တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးပျက်ပြားအောင် သတင်းမီဒီယာများမှ လုပ်ဆောင်နေမှုများ၊ မြန်မာနိုင်ငံ၏ရပ်တည်ချက်သည် မြန်မာမြေကို၊ မြန်မာ နိုင်ငံပိုင်နက်ကို အသုံးပြုပြီး အိမ်နီးနားချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွား၊ တည်ငြိမ်မှု နှင့်ပြည်သူလူထုလူမှုစီးပွားဘဝကို ထိခိုက်နှောက်ယှက်စေသည့်မည်သည့် လုပ်ငန်း မျိုး ကိုမှ လက်ခံမှာမဟုတ်ကြောင်း၊ မြန်မာနိုင်ငံ လောက်ကိုင်မှာရောက်ရှိနေတဲ့ တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံနှင့် သက်ဆိုင်ရာနိုင်ငံများသို့ပြန်လည် လွှဲပြောင်းပေးမှု အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းဘုရင့် တပ်မတော်၊ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပြီး နယ်စပ် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေး လိမ်လည်မှုများ တိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးမှုများ၊ ရှမ်းပြည်နယ်နှင့် ရန်ကုန် တိုင်းဒေသကြီးတို့တွင် အကြမ်းဖက်သောင်းကျန်းသူ AA အဖွဲ့မှဦးစီးပြီးဆောင်ရွက် နေတဲ့ ငွေကျပ် ၅၁ ဒသမ ၈၇ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၂ တန်ကျော်၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၈၀၀ ကီလိုနှင့်အတူ မူးယစ်မှောင်ခို ဂိုဏ်းအဖွဲ့အား ဖော်ထုတ်ဖမ်းဆီးရမိများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြော ကြားချက်
မနေ့ကတုန်းကကျွန်တော်တို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ပုဂ္ဂိုလ် မစ္စမော်နင်း ကနေပြီးတော့ သတင်းစာရှင်းလင်း ပွဲမှာတော့ လောက်ကိုင်၊တုံချိန်နေရာပေါ့ Crown ဟိုတယ်ရှေ့မှာ ပေါက်ကွဲမှုကြောင့် တရုတ်နိင်ငံသားတွေ သေကြေဒဏ်ရာရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သတင်းစာရှင်း လင်းပွဲမှာ ပြောကြားခဲ့တာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကလဲ အမျိုးမျိုး တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားအောင် ဦးတည်ပြီး လုပ် ဆောင်နေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံအစိုးရနဲ့ တရုတ်နိုင်ငံအစိုးရဟာ နီးကပ်စွာပူးပေါင်းဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်အနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမြေကို