ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ညောင်လေးပင်အုပ်စု၊ လက်ပံပင်ပြန့်ကျေးရွာရှိ စာသင်ကျောင်းနှင့် ယာတဲများကို လုံခြုံရေးတပ်ဖွဲ့များက ဒီဇင်ဘာလ ၃၀ ရက်တွင် မီးရှို့ခဲ့ကြောင်း လူမှုကွန်ရက် စာမျက်နှာများတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံရေးသားနေ သည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ မြေပြင်စစ်ဆေးတွေ့ရှိချက်များနှင့် သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ နတ်တလင်းမြို့နယ်၊ လက်ပံပင်ပြန့် ကျေးရွာ အား PDF အမည်ခံအကြမ်းဖက်သမားများမှ မီးရှို့ဖျက်ဆီးမှုများနှင့် ခြိမ်းခြောက်လူသတ်၊ ငွေကြေးတောင်းခံမှုများရှိကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေ လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆောက်အဦများကို မီးရှို့မှုများမရှိကြောင်း သိရှိ ရသည်။
အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရာတွင် လူနေအိမ်များ အတွင်းမှ ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းတို့ဖြင့် ပြည်သူများကို လူသား တံတိုင်းအဖြစ် အကာကွယ်ယူ၍လုပ်ဆောင်ခြင်းနှင့် ဆုတ်ခွာထွက်ပြေးရာတွင်လည်း နေအိမ်များ ကိုမီးရှို့လျက်ရှိပြီး ၎င်းတို့၏လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင် အမြင်လွဲမှားစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် သတင်းတု၊ သတင်းမှား များကို လုပ်ကြံရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။