နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မလိခပန်းခြံနှင့် ကတ္တရာလမ်းသစ်များ ဖွင့်ပွဲအခမ်းအနားများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ပထမ (၁)နှစ်ပြည့် မတည်ထောက်ပံ့ငွေ အရင်းနှင့်အတိုး ပြန်လည်ပေးအပ်ပွဲသို့ တက်ရောက်
မြစ်ကြီးနား ဇန်နဝါရီ ၈
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားအား တက်ရောက်ရန် နိုင်ငံ့တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီး ချုပ်နှင့်ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများသည် ဇန်နဝါရီ ၈ ရက် နံနက် ၁၀ နာရီ တွင် တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်သို့ ရောက်ရှိခဲ့ကြသည်။
ထိုသို့ ရောက်ရှိလာကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ဒေါက်တာမူထန်၊ ဦးရွှေကြိမ်းတို့နှင့်အတူ ပြည် ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမောင်မောင်အုန်း၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးဉာဏ်ထွန်း၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမျိုးသန့်၊ ဒေါက်တာသက်သက်ခိုင်၊ ဦး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ဌာနဆိုင်ရာအကြီးအကဲများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်စိုးလှိုင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကချင်ပြည်နယ်အတွင်းရှိ ကချင်မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ် စု (၅)မျိုးနှင့် ဗမာတိုင်းရင်းသားရိုးရာအဖွဲ့များက အကအလှများဖြင့် နွေးထွေး စွာကြိုဆိုနှုတ်ဆက်ခဲ့ ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးတို့သည် မြစ်ကြီးနားမြို့ လေဆိပ် သွားလမ်း ပြည်ထောင်စုလမ်းမဘေး၌ မြစ်ကြီးနားမြို့အား ပန်းမြို့တော်စီမံကိန်းဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် Welcome to Myitkyina (LED) ဆိုင်းဘုတ်နှင့် မေခပန်းဥယျာဉ်တို့အား (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ မေခဥယျာဉ်ဆောင်ရွက်မှုခဲ့မှုများနှင့် စပ်လျဉ်း၍ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူက ရှင်းလင်းတင်ပြပြီး မေခပန်းဥယျာဉ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက (၇၆)နှစ်မြောက် ကချင်ပြည် နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မေခဥယျာဉ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာသူများနှင့်အတူ ဥယျာဉ်အတွင်း မြေယာရှုခင်းပြုပြင်၍ အလှပန်းပင်များ ပုံဖော် စိုက်ပျိုးထားရှိမှုနှင့် အပန်းပြည်သူအပန်းဖြေနိုင်ရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ ဝင်များသည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ အဖွဲ့ရန်ပုံငွေဖြင့် လမ်းအရှည် (၁၀၁၃)ပေအား အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့သည့် ဒူဝါဇော်ရစ်လမ်း အဆင့်မြှင့်နိုင်လွန်ကတ္တရာလမ်း ဖွင့်ပွဲသို့ တက်ရောက်ရာ မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေး အဖွဲ့ တာဝန်ရှိသူက ဒူဝါဇော်ရစ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ ကတ္တရာလမ်းသစ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ မူထန်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ တိုင်းမှူးဗိုလ်ချုပ် စိုးလှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြရာ ဒေသခံရပ်မိရပ်ဖတစ် ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များက ကတ္တရာလမ်းသစ်ကို ဘင်ခရာတပ်ဖွဲ့များနှင့် အတူ ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြ သည်။
အလားတူ အဆိုပါရပ်ကွက် စက်မှုဇုံအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေ ဖြင့် ဆောင်ရွက်ခဲ့သည့် ပရိယတ္တိစာသင်တိုက်သွားလမ်း အရှည် (၁၄၀၀)ပေ ကတ္တရာလမ်းသစ် ဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြပြီး ကတ္တရာလမ်းသစ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး လမ်းသစ်အား ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ ကြသည်။
ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်း အတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ပထမ(၁)နှစ်ပြည့် မတည်ထောက်ပံ့ငွေ အရင်းနှင့် အတိုး ပြန်လည်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက နိုင်ငံတော်အနေဖြင့် မည်သည့်စိန်ခေါ်မှုပင်ရှိပါစေ ပြည်တွင်းအား သည် ပြည်တွင်း၌သာ ရှိသည်ဟူသည့် ခံယူချက်ဖြင့် မိမိတို့၏ အမျိုးသားရေးမူဝါဒ(၂)ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေးရိက္ခာဖူလုံရေးတို့ကို ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက်စီးပွားရေးလုပ်ငန်း များထဲမှ အဓိကကျပြီး အချိန်တိုအတွင်း ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းနိုင်သည့် အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME)များကို အားပေးမြှင့်တင် ဆောင်ရွက်ခြင်းအားဖြင့် စီးပွားရေးမောင်းနှင်အားများ ကောင်းမွန်လာသည်ကို တွေ့ရှိရပါကြောင်း၊ ယနေ့အခမ်းအနားသည် ကချင်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်း (၁)နှစ်တာကာလ ပြည့်မြောက်ပြီးသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် စီမံကိန်းရန်ပုံငွေ ပြန်လည်ပေးအပ်နိုင်သော အခမ်းအနားဖြစ်သည့်အတွက် တာဝန် ကျေပွန်စွာ ပြန်လည်ပေးဆပ်ကြသည့် လုပ်ငန်းလုပ်ကိုင်သူ ပြည်သူများနှင့် ကြီးကြပ်အကောင် အထည်ဖော်ဆောင်ရွက်ပေးသည့် ပြည်နယ်အစိုးရအဖွဲ့နှင့် ကော်မတီအဆင့်ဆင့်၏ လုပ်ဆောင်ချက် ကို အသိအမှတ်ပြုပါကြောင်း၊ စီမံကိန်းလုပ်ငန်းများကို အကျိုးရှိထိရောက်အောင်မြင်စေရန် စောင့် ကြည့်စစ်ဆေးခြင်း လုပ်ငန်းသည် အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်သည့်အလျှောက် စီမံကိန်းလုပ်ငန်း တစ်လျှောက်လုံး စောင့်ကြည့်စစ်ဆေး အကဲဖြတ် ခြင်းကို အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွက် ရန်ပုံငွေခွဲဝေရရှိမှု၊ အတိုးရရှိမှု အခြေ အနေများနှင့် စီမံကိန်းဒုတိယနှစ်စက်ဝန်းအတွက် ဆက်လက်ထုတ်ချေးဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ဌာန(၄)ခုမှ လုပ်ငန်းအလိုက် ထုတ်ချေးဆောင်ရွက်ခဲ့သည့် မတည်ထောက်ပံ့အရင်းနှင့် (၁)နှစ်စာရရှိသည့် အတိုး တို့အား ပြည်ထောင်စုအဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဝင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးထံ ပေးအပ်ခဲ့သည်။
ယင်းနောက် နိုင်ငံ့တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ရန်ပုံငွေများကို ရန်ပုံငွေဘဏ္ဍာရေးစည်းမျဉ်းနှင့် အညီ စနစ်တကျသုံးစွဲခြင်းရှိ/မရှိနှင့် ရန်ပုံငွေများ သုံးစွဲမှုစာရင်းများနှင့်စပ်လျဉ်း၍ စစ်ဆေးတွေ့ ရှိချက် အစီရင်ခံစာပါ သုံးသပ်ချက်များအပေါ် လိုက်နာဆောင်ရွက်ရှိ/မရှိကိုလည်း တာဝန်ရှိသူ အဆင့်ဆင့်က စိစစ်ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း နိဂုံးချုပ်အမှာစကားပြောကြားသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြစ်ကြီးနားမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး ဝင်းအတွင်း တည်ဆောက်ပြီးစီးသည့် ပြည်နယ်ကာကွယ်ဆေးသိုလှောင်အအေးခန်း(မြစ်ကြီးနား)ရှိ သုံးထပ်ဆောင်အဆောက်အဦ(အသစ်)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြပြီး သုံထပ်အဆောင် အဆောက် အဦသစ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမျိုးသန့်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက ပြည်နယ်ကာကွယ်ဆေးသိုလှောင်အအေးခန်း ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးသည်။
ယင်းနောက် အဆောက်အအုံသစ် မော်ကွန်းကြေးပြားအား အမွှေးနံ့သာရေများ ပက်ဖျန်း ပေးကြပြီး အဆောက်အအုံသစ်အတွင်း သိုလှောင်ခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြကြောင်း သတင်းရရှိပါသည်။