အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူတစ်ဉီးချင်းမှ အစပြု၍ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးနှင့် မြန်မာ့အားကစားလောကအဆင့် အတန်းတိုး တက်မြင့်မားစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ (ပဥ္စမပတ်) လူထုအားကစားလှုပ် ရှားမှုအထိမ်းအမှတ်စုပေါင်းလမ်းလျှောက်ပွဲကိုယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။
အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြ သည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာ မှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင် နှင့် ဉီးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်စုစုပေါင်း အင်အား ၄၀၀၀ ကျော်ပျော် ပျော်ရွှင်ရွှင် ဖြင့် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြသည်။
ဉီးစွာ စုပေါင်းလမ်းလျှောက်ပွဲကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးမင်းသိန်းဇံ က သေနတ်ပစ်ဖောက် ၍ တာလွှတ်ပေးရာ ပါဝင်ဆင်နွှဲကြသူများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၏ သတ်မှတ် လမ်းကြောင်းများ အတိုင်း ပျော်ပျော်ပါးပါး လမ်းလျှောက်ကာ စုပေါင်းကိုယ်လက်ကြံ့ခိုင် ရေးလေ့ကျင့် ခန်းများ နှင့် Physical Fitness Dance Exercises လေ့ကျင့်ခန်းများကို စုပေါင်းလှုပ်ရှား ဆောင်ရွက်ခဲ့ကြပြီး အားကစားနှင့်ကာယပညာဉီးစီးဌာနမှ တာဝန်ရှိသူ များက ရေသန့် ဘူးနှင့် အာဟာရမုန့်များ ပေးဝေခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဉီးမင်းသိန်းဇံသည် စုပေါင်းလမ်းလျှောက်ပွဲ သို့ ပါဝင်ဆင်နွှဲခဲ့ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင် စုဝန်ကြီးများအား ၂၀၂၃ခုနှစ် ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ပွဲအထိမ်းအမှတ် လက်ဆောင် များပေးအပ်သည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ်စုပေါင်းလမ်း လျှောက်ပွဲများကို ဒီဇင်ဘာလ ၏ အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများအပြင် ဝန်ထမ်းမိသားစုဝင် များပါ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။