မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျုံမှိန်ကျေးရွာသို့ တပ်မတော်မှလက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး ထိမှန်သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာလ - ၂၀

Wednesday, December 20, 2023 - 12:15

          မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ နယ်မြေခံတပ်မှ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညပိုင်းက လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်သော ကျေးရွာများသို့ ပစ်ခတ်ခဲ့မှုကြောင့် ကျုံမှိန်ကျေးရွာသို့ကျရောက်ပြီး အသက် ၂၆ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး ထိမှန်သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

          အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေလုံခြုံရေး တာဝန်ရှိသူတစ်ဦး နှင့် ဒေသခံများ၏ ပြောကြားချက်များအရ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် တပ်မတော်မှ မည်သည့်ပစ်ခတ်မှုမှမရှိခဲ့ဘဲ အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး ပစ်ခတ် မှုများရှိခဲ့ကြောင်း သိရှိရပါသည်။

          တပ်မတော်အနေဖြင့် ပြည်သူများနေထိုင်သော ကျေးရွာများသို့ မည်သည့်အခါမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုမရှိကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit က တပ်မတော်သားများနှင့် ဒေသခံတိုင်းရင်းသားများအကြား အထင်အမြင်လွှဲမှားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်တွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။