မြန်မာနိုင်ငံနိုင်ငံပိုင်နက်ကို အသုံးပြုပြီး မိမိရဲ့ အိမ်နီးနားချင်းနိုင်ငံတွေအပေါ်မှာ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွား ၊ အိမ်နီး နားချင်းနိုင်ငံတွေရဲ့ တည်ငြိမ်မှုကို ၊ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ လူမူစီးပွားဘဝကို ထိခိုက်နှောင့်ယှက်စေမဲ့ မည်သည့်လုပ်ငန်းမျိုးကိုမှ လက်ခံမှာ မဟုတ်ပါဘူး။ လောက်ကိုင်မှာရောက်နေတဲ့ တရုတ်နိုင်ငံသားတွေ ၊ မြန်မာနိုင်ငံမှာရောက်နေတဲ့ တရားမဝင် တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်ပြီး ပြန်လည်ပို့ဆောင်ခြင်း လုပ်ငန်း တွေကို ဆောင်ရွက်ခဲ့ပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၂၃ ရက်နေ့ထိ တရုတ်လူမျိုး အမျိုးသား ၁၀၉၁၄ ဦး၊ အမျိုးသမီး ၁၄၀၂ ဦး စုစုပေါင်း ၁၂၃၁၆ ဦး တရုတ်နိုင်ငံကို အပ်နှံပြီးဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီမှာ တရားမဝင် ရောက်ရှိနေတဲ့ ဗီယက်နမ်လူမျိုး ၁၀၅၄ ဦး၊ ထိုင်းလူမျိုး ၅၃၄ ဦး ၊ မလေးရှားလူမျိုး ၁၃၂ ဦး ၊ စင်ကာပူ ၂ ဦး၊ တောင်ကိုရီးယား ၂၀ ဦး ၊ ယူဂမ်နာ ၁ ဦး ၊ တရုတ်ထိုင်ဝမ် ၄ ဦး ၊ အိန္ဒိယ ၄ ဦးစတဲ့ ကျန်တဲ့ နိုင်ငံတွေလဲ ပါပါတယ်။ ကျန်တဲ့နိုင်ငံတွေကတော့ လူဦးရေနည်းပါတယ်။ စတဲ့သူတွေကိုလဲ သက်ဆိုင်ရာနိုင်ငံတွေကို လွဲပြောင်းခဲ့ပြီး ဖြစ်ပါတယ်။ လောက်ကိုင်နယ်မြေနဲ့ ပတ်သက်လာရင် တိုက်ပွဲများဖြစ်ပွားလျက်ရှိ တဲ့အတွက်ကြောင့် မလို့ တရုတ်လူမျိုးများနဲ့ ပတ်သက်ပြီး ဘေးကင်းရာကို အမြန် ဆုံး ထွက်ခွာကြဖို့ ၊ သက်ဆိုင်ရာတွေကို သတင်းပို့ဖို့ ကြော်ညာစာတွေ၊ လက်ကမ်း စာတွေ၊ ထို့ပြင် အသံချဲ့စက်နဲ့ လိုက်လံ အသိပေးနိုးဆော်တာတွေကို နေ့စဉ်ရက် ဆက်မပြတ် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အားလုံးလဲ သိမြင်တဲ့အတိုင်း လောက် ကိုင်မြို့ မြို့တွင်းမှာဆိုရင် MNDAA ဟာ အရပ်ဝတ်တွေနဲ့ ဝင်ရောက်နေရာယူတာ တွေ၊ လူနေအဆောက်အဦးတွေကို စစ်ရေးအရ အသုံးပြုပြီး ၊ လူနေအဆောက်အဦး တွေကနေပြီး တပ်စခန်းတွေကို နှောင့်ယှက်ပစ်ခက်တာတွေ နေ့စဉ်ဆောင်ရွက် လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ မိမိရဲ့တပ်တွေ ဟာ တပ်စခန်းတွေမှာပဲ ရှိပါတယ်။ မြို့တွင်းမှာတော့ MNDAA တချို့ ယူနီဖောင်းနဲ့ ဖြစ်တယ်။ တချို့ အရပ်ဝတ်နဲ့ နေထိုင်ပြီးတော့ကျ တရုတ်နိုင်ငံသားတချို့ကို