မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၌ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများက အကြောင်းမဲ့၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်၍ အမျိုးသား ၂ ဦးသေဆုံး နေပြည်တော်၊ မေ ၁၄

Friday, May 14, 2021 - 14:45

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၌ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများက အကြောင်းမဲ့၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်၍ အမျိုးသား ၂ ဦးသေဆုံး

နေပြည်တော်၊ မေ ၁၄

            မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၌ ယနေ့တွင် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်း သူများက အကြောင်းမဲ့၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်၍ အမျိုးသား ဦး သေဆုံးခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်မှာ ယနေ့ နံနက် ၅ နာရီအချိန်တွင် မြိိုင်မြို့နယ်၊ သမင်ချောက်ကျေးရွာနေ ဦးအောင်မိုး (၃၈)နှစ်()ဦးထွေးရီ၊ မတ္တရာမြို့၊ အမှတ်()ရပ်ကွက်နေ ဦးစိုးသူလွင်()ဂျိုးလေး(၃၁)နှစ် () ဦးမောင်လွင်နှင့် မန္တလေးမြို့၊ တံခွန်တိုင်ရပ်ကွက်နေ ကိုလင်းလင်း()ပေါက်ကြီး(၃၃)နှစ်() ဦးစိုးစိုး တို့()ဦးသည့် Toyota Dyna 2B-9634 ယာဉ်ဖြင့် ဂန့်ဂေါမှ မန္တလေးမြို့သို့ ဂန့်ဂေါ-ထီးလင်း-ကျောက်ထု-ပေါက်-ပခုက္ကူလမ်းကြောင်းအတိုင်း မောင်းနှင်ထွက်ခွာလာစဉ် ဆောမြို့နယ်၊ ကြီးကျေးရွာ နှင့် ထီးလင်းမြို့နယ်၊ ရွှေအောင်သာကျေးရွာကြားသို့ နံနက် ၁၀ နာရီခွဲအချိန်ရောက်ရှိစဉ်တွင် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ အင်အား(၁၀၀)ဦးခန့်မှ လက်နက်ငယ်များ၊ တူမီးသေနတ်များ ကိုင်ဆောင်ကာ လမ်းကြောင်းအား ပိတ်ဆို့၍ ၎င်းတို့ မောင်းနှင် လာသည့် ယာဉ်အား ရပ်တန့်ခိုင်းကာ ၎င်းတို့ ၃ ဦးကို ကားပေါ်မှ ဆင်းခိုင်းပြီး မြေပြင် ပေါ်တွင် ဒူးထောက်ခေါင်းငုံ့စေလျက် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးအောင်မိုးတွင် ရင်အုံနှင့် ယာဘက်ပေါင်တို့တွင် သေနတ်ဒဏ်ရာ ၂ ချက်ဖြင့် လည်းကောင်း၊ ဦးစိုးသူလွင်()ဂျိုးလေးတွင် နောက်ကျောနှင့် ယာလက်မောင်း ဖောက်ဝင်ဒဏ်ရာ ၂ ချက်ဖြင့် လည်းကောင်း ဒဏ်ရာများအသီးသီးရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ကြောင်းနှင့် ယာဉ်၏ ရှေ့ယာဘက်ဘီးအား တူမီးသေနတ်ဖြင့် ပစ်ဖောက်၍ နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူများသည် လမ်းကြောင်းအား ပိတ်ဆို့ထားသည့် နေရာမှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်တွင် လမ်းအားပိတ်ဆို့တားဆီးကာ အပြစ်မဲ့ပြည်သူများအား လူ့အသက်သေဆုံးစေသည် အထိ ရက်စက်စွာပစ်ခတ်သတ်ဖြတ်၍ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။