မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိ နေပြည်တော်၊ မေ ၁၄

Friday, May 14, 2021 - 14:00

မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိ

နေပြည်တော်၊ မေ ၁၄

            လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား  ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိရေးဆောင်ရွက်လျက်ရှိသည်။

            ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် မေလ ၁၃ ရက်နေ့ မွန်းလွဲ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရပ်ရွာအေးချမ်းသာယာရေးအတွက် လှည့်ကင်းဆောင်ရွက်နေစဉ် အဆိုပါကျေးရွာနေ ဇော်ထက် (၃၃)နှစ် () ဦးစံမြင့်ပါ အမျိုးသား ဦးအား လက်လုပ်မိုင်း လုံးစီနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ထွက်ဆိုချက်အရ ညနေ နာရီအချိန်တွင် ကျေးရွာ၏ မြောက်ဘက် ရေဝန်းဘုန်းကြီး ကျောင်းဝင်းအတွင်းမှ တူမီးသေနတ် လက်၊ လက်လုပ်သေနတ် လက်၊ Icon စကားပြောစက် လုံး၊ ကျွဲရိုင်းသံဗူးဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁၀ လုံး၊ ချိန်ကိုက်မိုင်း လုံး အပါအဝင် အကြမ်းဖက်မှုပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်များအား လည်းကောင်း၊ ညနေ နာရီ ၄၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေကြီး(က+)ရပ်ကွက်နေ ဇာနည်ဝင်း()ဇာနည် (၂၀)နှစ် ()ဦးအောင်ထွဋ်၏ အိမ်အတွင်းမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား လည်းကောင်း၊  နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ကံကွေ့ ကျေးရွာနေ မိုးဟိန်းထက် (၃၅)နှစ် ()ဦးဝင်းရှိန်၏ နေအိမ်အတွင်းမှ ၎င်းအား လက်လုပ်လေသေနတ် လက် တို့အားလည်ကောင်း၊   ၁၁ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ အမှတ်()ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းသွယ်()နေ စည်သူအောင် (၃၃)နှစ် () ဦးကိုကြီးနှင့် ဇော်မျိုးထက် (၂၇)နှစ် () ဦးကျင်အုန်းတို့ ဦးတို့အား ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား လည်းကောင်းအသီးသီးတွေ့ရှိဖမ်းဆီး ထိန်းသိမ်းရမိခဲ့ကြောင်း သိရသည်။

            အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များ သိုဝှက်သိမ်းဆည်းထားရှိသူများနှင့် လက်ဝယ်ထားရှိသူအား ဥပဒေနှင့်အညီ ဖော်ထုတ် အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။