အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငါးခြောက်များနှင့် ငါးပိကြော်ဘူးများ   ပေးအပ်လှူဒါန်း နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ

Sunday, December 17, 2023 - 15:00

          နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင်  စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်း လျက်ရှိသည်။

          ယနေ့တွင်လည်း အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငါးခြောက် ၂၀၀ ပိဿာနှင့် ငါးပိကြော် ၂၀၀၀ ဘူးတို့အား  ပေးအပ်လှူဒါန်းကြသည်။

အဆိုပါ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက လှူဒါန်းသည့် ငါးခြောက်များနှင့် ငါးပိကြော်ဘူးများကို ပုသိမ်မြို့မှတစ်ဆင့် လားရှိုးမြို့သို့ တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်ပေးရာ လေဆိပ်တွင် တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြကြောင်း သတင်ရရှိသည်။