ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်အတွင်းရှိ လူနေအိမ် များအား KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်း အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရသည်။
ဖြစ်စဉ်မှာ ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်အတွင်းသို့ ယနေ့နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် သမားများ ပူးပေါင်းအဖွဲ့ ရောက်ရှိလာပြီး လူနေအိမ်များအား မီးရှို့ဖျက်ဆီးကာ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ မီးလောင်မှုဖြစ်ပွားရာ နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ၇ နာရီ ၁၅ မိနစ်ခန့်တွင် ရောက်ရှိပြီး မီးငြိမ်းသတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာ နံနက် ၈ နာရီခန့်တွင် မီးငြိမ်း သွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် နေအိမ် ၁၆ လုံး မီးလောင် ပျက်စီးခဲ့ကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်းသိရှိရသည်။
ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများအား အိုးမဲ့အိမ်မဲ့ဖြစ်အောင် နေအိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဒေသခံပြည်သူ များမှ ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။