လူသားတံတိုင်းသဖွယ် အသုံးပြုနေတာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ နှစ်နိုင် ငံလုံးက ဂရုတစိုက်စောင့်ကြည့် တန်ပြန်ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ TNLA နဲ့ MNDAA အနေနဲ့ သူတို့လွှမ်းမိုးထားတဲ့ နယ်မြေ တွေထဲမှာ အသက် ၁၅ နှစ်ထက်ကျော်ရင် အမျိုးသား ၊ အမျိုးသမီးမကျန်၊ ယောက် ကျား ၊ မိန်းမ မကျန် လူသစ်စုဆောင်နေတဲ့ သတင်းတွေလဲ ရရှိပါတယ်။ ဒါ့အပြင် အွန်လိုင်းလိမ်လည်မှုမှာ ပတ်သက်နေတဲ့ တရုတ်နိုင်ငံသားတချို့ကို သူတို့ရဲ့ Eao နယ်မြေထဲကို အခကြေးငွေယူပြီး ထွက်ပြေးတိမ်းရှောင် ဖုံးကွယ်ထားတဲ့ သတင်း တွေကို ရရှိပါတယ်။ ကျွန်တော်တို့လည်း သက်ဆိုင်ရာတွေကို သတင်းပေးပို့ပြီး ဖြစ်ပါတယ်။ ဒီအွန်လိုင်းလိမ်လည်မှု ကိစ္စဟာ ကျွန်တော်တို့သိမြင်တာတွေထက် ထင်ထားတာထက်အများကြီး ရှုပ်ထွေးတဲ့ နက်နဲတဲ့ ကိစ္စဖြစ်ပါတယ်။
ဒီဇင်ဘာလ ၂၇ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ထိုင်းဘုရင့် တပ်မတော်၊ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး Jakkapong Janpengpen နဲ့တွေ့တဲ့အချိန် မှာလည်း နယ်စပ်ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးနှိမ်နှင်း ရေး ၊အွန်လိုင်းလောင်းကစားမှုနဲ့ ငွေကြေးလိမ်လည်မှု တိုက်ဖျက်ရေးတွေကို ကျွန် တော်တို့ ဆွေးနွေးခဲ့ပါတယ်။ အထူးသဖြင့်ကတော့ ကျွန်တော်တို့ နှစ်နိုင်ငံနယ်စပ် မြဝတီမြို့အနီးမှာရှိတဲ့ အွန်လိုင်းလောင်းကစားမှုနဲ့ ငွေကြေးလိမ်လည်မှုများ လုပ်ဆောင်လျက်ရှိတယ်ဆိုတဲ့ သတင်းစုံစမ်းရရှိတဲ့အတွက် နှစ်နိုင်ငံပူးပေါင်းတိုက် ဖျက်ဆောင်ရွက်သွားရမှာဖြစ်တယ်ဆိုတာ ပြောခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ အွန်လိုင်းလိမ်လည်မှုကို ဆက်လက်ဆောင်ရွက်နေတဲ့ နေရာတွေ၊ လုပ်ဆောင်နိုင် တဲ့ နေရာတွေကိုလည်း အသိပေးပြောကြားခဲ့ပါတယ်။ အကြမ်းဖက်သောင်းကျန်း သူများအနေနဲ့ကတော့ တရားမဝင် ငွေကြေးလိမ်လည်မှုတွေ၊ အွန်လိုင်းလောင်းက စားမှုတွေကို အမည်ခံတိုက်ဖျက်လုပ်ငန်းသာလုပ်နေပြီး သူတို့ကိုယ်တိုင် ကာကွယ် ပေးနေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါးလုပ်ငန်းတွေနဲ့လည်း ပတ်သက် နေတာကို တွေ့ရပါလိမ့်မယ်။
