တပ်မတော်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးမြို့နယ်၊ လက်ပံချောင်းရွာနှင့် မောင်းတောမြို့နယ်၊ ကံသာယာအထက်ရွာတို့တွင် ပြည်သူများသေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရ ရှိကြောင်း  သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

Friday, January 5, 2024 - 15:45

တပ်မတော်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးမြို့နယ်၊ လက်ပံချောင်းရွာနှင့် မောင်းတောမြို့နယ်၊ ကံသာယာအထက်ရွာတို့တွင် ပြည်သူများသေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရ ရှိကြောင်း  သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီ ၅ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မြောက်ပိုင်းသို့ ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ပိုင်းတွင် တပ်မတော်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သောကြောင့်  လက်ပံချောင်းကျေးရွာနေ ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးကာ အရပ်သား ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ သည် ဟု  Ayeyarwaddy Times လူမှုကွန်ရက်စာမျက်နှာပေါ်တွင် သတင်းတုများ လုပ်ကြံ ဖန်တီး ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်မှန်ကန်မှု ရှိ/မရှိ ကလေးမြို့၊ လက်ပံချောင်းကျေးရွာရှိ ဒေသခံပြည်သူ တစ်ဦးထံ ဆက်သွယ်မေးမြန်းရာ “ ယခုရက်ပိုင်းအတွင်း ၎င်းကျေးရွာအနီးတွင် ထိတွေ့ပစ်ခတ်မှုများ မရှိ ကြောင်း၊ PDF အမည်ခံ အကြမ်းဖက်သမားများမှ ရံဖန်ရံခါတွင် လက်လုပ်စိန်ပြောင်းများ၊ Drone များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ရှိခဲ့သော်လည်း ယခုရက်ပိုင်းတွင် ကျေးရွာသူ/ ရွာသားများအနေဖြင့် စပါးရိတ်သိမ်းခြွေလှေ့ခြင်း လုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက် ရှိကြောင်း ” သိရှိရပါသည်။

အလားတူ ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ်၊ ကံသာယာအထက်ရွာကို ဇန်နဝါရီ ၄ ရက်နေ့တွင် တပ်မတော်ကလက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကို AA သတင်းအရင်းအမြစ်ကပြောကြောင်း Khit Thit Media က သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကိုတွေ့ရှိရသဖြင့် သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန် ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းချက်အရ မောင်းတောမြို့နယ်၊ ကံသာယာအထက်ရွာကို တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုမရှိခဲ့ကြောင်း၊ AA သောင်းကျန်းသူများမှ လုံခြုံရေး တပ်ဖွဲ့ဝင်များ အလစ်အငိုက်တွင် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့်  ပစ်ခတ်ခဲ့ မှုကြောင့်  ပြည်သူများထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ပြည်ဖျက်မီဒီယာများသည် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးမှု ပျက်ပြား စေရန်အတွက် သတင်းအရင်းအမြစ်တိကျခိုင်မာမှုမရှိသော ဖြစ်စဉ်များကို လူမှုကွန်ရက်ပေါ်တွင် ဝါဒဖြန့်ချိခြင်းများပြုလုပ်ကာ ပြည်သူများကို သတင်းအဆိပ်ခတ်လျက်ရှိကြောင်း ပြည်သူများ အနေဖြင့် သတိပြုဆင်ခြင်နိုင်ရန် အသိပေးအပ်ပါကြောင်း သတင်းရရှိပါသည်။