ခမ်းပတ်မြို့၊ ကနန်းစံပြကျေးရွာ ခရစ်ယန်ဘုရားရှိခိုးကျောင်းကို တပ်မတော်က လေယာဉ်ဖြင့် ဗုံးကျဲချမှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံး ဟု သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ဇန်နဝါရီ ၇ ရက်

Sunday, January 7, 2024 - 16:15

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့၊ ကနန်းစံပြကျေးရွာ၊ အမှတ် ၅ ရပ် ကွက်ရှိ  ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံး သည်ဟု အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာ ခေတ်သစ်မှ သတင်းတု၊ သတင်းမှားများကို ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြား ချက်အရ ယနေ့နံနက်ပိုင်းတွင် လေကြောင်းပျံသန်းမှုမရှိကြောင်း သိရှိရပြီး တပ်မှ ဗုံးကျဲသည် ဆိုသည်မှာ သတင်းအမှားသာဖြစ်ကြောင်း သတင်းရရှိပါသည်။

အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများသည် သတင်းတု သတင်းမှားများကို အချိန်နှင့် တစ်ပြေးညီရေးသားဖြန့်ဝေလျက်ရှိပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် ဝါဒဖြန့် လှုံဆော်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။