နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ယနေ့ နံနက်ပိုင်းတွင် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ရောင်ပစ်ကွင်းကျေးရွာတွင် ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေဖြင့်ဆောင်ရွက်သည့် နွေစပါးစိုက်ဧကများ ဓါတ်မြေဩဇာစု ပေါင်းကြဲပက်ပွဲသို့ တက်ရောက်အားပေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ကျေးရွာ အုပ်ချုပ် ရေးအဖွဲ့များ၊ တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးရိတ်သိမ်းပြီးစီးမှု၊ နွေစပါး စိုက်ပျိုးမှု အခြေအနေများမေးမြန်းခဲ့ပြီး ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်ဆောင် ရွက်နေမှုနှင့် တောင်သူဦးစိုးမင်းအောင်၏ လယ်မြေ ၇.၃၆ဧကနှင့် တောင်သူ ဦးသန်းအောင်၏ လယ်မြေ ၃ ဒသမ ၀၂ဧကတို့တွင် GW-11မျိုးစပါးများအား သဘာဝမြေ ဩဇာနှင့် ဓါတ်မြေဩဇာအချိုးကျ ပေါင်းစပ်၍ စုပေါင်းကြဲပက်နေမှုများကို ကြည့်ရှုအားပေးကာ တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်သည် ကျောင်းကုန်း မြို့နယ်၊ တံခွန်တိုင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ၂၀၂၂- ၂၀၂၃၊ ၂၀၂၃-၂၀၂၄ နှစ်ဆက် ပြည်ထောင်စုဘဏ္ဍာရံပုံ ငွေဖြင့်ဆောင်ရွက်သည့် (၁၃၀ပေ×၃၀ပေ) RCC နှစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေး ပြီး ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမများ ပြည်သူများနှင့် တွေ့ဆုံ၍ တင်ပြချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်း စပ်ဆောင်ရွက်ပေးသည်။
ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် တံခွန် တိုင် ကျေးရွာ၊ စိုက်ပျိုးရေးဦးစီးဌာန၊ နည်းပညာပြန့်ပွားရေးစင်တာ(Knowledge Center) တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောင်းကုန်းမြို့နယ်ဦးစီးမှူး ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်ပေးနေမှုနှင့်၊ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက်( Biometric)ကောက်ယူခြင်းကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူ များထံ ပြုလုပ်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ ဝေမာမြန်မာဆန်စက်လုပ်ငန်း( Wilmar Myanmar Riceland Kyailat Limited )သို့ရောက်ရှိပြီး ဒေသအတွင်းမှ ထွက်ရှိသည့် စပါးများအားပိုမို ဝယ်ယူကြိတ်ခွဲနိုင်စေရေး၊ Contrat Farming စနစ်ဖြင့်တောင်သူများဖြင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်စေရေး မှာကြားပြီး ပေါင်းဆန်ကြိတ်ခွဲထုတ်လုပ်နေမှု၊ စပါး အခြောက်ခံခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ သယ်ယူပို့ဆောင်ရေးဆိပ်ကမ်းများတွင် ဝန်ချီ စက်များ ထားရှိဆောင်ရွက်ထားရှိမှုနှင့် စပါးခွံလောင်စာသုံးဘွိုင်လာစနစ်ဖြင့် လျှပ်စစ် ဓါတ်အား ထုတ်လုပ် လည်ပတ်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။