်သမားကိုယ်တိုင်မှစ၍ မိဘများထံထိရောက်စွာ ရောက်ရှိနိုင်ရေး အသိပညာမြှင့်တင်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် အမျိုးသား ကော်မတီအဖွဲ့ဝင်များအနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြရန်နှင့် ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အကောင်အထည် ဖော်ဆောင်ရွက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
ယင်းနောက် အမျိုးသားကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ပဥ္စမအကြိမ် အမျိုးသား ကော်မတီအစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီး မှုအခြေအနေနှင့် လုပ်ငန်းကော်မတီ (၈) ခု၏ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက်ရေးဆိုင် ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ကော်မတီ တွဲဖက်အတွင်းရေးမှူး၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေး ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က ဆဋ္ဌမအကြိမ်အစည်းအဝေးဆုံးဖြတ်ချက်များကို ဖတ်ကြားတင်ပြပြီး အတည်ပြုချက်ရယူသည်။
ယင်းနောက် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် က ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။