ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၌ အကြမ်းဖက်သူများမှ လက်လုပ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်မှုကြောင့် အမျိုးသား ၂ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိ သေဆုံး နေပြည်တော်၊ မေ ၁၄ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၌ အကြမ်းဖက်

Friday, May 14, 2021 - 16:15

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၌ အကြမ်းဖက်သူများမှ လက်လုပ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်မှုကြောင့် အမျိုးသား ၂ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိ သေဆုံး

နေပြည်တော်၊ မေ ၁၄

            ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၌ အကြမ်းဖက်သူများမှ လက်လုပ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်မှုကြောင့် အမျိုးသား ဦး ဗုံးစထိမှန်ဒဏ်ရာရရှိ သေဆုံးခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်မှာ မေလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ အေးသာယာမြို့ရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် အမှတ်(၁၀)ရပ်ကွက်၊ နယ်မြေ(၈၇) အေးသာယာစက်မှုဇုန်ရှိ တောင်ကြီးနည်းပညာ တက္ကသိုလ်အနီးလမ်းဘေး၌ ခေတ္တအခြေပြုနေစဉ် စက်မှုဇုန်ဘက်မှ အေးသာယာမြို့ဘက်သို့ အကြမ်းဖက် သူ အမျိုးသား ဦး စီးနင်းလာသော အပြာရောင်ဆိုင်ကယ် စီးမှ လက်လုပ်ဗုံး လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ အဆိုပါလက်လုပ်ဗုံးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏အနီး လမ်းမပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့သုံး မော်တော်ယာဉ်ဝဲဘက်ခြမ်းတံခါး ၂ ချပ်နှင့် ကိုယ်ထည်တို့တွင် ဗုံးစထိမှန်ပျက်စီးခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာအနီးတွင်ရှိနေသော အမှတ်(၁၀) ရပ်ကွက်နေ ခင်မောင်ကြည် (၃၅)နှစ် () ဦးထွန်းလှ သူသည်  အခင်းဖြစ်နေရာတွင် ဗုံးစထိမှန်ဒဏ်ရာ များဖြင့် သေဆုံးသွားခဲ့ကာ အမှတ်(၁၂) ရပ်ကွက်နေ ကိုထီး()ကျော်နိုင်၊ ၅၃နှစ်၊ () ဦးလှဌေးသည် ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးဝါးကုသမှုခံယူနိုင်ရေး အေးသာယာမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ ဆေးရုံသို့ ရောက်ရှိစဉ် သေဆုံးသွား ခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်တွင် လက်လုပ်ဗုံးဖြင့်ပစ်ပေါက်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သူများအား ဖမ်းဆီး ရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးရှာဖွေခြင်းများအား ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။