မကြာသေမီလပိုင်းအတွင်းမှာလည်း ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီး တွေမှာ အကြမ်းဖက်သောင်းကျန်းသူ AA အဖွဲ့က ဦးစီးပြီးဆောင်ရွက်နေတဲ့ မူးယစ် ဆေးဝါး အိုက်စ်(မက်သ်အဖက်တမင်း) ၂ တန်ကျော် ငွေကျပ် ၅၁ ဒသမ ၈၇ ဘီလီ ယံတန်ဖိုး ပြီးရင် ထိန်းချုပ် ဓာတုပစ္စည်း ကဖင်း ၈၀၀ ကီလိုဂရမ်နဲ့အတူ ဖမ်းဆီးရ မိခဲ့ပါတယ်။ ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၃ ရက်နေ့မှာ စတင်ပြီးဖမ်းဆီးရမိပါတယ်။ အဲဒီကနေလိုက်လံစစ်ဆေးတဲ့အခါမှာ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့နယ်၊ ပုလဲလမ်းမှာ ဒီအိုက်စ်တွေကိုသယ်ဆောင်ရာမှာ ပူးပေါင်းပါဝင်နေတဲ့ AA အဖွဲ့က ဒုတိယဗိုလ်အဆင့်ရှိ နေလင်းထွန်း(ခေါ်) နောနော် (ခေါ်)ကျော်စိုး ၊ဒုတိယဗိုလ် အဆင့်ရှိ စိုးထွန်းတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။ အဲ့နေ့မှာပဲ ရွှေပြည်သာမြို့နယ်(၁) ရပ်ကွက် ကနောင်မင်းသားကြီးလမ်း ဂိုဒေါင်မှာ AA အဖွဲ့က ဗိုလ်အဆင့်ရှိ ထွန်းလင်း(ခေါ်) ပြုံးချိုကို အိုက်စ် ၈၆၅ ကီလိုနဲ့အတူ ဖမ်းဆီးရမိပြီးတော့ ညဘက် မှာလည်း ကျွန်တော်တို့ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ ဒီဇင်ဘာလ ၇ ရက်နေ့ မနက် ၁၀ နာရီမှာ တောင်ဥက္ကလာပမြို့နယ် (၉)ရပ်ကွက် ၊ မေတ္တာလမ်းမှာ CANTER BOX မော်တော်ယာဉ်ပေါ်မှာ အိုက်စ် ၁၁၄၀ ကီလို၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၈၀၀ ကီလိုကို ဆက်လက်ဖမ်းဆီးရမိခဲ့ပါတယ်။ ပူးပေါင်းအဖွဲ့တွေဟာ ဒီဇင်ဘာလ ၉ ရက်နေ့မှာလည်း ဆက်လက်ဖမ်းဆီးရာမှာ ဆင်မလိုက်သင်္ဘောကျင်းမှာ စိုးပိုင် (ခေါ်) စိုးစိုး၊ဌေးလင်းဇော်၊ ကျော်ဌေးစိုး၊ AA အဖွဲ့က တပ်ကြပ်ကြီး အဆင့်ရှိ ကျော်ဟန် ၊ တပ်သားအဆင့်ရှိ ကျော်လင်းဆန်းနဲ့ တပ်သားအဆင့်ရှိ ဦးထွန်းနုတို့ ၆ ဦးကိုပြည်ပသို့ ပင်လယ်ရေကြောင်းမှ တဆင့် မူးယစ်ဆေးဝါးသယ်ဆောင်ရာမှာ တနင်္သာရီ(၁)အမည်ရှိ သံခွံကုန်တင်သင်္ဘော ၁ စီးနှင့် အတူ ထပ်မံဖော်ထုတ်ဖမ်း ဆီးရမိခဲ့ပါတယ်။
သိမ်းဆည်းရမိတဲ့ အိုက်စ်(မက်သ်အဖက်တမင်း) ၂.၀၇ တန်ကို မူးယစ်မှောင် ခိုအသင်းဖွဲ့ပြီး ရှမ်းပြည်နယ်ကနေ ရန်ကုန်တိုင်းဒေသကြီးကို သယ်ဆောင်ပြီး ပင်လယ်ရေကြောင်းကနေတဆင့် ပြည်ပသို့ သယ်ဆောင်ရောင်းဝယ်နေခြင်းဖြစ် ကြောင်းတွေ့ရှိရပါတယ်။ အဲ့ဒီမူးယစ်ဆေးဝါးတွေ၊ ထိန်းချုပ်ဓာတုပစ္စည်းတွေကို AA အဖွဲ့က ဗိုလ်မှူးကြီးအဆင့်ရှိတဲ့ ကျော်မြတ်ဦး(ခေါ်)သားသား(ခေါ်)ဝေသာထွန်း ရဲ့ ဦးစီးစီမံခန့်ခွဲမှုနဲ့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရပါတယ်။ ဒါတွေကို