နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးရုံကြီး ကုတင်(၁၀၀၀) ရှိ အထူးကုသမှုစင်တာ၌ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ

Tuesday, December 26, 2023 - 16:00

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးရုံကြီး ကုတင်(၁၀၀၀) ရှိ အထူးကုသမှုစင်တာ၌ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား သွားရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ ဒီဇင်ဘာ ၂၆

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည်  ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးရုံကြီး ကုတင်(၁၀၀၀)ရှိ အထူးကုသမှုစင်တာသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား လိုက်လံကြည့်ရှုအားပေး စကားပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည်  တပ်မတော်ဆေးရုံကြီး ကုတင်(၁၀၀၀)ရှိ အထူးကုသမှုစင်တာသို့ ရောက်ရှိကြရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် အထူးကုသမှုစင်တာတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား လိုက်လံကြည့်ရှုကာ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု အခြေအနေများ၊ ဆေးဝါးကုသပေးထားမှုအခြေအနေများနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်မှုအခြေအနေများအား ရင်းရင်းနှီးနှီးမေးမြန်းအားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ် နှင့် အဖွဲ့ဝင်များသည် အထူးကုသမှုစင်တာ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် ရဲမေများနှင့် မိသားစုဝင်များအား လိုက်လံကြည့်ရှုကာ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု အခြေအနေများ၊ ဆေးဝါးကုသပေးထားမှုအခြေအနေများနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်မှုအခြေအနေများအား ရင်းရင်းနှီးနှီးမေးမြန်းအားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ် နှင့် အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည် များနှင့် မိသားစုဝင်များအတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံယူခဲ့ကြ သည်။

          အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) သည် ဆေးရုံတွင် တာဝန်ထမ်း ဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ ဆေးရုံအုပ်ကြီးက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။