ကျွန်တော်တို့အနေနဲ့ သတင်းဆက်များထပ်မံလိုက်လံကာ စုံစမ်းလျှက်ရှိပါတယ်။ ဒီ အကြမ်းဖက်သောင်ကြမ်းသူများအနေနဲ့ မူးယစ်ဆေးနဲ့ပတ်သက်ပြီး ဦးစီးဦးဆောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့ပြောခဲ့သလို တရားမဝင်ငွေကြေးရတဲ့ လုပ်ငန်းတွေ၊ တရားမဝင်မှောင်ခိုလုပ်ငန်းတွေ၊ မူးယစ်ဆေးလုပ်ငန်းတွေ၊ အွန်လိုင်း လောင်းကစားမှုလုပ်ငန်းတွေ ဆောင်ရွက်ပြီး ငွေကြေးတွေရလာတယ်။ အဲ့ဒီငွေ ကြေးတွေနဲ့အတူ လက်နက်ခဲယမ်းတွေဝယ်တယ်။ ကာကွယ်ပေးမည့်လက်နက် ကိုင်အဖွဲ့အစည်းတွေလုပ်တယ်။ ဒီတရားမဝင်လုပ်ငန်းတွေကို ကာကွယ်ပြီးလုပ် ဆောင်နေကြတာဖြစ်ပါတယ်။ ဒါတွေကိုကျွန်တော်တို့ ပြည်သူတစ်ရပ်လုံးက သိရှိရ မှာဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ၊ ညောင်ပင်သစ်ရွာအနီးမှာ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေ လက်နက်ခဲယမ်းတွေနဲ့အတူ ခိုအောင်းနေ တယ်ဆိုလို့ ဒီဇင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းမှာ ဒီနေရာကို တပ်မတော်အနေနဲ့ ဝင်ရောက်ချေမှုန်းခဲ့ပါတယ်။ အဲ့ဒီမှာ လက်နက်ခဲယမ်းမျိုးစုံဖမ်းမိတဲ့အပြင် မော်တော်ယာဉ် ၇ စီး၊ မူးယစ်ဆေးဝါးများပါ ဖမ်းဆီးရမိခဲ့ပါတယ်။ WY အမျိုးအစား ဆေးပြား ၁၀၀၀ ပြား၊ ဘိန်းဖြူ ပနက်စလင် ပုလင်း ၁၀ လုံးခန့် ကျွန်တော်တို့ ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့် ဒီအကြမ်းဖက်လက်နက်ကိုင် အဖွဲ့များဟာ သူတို့အနေနဲ့ ဘယ်လိုပဲကြီးကြီးကျယ်ကျယ်စကားတွေ ကြွေးကြော် နေသည်ဖြစ်စေ သူတို့ရဲ့လုပ်ဆောင်နေသည့်လုပ်ငန်းတွေသည် အွန်လိုင်းလိမ်လည် မှု၊ မူးယစ်ဆေးဝါးမှု၊ တရားမဝင်မှောင်ခို ဒါတွေကိုပဲလုပ်ဆောင်နေခြင်းဖြစ်တယ် ဆိုတာ ကျွန်တော်တို့အနေနဲ့ ရှင်းလင်းစွာသိရှိရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မလို့ ပြည်ဖျက်သောင်းကြမ်းသူများကို ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင်ရမှာ ဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ပူးပေါင်းပြီး သတင်းရယူခြင်းတွေ ဆောင်ရွက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့အတူ ဒီအကြမ်းဖက်အဖျက်သမားများကို တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းခြေမှုန်းရမှာဖြစ်ပါတယ်။ ဒါသည် နိုင်ငံတော်ကို၊ ပြည်သူလူထု ကို ကာကွယ်စောင့်ရှောက်နေခြင်းပဲဖြစ်ပါတယ်။ အားလုံးကို ကျေးဇူး တင်ပါတယ်။